BREAKING
March 4, 2025

ရုပ်သံသတင်း

ကျဆုံးသူများအတွက် ဆုတောင်း

diz_admin

May 29, 2021

ဒီမိုကရေစီ အရေးတော်ပုံကာလအတွင်း ကျဆုံးခဲ့ရသူများအား ရည်မှန်း၍ ထားဝယ်မြို့ကြက်စားပြင်ရပ်ကွက်တွင် မေလ ၂၈ ရက်ညက ‌ဖ‌ယောင်းတိုင်မီးထွန်း ဆုတောင်းခဲ့ကြပါတယ်။ ဒါ့အပြင် ဝဲကျွန်း ရပ်ကွက်နေ ပြည်သူတွေကလည်း ကျဆုံးခဲ့ရသူတွေအတွက် ရည်စူးပြီး ဝတ်ရွတ်ဆုတောင်းခဲ့ကြပါတယ်။

ထားဝယ်တပ်ပေါင်းစုသပိတ်စစ်ကြောင်း

diz_admin

May 28, 2021

တပ်ပေါင်းစုသပိတ်စစ်ကြောင်းနှင့် လူငယ်ရေးရာ သပိတ်စစ်ကြောင်းသည် မေလ ၂၈ ရက် အာရုံဦးတွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဒီမိုကရေစီအရေးလှုပ်ရှားမှုတွင် ကျဆုံးခဲ့ကြသောသူရဲကောင်းများအား အောက်မေ့သတိရသောအားဖြင့် လွမ်းသူ့ပန်းခွေ၊ ပန်းစည်းများနှင့် သွားရောက်အလေးပြုကာ စစ်ကြောင်းကို ချီတက်ခဲ့ကြပါတယ်။

လောင်းလုံးတောင်ပိုင်း ညနေသပိတ်

diz_admin

May 28, 2021

ထားဝယ်ခရိုင်၊ လောင်းလုံးမြိုတယ်ထဲက ဂေါ့အင်း၊ အောက်ကျောက်ဝပ် စသည့်ကျေးရွာများသည် မေလ ၂၈ ရက်နေ့ ညနေပိုင်းနှင့် ညပိုင်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့သည်။

ကံပေါက်ဒေသရဲ့ ၁၀၉ ရက်မြောက်သပိတ်

diz_admin

May 27, 2021

ရေဖြူမြို့နယ် ကံပေါက်ဒေသခံမှာ ၁၀၉ ရက်မြောက် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲကို မေလ ၂၇ ရက် မနက်က ပြုလုပ်ခဲ့ပါတယ်။

ပုံသဏ္ဍန်နဲ့ နေရာတွေ မတူတဲ့ ညင်းမော်ရွာသပိတ်

diz_admin

May 27, 2021

လောင်းလုံးမြို့နယ် ညင်းမော်ရွာသပိတ်စစ်ကြောင်းဟာ မေလ ၂၆ ရက် ညနေကနေ ဒီနေ့မနက်အထိ နေရာ‌ပေါင်းစုံ မှာ ပုံစံအမျိုးမျိုးနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ‌ခဲ့ပါတယ်။ ဘောလုံးကန်ရင်း၊ ဈေးရောင်းရင်းဆန္ဒပြခဲ့သလို လမ်းမပေါ်လည်း ချီတက်ဆန္ဒပြခဲ့တာပါ။