BREAKING
December 22, 2024

ဓလေ့ သမိုင်းပေါ့ကပ်

ထားဝယ်သူ ဆင်ဖြူမလေးနဲ့ ဆင်ဖြူမရှင် မိဘုရားကြီး

Dawei Watch

May 7, 2023

ရတနာပုံခေတ်မှာ မင်းတုန်းမင်းတရားကြီးထံကို ထားဝယ်နယ်ကနေ ဆင်ဖြူတော်တစ်စင်း ဆက်သဖူးပါတယ်။ ဒီထားဝယ်နယ်က ရတနာဆင်ဖြူတော်မလေးနဲ့ ဆင်ဖြူမရှင် မိဘုရားကြီးတို့ အကြောင်းကို သမိုင်းရှုထောင့်ကနေ စိတ်ဝင်စားဖွယ်တင်ပြလိုက်ပါတယ်။ တနင်္သာရီတိုင်းရဲ့ ခမ်းနားလှတဲ့ သမိုင်းတွေ၊ ဓလေ့တွေကို ပုံမှန်ဖော်ပြနေတဲ့ Dawei Watch ရဲ့ ‘ဓလေ့၊သမိုင်း’ အစီအစဉ်ကို လူအများပိုမိုသိရှိစေဖို့ မျှဝေပေးကြပါဦး။ ဒါ့အပြင် ပိုမိုကောင်းမွန်တဲ့ အစီအစဉ်တစ်ခု ဖြစ်လာစေဖို့ ပရိသတ်တွေရဲ့ အကြံပြုချက်တွေကိုလည်း စောင့်မျှော်နေပါတယ်။

ယောနဲ့ ထားဝယ်က ဆွေမျိုးတွေလား

Dawei Watch

April 30, 2023

ထားဝယ်သားတွေကို ယောနယ်သားတွေနဲ့ မှားလေ့ရှိကြပါတယ်။ ဘာကြောင့် ဒီလိုဖြစ်တာပါလဲ။ ယောစကားအချို့နဲ့ ထားဝယ်စကားအချို့ တူနေတာကလည်း စိတ်ဝင်စားဖွယ်ကောင်းလှပါတယ်။ Dawei Watch ပရိသတ်တွေကကော ဘယ်လိုထင်ပါသလဲ။ ယောနယ်ကလားလို့ အမေးခံရတာမျိုးကော ကြုံဖူးကြပါသလား။ ဒီတစ်ပတ် ‘ဓလေ့ သမိုင်း’ အစီအစည်မှတော့ ယောနဲ့ ထားဝယ်ဆက်စပ်ပုံတွေကို ရှာဖွေတင်ပြထားပါတယ်။ နားဆင်လေ့လာရင်း ကိုယ့်ရဲ့အမြင်တွေကိုလည်း ဆွေးနွေးခဲ့စေချင်ပါတယ်။

ထားဝယ်မင်းသမီးတည်ခဲ့တဲ့ ရေးမြို့

Dawei Watch

April 23, 2023

မွန်ပြည်နယ် ရေးမြို့ကို ထားဝယ်မင်းသမီး မာယာဒေဝီက တည်ထောင်ခဲ့တာပါ။ ရေးမြို့ဟာ မြို့တည်ပြီးတိုင်း ပြန်ပျက်သွားလို့ ခြောက်ကြိမ်တိုင်တိုင် တည်ခဲ့ရတဲ့မြို့လည်းဖြစ်ပါတယ်။ ရေးမြို့ကို ထားဝယ်မင်းသမီး တည်ထောင်ခဲ့တယ်ဆိုတာက ထားဝယ်တွေဟာ လွန်ခဲ့ နှစ်ပေါင်း ၁၃၀၀ ခန့်ကပင် ရှိနေတယ်ဆိုတာကိုလည်း သက်သေပြနေတာလည်း ဖြစ်ပါတယ်။ Dawei Watch မီဒီယာရဲ့ ဓလေ့သမိုင်း အစီအစဉ်မှာ တနင်္သာရီတိုင်းက သမိုင်းဝင်အကြောင်းအရာတွေနဲ့ ဓလေ့တွေအကြောင်းကို အပတ်စဉ်ပုံမှန်တင်ဆက်ပေးနေတာဖြစ်ပါတယ်။

ထားဝယ်မြို့ကို ဘယ်လိုတည်ခဲ့တာလဲ

Dawei Watch

April 16, 2023

မြို့စား မင်းနဲလှ သာဂရမြို့မှ ပြောင်းရွှေ့ပြီး ထားဝယ်မြစ်အရှေ့ဘက်ခြမ်းမှာ ထားဝယ်မြို့ကို သာယာဝတီဆိုတဲ့ မြို့အမည်နဲ့ တည်ခဲ့တာပါ။ ထားဝယ်မြို့ကို သာယာဝတီဆိုတဲ့ အမည်နဲ့ ဘာကြောင့် တည်ခဲ့တာပါလဲ။ အဲဒီကနေ ထားဝယ်ဆိုတဲ့အမည်နဲ့ ဘယ်လိုရှင်သန်လာခဲ့တာလဲဆိုတဲ့အကြောင်း တင်ဆက်ပေးထားပါတယ်။ Dawei Watch မီဒီယာရဲ့ ‘ဓလေ့သမိုင်း’ အစီအစဉ်မှာ တနင်္သာရီတိုင်းက သမိုင်းဝင်အကြောင်းအရာတွေနဲ့ ဓလေ့တွေအကြောင်းကို အပတ်စဉ်ပုံမှန်တင်ဆက်ပေးနေတာဖြစ်ပါတယ်။

