BREAKING
September 7, 2024

ရုပ်ရှင်အညွှန်း

တရားမျှတမှု ပျောက်ဆုံးသွားခဲ့ရတဲ့ အမေရိကန်က အမှုတစ်ခု (သို့မဟုတ်) Devil’s Knot

Dawei Watch

May 17, 2023

ဒီဖြစ်စဉ်ဟာ တကယ်ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်ပါ။ အမေရိကန်ပြည်ထောင်စုလို နေရာမှာ ဖြစ်ခဲ့တာပါ။ ပြောရင် ယုံမှာတောင် မဟုတ်ပါဘူး။ ဒါဟာ တကယ်ကို ဖြစ်ခဲ့တယ်၊ အာကန်ဆတ်စ်မှာ ဖြစ်ခဲ့တယ်လို့တောင် အလေးအနက် ပြောရမလိုပါပဲ။ အခု ဒီဘက်ခေတ်ထဲမှာတောင် အင်္ကျီအနက်ဝတ်ရင် ဘာဖြစ်တယ်၊ တက်တူးထိုးထားတဲ့သူဆိုရင် မကောင်းတာလုပ်မယ့်သူလို့ မှတ်ထင်ယူဆပြီး အထင်သေး အမြင်သေးရှုမြင်ကြတယ်၊ ဆံပင်ရှည်ထားရင် လမ်းသရဲထင်တယ်ဆိုတဲ့ ရှေးရိုးစွဲအယူအဆတွေ ရှိနေဆဲပါပဲ။ ကလေး သုံးယောက် အသတ်ခံလိုက်ရတယ်၊ တရားခံ ရှာတော့ တိတိပပ ဘာအထောက်အထားမှ မရှိဘဲ လူငယ်သုံးယောက်ကို ဖမ်းတယ်၊ တစ်ယောက်ကို သေဒဏ်၊ တစ်ယောက်ကို တစ်ကျွန်းနဲ့ နောက်ထပ်ထောင်ဒဏ် နှစ် ၂၀ အပြစ်ပေးတယ်။ ရဲတွေဟာ မဟုတ်တန်းလျား သက်သေတွေနဲ့ ဒီအမှုကို တည်ဆောက်ပြီး သူတို့ တရားခံဖော်ထုတ်နိုင်ပါတယ်လို့ ပြခဲ့ကြတယ်။ […]

အာဏာရှိသူတွေ လက်တစ်လုံးခြားလုပ်ရင် သူရဲကောင်းတွေ ပေါ်ထွက်လာရစမြဲ

diz_admin

April 28, 2023

ဒီတစ်ပတ်မှာလည်း လူအများကြည့်ရှုပြီးသားဖြစ်နေနိုင်တဲ့ ဇာတ်ကားတစ်ကားကို Dawei Watch က ပုံစံသစ်နဲ့ ပြန်ညွှန်းလိုက်ပါတယ်။ ဇာတ်ကားထဲက နိုင်ငံရေးသမားတွေရဲ့နိုင်ငံရေးလုပ်စားပုံတွေ၊ သူတို့ ကောင်းစားဖို့အတွက် အောက်ခြေက ကိုယ့်ရဲဘော်ကို ကိုယ်တိုင် ရှင်းလင်းရေးလုပ်ပုံတွေ၊ သေကံမရောက် သက်မပျောက်ဖြစ်ခဲ့တာကိုတောင် ပြန်လည်အကွက်ချပြီး သေတွင်းထဲ တွန်းပို့တာတွေက ဒီဇာတ်ကားရဲ့အသက်ပါပဲ။ တစ်ယောက်ယောက်က မတူညီတာတွေကို လုပ်ပြလာနိုင်ရင် မင်းက သူ့ကို အပြတ်ရှင်းဖို့ လုပ်မလား ဒါမှမဟုတ် ကိုယ့်ဘက်ပါလာအောင် စည်းရုံးသိမ်းသွင်းလိုက်မလား။ အဲ့ဒါ ဒီမိုကရေစီရဲ့ပတ်သက်ပြီး အငြင်းအခုံဖြစ်ရတာတွေပဲကွဆိုတဲ့ ဒီဇာတ်ကားထဲက ဒိုင်ယာလော့ဂ်မှာ တွေးစရာတွေ အများကြီးပါလို့ နေပါတယ်။ အက်ရှင်ဇာတ်ကားတစ်ကားကို ဉာဏ်တံခါးဖွင့်ပြီး ပြန်ကြည့်ရတာမျိုးပါပဲ။ ဒီတစ်ပတ်မှာ Dawei Watch ညွှန်းမယ့်ဇာတ်ကားက Shooter ဖြစ်ပါတယ်။ အာဏာရှိသူတွေ လက်တစ်လုံးခြားလုပ်ရင် ဘယ်လောက်ကြောက်စရာကောင်းသလဲ၊ ဘယ်လောက်အထိ အကွက်ချလုပ်တတ်သလဲကို ဒီဇာတ်ကားထဲမှာ […]

