BREAKING
December 22, 2024

ဓလေ့ သမိုင်းပေါ့ကပ်

မြိတ်မြို့က အလွမ်းရောင်သက် ဇေတဝန်

Dawei Watch

January 15, 2023

မြိတ်မြို့နားမှာရှိပြီး ရေလမ်း၊ ကုန်းလမ်းတို့နဲ့ သွားရောက်ဖူးမြှော်လေ့လာနိုင်တဲ့ သမိုင်းဝင် ‘ဇေတဝန်စေတီ’ နဲ့ ‘ဇေတဝန်တောင်’ အကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။ လှပတဲ့ ရှုမျှော်ခင်းတွေကို ခံစားကြည့်ရှုရင်း ရှေးဟောင်းသမိုင်းဝင် စေတီတစ်ဆူကိုလည်း လေ့လာနိုင်ဦးမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ပတ်ရဲ့ ‘ဓလေ့ သမိုင်း’ အစီအစဉ်မှာ ရွေးချယ်တင်ဆက်ပေးလိုက်ရပါတယ်။

ထောင့်ကွယ် မြို့ဟောင်း

Dawei Watch

January 8, 2023

‘ပုဂံက နရပတိစည်သူမင်းဟာ တနင်္သာရီကို တိုက်ခိုက်ပြီးအပြန် ထားဝယ်ကျွန်းဆွယ် အနောက်ဘက် ပင်လယ်ကမ်းခြေမှာ ခေတ္တဝင်နေပြီး ထောင့်ကွယ် ဆိုတဲ့မြို့ကို တည်ခဲ့တယ်။ ဒီထောင့်ကွယ် ကနေ ထားဝယ်ဖြစ်တယ်’ လို့ဆိုထားပါတယ်။ဒီအပတ် ‘ဓလေ့ သမိုင်း’ အစီအစဉ်မှာ စိတ်ဝင်စားဖွယ်ကောင်းတဲ့ ထောင့်ကွယ် မြို့ဟောင်းအကြောင်း တင်ဆက်လိုက်ပါတယ်။

ထားဝယ်နယ်သား မီးပုံးပျံ ဦးကျော်ရင်ဆိုတာ

Dawei Watch

January 1, 2023

မီးပုံးပျံ ဦးကျော်ရင်လို့ ပြောလိုက်ရင် မသိသူမရှိကြပါဘူး။ ဒါပေမဲ့ ကျောင်းဖတ်စာအုပ်ထဲ ပါသလောက်ထဲကမှ အနည်းအကျဉ်းလောက်သာ မှတ်မိနေကြတာပါ။ တစ်ကယ်တော့ မြိတ်အရေးပိုင် ကမ္ဘာကျော် စာရေးဆရာကြီး မောရစ်ကောလစ် ( Maurice Collis ) ကတောင် မီးပုံပျံစီး မြန်မာသူရဲကောင်း ထားဝယ်နယ်သား ဦးကျော်ရင်အကြောင်း ကိုယ်တွေ့မှတ်တမ်းတင်ခဲ့တဲ့အထိ နာမည်ကျော်သူဖြစ်ပါတယ်။ ၁၉၃၄ ခုနှစ်က မြိတ်မြို့မှာ ဦးကျော်ရင် မီးပုံပျံ စီးပြသွားတာကို မြိတ်အရေးပိုင် မောရစ်ကောလစ်က သူ့မှတ်တမ်းမှာ ထည့်ရေးထားပါတယ်။ ဂုဏ်ယူဖွယ်ကောင်းတဲ့ မြန်မာသူရဲကောင်း မီးပုံးပျံဦးကျော်ရင်အကြောင်းကို Dawei Watch ရဲ့ ‘ဓလေ့ သမိုင်း’ အစီအစဉ်မှာ တင်ဆက်လိုက်ရပါတယ်။

ကော့သောင်းက ဘုရားဌာန်

Dawei Watch

December 25, 2022

သဘာဝကျောက်ဂူတွေကို စိတ်ဝင်စားသူတွေအတွက် မဖြစ်မနေသွားသင့်တဲ့ ဘုရားဌာန်တောင်က မြန်မာနိုင်ငံတောင်ဘက်စွန်းက ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်မှာ ရှိနေတာပါ။ ဘုရားဌာန်တောင်က ကျောက်ဂူတွေမှာ ခေတ်လက်ရာ အမျိုးမျိုးရှိတဲ့ ဗုဒ္ဓရုပ်ပွားတော်တွေကိုလည်း လေ့လာဖူးမျှော်နိုင်ပါသေးတယ်။ ဒါကြောင့် ရှေးဟောင်းသမိုင်း အထောက်အထားတွေ တွေ့မြင့်နိုင်တဲ့ ကော့သောင်းက ဘုရားဌာန်ဒေသ အကြောင်း တင်ဆက်လိုက်ရပါတယ်။