သင်္ကြန်နဲ့ ထားဝယ်ရိုးရာ ရေးဇီမှန်း

Dawei Watch

April 9, 2023

အတာသင်္ကြန်ကာလ ရောက်ပြီဆိုတာနဲ့ သင်္ကြန်ထမင်းလို့ခေါ်ကြတဲ့ ထားဝယ်ရိုးရာ ရေးဇီမှန်းကို သတိရကြပါတယ်။ အရင်ခေတ်က သင်္ကြန်ကျပြီဆိုရင် ရေးဇီမှန်းကို အကြီးအကျယ်လှူဒါန်းလေ့ ရှိကြပါတယ်။ ထားဝယ်ရိုးရာ ဓလေ့တွေထဲက ရေးဇီမှန်းလုပ် လှူတဲ့ဓလေ့မှာ တစ်ချိန်တုန်းကတော့ လူသိများ ထင်ရှားလှပါတယ်။ မြန်မာနိုင်ငံ တောင်ပိုင်းက ‘ဓလေ့ သမိုင်း’ တွေကို Dawei Watch မီဒီယာက ပုံမှန်တင်ဆက်ပေးနေပါတယ်။ ဒီအစီအစဉ်ကို Dawei Watch ရဲ့ YouTube မှာ ကြည့်ရှုနိုင်ပါပြီ။

ပုလော ကုလားကျားပွဲနှင့် အိန္ဒိယ ပူလီ ကာလီပွဲ

Dawei Watch

April 2, 2023

ကုလားကျားပွဲကို ၁၉၂၁ ခုနှစ်တွင် ပုလောမြို့၌ စတင်ကပြခဲ့ကြသည်။ ပုလောတွင် ကပြသည့် ကျားအကမှာ မြိတ်မြို့မှ ဂေါ်ရင်ဂျီကုလားများကသည့် အကနှင့်ဆင်တူသဖြင့် မြိတ်မှတစ်ဆင့် ပုလောသို့ရောက်လာသည်ဟု ယူဆကြသည်။ ယင်းကုလားကျားအကမှာ ယခုအခါတွင် တနင်္သာရီ၊ ပုလောနှင့် မြိတ် ၃ မြို့တွင်သာ ဆက်လက်ကပြ ကြတော့သည်။ တနင်္သာရီတိုင်း၏ အဖိုးတန်လှသော ရိုးရာဓလေ့များနှင့် သမိုင်းအချက်အလက်များကို ဖော်ပြနေသည့် ‘ဓလေ့ သမိုင်း’ အစီအစဉ်ကို တင်ဆက်လိုက်ပါသည်။ တောင်ပိုင်းသားတို့၏ ရိုးရာဓလေ့နှင့် သမိုင်းများကို Dawei Watch ၏ YouTube တွင်လည်း တစ်စုတစ်စည်းတည်း ရှာဖွေကြည့်ရှုနိုင်ပါပြီ။

တံခါးပေါက်များနဲ့ နေပြည်တော်

Dawei Watch

March 26, 2023

ထားဝယ် သာဂရမြို့ဟောင်းကို ခရစ် ၇၅၁ ခုလို့ တွေ့ရတဲ့အတွက် ထိုင်းနိုင်ငံ သမိုင်းတွေအရ ဒွါရဝတီ-မွန် အကြီးအကျယ်ထွန်းကားချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ ဒီအကြောင်းကို ယခုအပတ် Dawei Watch ‘ဓလေ့ သမိုင်း’ အစီအစဉ်မှာ တင်ဆက်ပေးလိုက်ပါတယ်။ တနင်္သာရီတိုင်းရဲ့ ခမ်းနားလှတဲ့ ရှေးဟောင်းသမိုင်းတွေ၊ စိတ်ဝင်စားဖွယ် ရိုးရာဓလေ့တွေအကြောင်းကို Dawei Watch မီဒီယာက အပတ်စဉ် ပုံမှန်တင်ဆက်ပေးနေတာပါ။ တောင်ပိုင်းသားတွေရဲ့ ခမ်းနားလှတဲ့ သမိုင်း၊ ဓလေ့တွေကို လူများများ သိရှိနိုင်စေဖို့ မျှဝေ(share) ပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ထားဝယ်ဒေသမှ ရှေးဟောင်းမြေဆေးတံ

Dawei Watch

March 20, 2023

ထားဝယ်မြစ်ကမ်းတစ်လျှောက် သဲကျောက်လုပ်ငန်း လုပ်သည့်လုပ်သားများမှာ မြေဆေးတံများ မကြာခဏရလေ့ရှိသည်။ မြေဆေးတံမှာသဲများနှင့် ပွတ်တိုက်ဒဏ် အကြိမ်ကြိမ်ခံထားရမှုကြောင့် ပြောင်ချောချောဖြစ်နေသည်။ ထားဝယ်ဒေသတွင် တွေ့ရသည့် စိတ်ဝင်စားဖွယ် ရှေဟောင်းဆေးတံအကြောင်းကို ယခုအပတ် ‘ဓေလ့ သမိုင်း’ အစီအစဉ်တွင် တင်ဆက်လိုက်ပါသည်။