ရဲရင့်နှလုံးသား Brave Heart ဟာ မြန်မာပြည်မှာတော့ နွေဦးဖြစ်သွားခဲ့လေတယ်

diz_admin

April 13, 2023

Dawei Watch ရဲ့ခံစားသက်ဝင် ရုပ်ရှင်အစီအစဉ်မှာ ဒုတိယမြောက်ရွေးချယ်ထားတဲ့ဇာတ်ကားကတော့ Brave Heart ပါပဲ။ ဒီအချိန် ဒီကာလမှာ ဒီဇာတ်ကားက တစ်ခုခုသောခံစားချက်ကို ပရိသတ်တွေအတွက် မမေ့နိုင်အောင် ချန်ထားရစ်ခဲ့မှာ သေချာလို့နေပါတယ်။ ကိုယ်တိုင် မခံစားဖူးရင် တချို့အဖြစ်အပျက်တွေက တကယ်ပဲ မဟုတ်သလိုလို လူတွေက ခံစားတတ်လေ့ရှိပါတယ်။ ဒါကြောင့်လည်း မယုံဘူး၊ ကြုံဖူးမှ ယုံတယ်ကွယ်လို့ ကဗျာစာချိုး ထွက်ပေါ်ခဲ့တာပါ။ ဒီဇာတ်ကားရဲ့ရုပ်ရှင်ပိုစတာမှာ မှတ်သားလောက်စရာ စာသေးလေးတစ်ခု ပါရှိပါတယ်။ What kind of a man defied a King? ပါတဲ့။ အဓိပ္ပါယ် ပြန်ဆိုလိုက်မယ်ဆိုရင် ဘယ်လိုလူစားမျိုးကို ဘုရင်လို့ ခေါ်ဝေါ်ပါသလဲ ပေါ့လေ။ ဟိုး….တောရွာနပုဒ်လေးထဲက ဆာဝီလျံဝေါလေ့စ် အဖြစ်နဲ့ အသက်ကို ပေးသွားခဲ့သူလား ဒါမှမဟုတ် စကော့တလန်ထီးနန်းထက်က […]

ချိုသောမုသား (သို့မဟုတ်) အမေ့လျော့ခံ အညတြသူရဲကောင်း (သို့မဟုတ်) Jakob the Liar

diz_admin

March 30, 2023

သေနတ်ကိုင်ထားပြီး အာဏာကိုလည်း စိုးပိုင်ထားတဲ့သူဟာ ရယ်သံတစ်ခုကို ကြောက်ရွံ့တုန်လှုပ်ခဲ့ပါတယ်။ ယေးကော့ဘ် ဟာ ဂျူးလူမျိုး အညတြလေးတစ်ယောက်ပါ။ ဒါပေမဲ့ ထိန်းသိမ်းရေးစခန်းထဲက ဂျူးတွေအတွက် မျှော်လင့်ချက်တစ်ခုကို သူ့အသက်နဲ့ရင်းပြီး ယေးဘော့ဘ်က ထွန်းညှိပေးသွားခဲ့ပါတယ်။ မြန်မာ့နွေဦးမှာရော အဲ့ဒီလို အမေ့လျော့ခံ သူရဲကောင်းတွေ၊ လူမသိ သူမသိလိုက်ဘဲ ကိုယ့်ရွာ၊ ကိုယ့်နယ်၊ ကိုယ့်ဒေသအတွက် အသက်ရင်းပေးခဲ့သူတွေ ဘယ်လောက်များနေခဲ့ပြီလဲ။ ဇာတ်ကားတစ်ကားဟာ တွေးစရာပေါင်းများစွာကို ချန်ထားပေးရစ်ခဲ့ပါတယ်။ Dawei Watch ရဲ့ခံစားသက်ဝင် ရုပ်ရှင်အစီအစဉ်အတွက် ကန့်လန့်ကာအဖွင့်မှာ သေနတ်ကိုင်ထားသူကို ရယ်သံနဲ့တင် တုန်လှုပ်သွားစေခဲသူ Jakob the Liar ကို တင်ဆက်ပေးလိုက်ပါတယ်။