BREAKING
December 22, 2024

ဓလေ့ သမိုင်းပေါ့ကပ်

မြိတ်မြို့မှ သင်္ချိုင်းစာနှင့် ဆင်မြူရယ်ဝှိုက်

Dawei Watch

March 12, 2023

၁၉၇၇ ခုနှစ် ဆရာကြီးမြသန်းတင့်တို့ မြိတ်ကိုရောက်စဉ် ကမ်းနားလမ်းမှ ပန်းခြံလေး၏ ထောင့်တစ်နေရာတွင် မေရီပိုဗေး၏ သင်္ချိုင်းစာက သောက်ရေအိုးစင်၏ အောက်ခံခုံလေးအဖြစ်ကို ရောက်ရှိနေပြီဖြစ်သည်။ တနင်္သာရီတိုင်း၏ ရှေးဟောင်းသမိုင်းနေရာများနှင့် တန်ဖိုးထားမြတ်နိုးဖွယ် ရိုးရာဓလေ့များအကြောင်းကို Dawei Watch မီဒီယာက အပတ်စဉ် ပုံမှန်တင်ဆက်ပေးနေပါသည်။

ဘီအိုင်အေ ကော့သောင်း ရောက်စဉ်က

Dawei Watch

March 5, 2023

ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ရဲဘော်သုံးကျိပ်ဝင် တပ်မှူးတွေ ယိုးဒယားကနေ မြန်မာနိုင်ငံကို ဖာပွန်၊ မော်လမြိုင်၊ ထားဝယ်၊ မြိတ်စတဲ့ စစ်ကြောင်းကြီး ၄ ကြောင်းခွဲပြီး ဝင်ရောက်ခဲ့ကြပါတယ်။ ဘီအိုင်အေ အဖွဲ့ကော့သောင်း ရောက်စဉ်က အခြေအနေတွေကို သမိုင်းမှတ်တမ်းအဖြစ် ယခုအပတ် ‘ဓလေ့ သမိုင်း’ အစီအစဉ်မှာ ဖော်ပြပေးလိုက်ပါတယ်။

မြိတ်ဓလေ့ ကွမ်းမာအုပ်စောင့် မင်္ဂလာ

Dawei Watch

February 26, 2023

မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးများတွင် ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်ဓလေ့များစွာရှိသည်။ ရိုးရာဓလေ့များမှာ စိတ်ဝင်စားဖွယ်ကောင်းလှပြီး မြတ်နိုးတန်ဖိုးထားဖွယ်များဖြစ်သည်။ သို့သော် မြို့ပြယဉ်ကျေးမှု လွှမ်းမိုးလာသည်နှင့်အမျှ ရိုးရာဓလေ့ အတော်များများမှာ ပျောက်ကွယ်နေပြီဖြစ်သည်။ မြိတ်ဒေသတွင်လည်း စိတ်ဝင်စားဖွယ် ရိုးရာဓလေ့များစွာရှိပြီး ယင်းဓလေ့များထဲမှ ပျောက်ကွယ်လုနီးပါး ဖြစ်နေသည့် ကွမ်းမာအုပ်စောင့် မင်္ဂလာအကြောင်းကို ယခုအပတ် Dawei Watch ‘ဓလေ့ သမိုင်း’ အစီအစဉ်တွင် ဖော်ပြလိုက်ပါသည်။

ထားဝယ်ဒေသရှိ ဂဝံယဉ်ကျေးမှု

Dawei Watch

February 19, 2023

ဂဝံရုပ်ထုတွေ၊ ဂဝံကျောက်ထီးတွေ၊ ဂဝံဆင်းတုတော်တွေ စသဖြင့် တွေ့ရှိရတဲ့ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ထဲက ဂဝံယဉ်ကျေးမှုအကြောင်းကို စိတ်ဝင်စားဖွယ် တင်ဆက်ထားပါတယ်။ Dawei Watch မီဒီယာရဲ့ ‘ဓလေ့ သမိုင်း’ အစီအစဉ်မှာ တနင်္သာရီတိုင်းက သမိုင်းဝင်အကြောင်းအရာတွေနဲ့ ဓလေ့တွေအကြောင်းကို အပတ်စဉ်ပုံမှန်တင်ဆက်ပေးနေတာ ဖြစ်ပါတယ်။

အတိတ်က ရွာဦးကျောင်း

Dawei Watch

February 12, 2023

လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်ကျော် အတိတ်မှာကား ဤသို့မဟုတ်။ ရွာဦးကျောင်းသည် ရွာကလေး၏ အသည်းနှလုံးဖြစ်ခဲ့သည်။ နွေလကာလများသို့ရောက်လျှင် စာသင်ကျောင်းများ ပိတ်ကြရာ ကျွန်တော်သည် ဘုန်းကြီးကျောင်း၌ ဗုဒ္ဓဘာသာဆိုင်ရာ သိမှတ်ဖွယ်များသင်ယူခြင်း၊ ဆရာတော်နှင့်တကွ သံဃာတော်များ၏ ဝတ်ဖြည့်ခြင်းဖြင့် အချိန်ကုန်လေ့ရှိသည်။ ယခုအပတ် ‘ဓလေ့ သမိုင်း’ အစီအစဉ်တွင် တန်ဖိုးထားမြတ်နိုးဖွယ်ရာ ‘ရွာဦးကျောင်း’ အကြောင်းကို တင်ဆက်ပေးလိုက်ပါသည်။

အလွန်ရှေးကျတဲ့ သာဂရမြို့ဟောင်း

Dawei Watch

February 5, 2023

သာဂရမြို့ဟောင်းရဲ့ သက်တမ်းက အေဒီ ၈ ရာစုထက်စောနိုင်တဲ့ အထောက်အထားတွေ အများကြီးရှိနေပါတယ်။ သာဂရမြို့ဟောင်းနဲ့ ပတ်သက်တဲ့ လေ့လာတွေ့ရှိချက်တွေကို တင်ဆက်ပေးလိုက်ပါတယ်။

၃ ကြိမ်တည်ထောင်ခဲ့တဲ့ သာဂရမြို့ဟောင်း

Dawei Watch

January 28, 2023

ဥသြစည်ဆိုတဲ့အတွက် သက္ကရာဇ် ၁၁၃ ခုနှစ် (ခရစ်နှစ်အရ ၇၅၁) မှာ ပထမအကြိမ်တည်ခဲ့တာပါ။ ဒါကြောင့် ပုဂံထက်စောတယ်လို့ သတ်မှတ်လို့ရပါတယ်။ ဒီလိုသမိုင်းဝင် သာဂရမြို့ဟောင်းအကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။

လောင်းလုံးမြို့နယ်ထဲက သာဂရမြို့ဟောင်း

Dawei Watch

January 22, 2023

ဆရာကြီးဒေါက်တာသန်းထွန်းက ထားဝယ်(သာဂရ)မြို့ရိုးတွေကို လေ့လာကြည့်ရင် အခြားမြို့တွေနဲ့ ပြောင်းပြန်ဖြစ်နေတယ်။ သာဂရမြို့ဟောင်းရဲ့ အပြင်မြို့ရိုးတွေက အတွင်းမြို့ရိုးထက်ပိုရှေးကျတယ် လိုဆိုပါတယ်။ စိတ်ဝင်စားဖွယ် အချက်အလက်များစွာကို ဖော်ထုတ်တင်ပြထားတဲ့ သာဂရမြို့ဟောင်း အကြောင်းကို တင်ဆက်လိုက်ပါတယ်။