ထားဝယ်မြို့က ရွှေကျောင်းကြီး

Dawei Watch

December 18, 2022

သမိုင်းဝင်ရွှေကျောင်းကြီး ထားဝယ်မြို့မှာရှိတယ်ဆိုတာ မသိတဲ့သူတွေရှိသလို သိသူတွေကလည်း ထဲထဲဝင်ဝင် မရှိလှပါဘူး။ ထဲထဲဝင်ဝင် သိပါတယ်ဆိုတဲ့သူ အတော်နည်းနိုင်ပါတယ်။ ဒါကြောင့် ဒီလိုရှေးဟောင်းသမိုင်းဝင်ရွှေကျောင်းကြီး အကြောင်းကို သိရှိစေဖို့ Dawei Watch ရဲ့ ‘ဓလေ့ သမိုင်း’ အစီအစဉ်ကနေ တင်ဆက်လိုက်ပါတယ်။

‘ရှင်ကိုးရှင်’ အကြောင်းကို သမိုင်းရှုထောင်မှ ရဲရဲတင်းတင်း တင်ပြခြင်း

Dawei Watch

December 11, 2022

‘ရှင်ကိုးရှင်’ ဆိုတာ ဘယ်အချိန်ကစပေါ်တာလဲ၊ ဘာကြောင့်ပေါ်လာတာလဲ၊ ‘ရှင်ကိုးရှင်’ ပေါ်လာတဲ့အတွက် ဘယ်သူတွေ အကျိုးရှိနေလဲ၊ ဘာတွေဆုံးရှုံးသွားရလဲ ဆိုတာကို သမိုင်းရှုထောင်မှ ရဲရဲတင်းတင်း တင်ပြထားတာကို နားဆင်နိုင်ပါပြီ။

တိုင်းကိုသာသိပြီး မြို့ကိုမသိသော “မြို့”

Dawei Watch

December 4, 2022

တနင်္သာရီကို လူတိုင်းသိပေမယ့် တိုင်းအနေနဲ့သာ သိကြပါတယ်။ တနင်္သာရီမြို့ဆိုရင် လူတော်တော်များများက ကြောင်တောင်တောင် ဖြစ်သွားတတ်ပါတယ်။ ဒီအပတ် Dawei Watch ရဲ့ ‘ဓလေ့ သမိုင်း’ အစီအစဉ်မှာ ရှေးဟောင်းအမွေအနှစ် ယဉ်ကျေးမှုများစွာ၊ သမိုင်းကြောင်း မြောက်မြားစွာဖြင့် လှပနေတဲ့ တနင်္သာရီမြို့ အကြောင်းကို တင်ဆက်လိုက်ပါတယ်။ တနင်္သာရီတိုင်းရဲ့ ခမ်းနားလှတဲ့ သမိုင်းဖြစ်ရပ်များ၊ ဓလေ့များကို တင်ဆက်ပေးနေတဲ့ ဒီအစီအစဉ်လေးကို ပိုမိုကောင်းမွန်ဖို့ အကြံပြုချက်တွေကို ပေးပို့ကြဖို့လည်း ဖိတ်ခေါ်လိုက်ပါတယ်။ ဒီအစီအစဉ်လေးကို တောင်းပိုင်းသားတွေ ပိုမိုသိရှိဖို့ကို မျှဝေပေးကြပါလို့လည်း တိုက်တွန်းလိုက်ပါတယ်။

မြိတ်မြို့ရဲ့ မူလနာမည် ဘာလဲ

Dawei Watch

November 27, 2022

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ ‘ဓလေ့ သမိုင်း’ အစီအစဉ် တင်ဆက်ဖို့ အချိန်ရောက်ရှိလာပြန်ပါပြီ။ ဒီတစ်ပတ်အစီအစဉ်မှာတော့ လှပပြီး စိတ်ဝင်စားဖွယ် သဘာဝနေရာများစွာ ရှိနေတဲ့ နာမည်ကျော် မြိတ်မြို့ဖြစ်ပေါ်လာပုံအကြောင်းကို တင်ဆက်ထားပါတယ်။