BREAKING
December 22, 2024

ဓလေ့ သမိုင်းပေါ့ကပ်

ဆလုံနတ်ပွဲ

Dawei Watch

July 2, 2023

ဆလုံမျိုးနွယ်စု ၁၈၀၀ မပြည့်တော့ဟုဆိုသည်။ ဆလုံမျိုးနွယ်စု၏ တစ်ဦးတည်းသော နတ်ဆရာအိုကြီးကာရှားက သူ့နေရာဆက်ခံမည့် နတ်ဆရာမရှိတော့ဟုဆိုလိုက်သည်။ ဆလုံ(မော်ကင်း) လူမျိုးတို့၏ စိတ်ဝင်စားဖွယ် နတ်ပွဲအကြောင်းကို ယခုအပတ် ဓလေ့သမိုင်း အစီအစဉ်တွင် တင်ဆက်လိုက်ပါသည်။ တနင်္သာရီတိုင်း၏ မြတ်နိုးတန်ဖိုးထားဖွယ် ‘ဓလေ့ သမိုင်း’ များကို အပတ်စဉ် ပုံမှန်တင်ဆက်နေပြီး လူအများသိရှိနိုင်စေရန် ပြန်လည်မျှဝေပေးကြရန် တိုက်တွန်းလိုက်ပါသည်။

တနင်္သာရီတိုင်းက နတ်ကိုးကွယ်မှု

Dawei Watch

June 25, 2023

ထားဝယ်၊ တနင်္သာရီ ဆိုသည့် ရှေးတိုင်းပြည်ကြီးအဖြစ် ထင်ရှားခဲ့သည့် တနင်္သာရီတိုင်းအတွင်း ၃၇ မင်းကိုးကွယ်မှု အလွန်နည်းပါးသည်။ သို့သော် ထားဝယ်ဒေသတွင် ထင်ရှားသည့် နတ်များရှိသည် ရှင်ဂီး(ရှင်းကြီး – ရွာရှင်) နတ်ပွဲဆိုလျှင် ရွာလုံးကျွတ်၊ နယ်လုံးကျွတ်လုပ်ကြသည်။ ထားဝယ်ဒေသနတ်များတွင် ဟိန္ဒူနတ်၊ မွတ်ဆလင်နတ်များလည်း ပါဝင်သလို မောင်းမကန်ကျေးရွာ ဆင်ရုပ်နတ်မှာလည်း ထင်ရှားသည်။ ယင်းသို့ပင် ပုလော-မြိတ် ဒေသက ကျားနတ်၊ တနင်္သာရီရှင်မအောင်သာနတ်တို့မှာလည်း ထင်ရှားသည့် နတ်များဖြစ်သည်။ ယခုအပတ် Dawei Watch ၏ ‘ဓလေ့ သမိုင်း’ အစီအစဉ်တွင် နတ်ကိုးကွယ်မှု အကြောင်းကို တင်ဆက်ပေးလိုက်ရပါသည်။

စန္ဒမာလာနှင့် တိုင်းတစ်ပါးသား ရင်ခွင်ရောက် မြိတ်မြို့က တော်ဝင်နှင်းဆီ

Dawei Watch

June 18, 2023

စန္ဒမာလာဟုဆိုလိုက်ပါက မောရစ်ကောလစ်ရေးပြီး လူထုဒေါ်အမာ ဘာသာပြန်ထားသည့် နာမည်ကြီးဝတ္ထုဆိုသည်ကို လူတိုင်းသိရှိကြလိမ့်မည်ထင်သည်။ သို့သော် စန္ဒမာလာထဲက အဓိကဇာတ်ဆောင်တွေက အပြင်မှာတစ်ကယ်ရှိသည်ဟုဆိုလျှင်တော့ အံသြသွားမည်ထင်သည်။ စာရေးသူ မောရစ်ကောလစ်က သူ့ဝတ္ထုမှာ စိတ်ကူးယဉ် သက်သက်ဖြင့်ပုံဖော်ထားသည်ဟု ဆိုထားသော်လည်း ဖြစ်ရပ်မှန်ကို ဖုံးကွယ်ထားခြင်းဖြစ်ကြောင်း ယခုဆောင်းပါးတွင် ဖော်ပြထားသည်။ တနင်္သာရီတိုင်း၏ တန်ဖိုးထားမြတ်နိုးဖွယ် ‘ဓလေ့ သမိုင်း’ များကို အပတ်စဉ်ဖော်ပြနေသည့် Dawei Watch ၏ ‘ဓလေ့ သမိုင်း’ အစီအစဉ်ကို မျှဝေပေးကြဖို့ တိုက်တွန်းလိုက်ပါသည်။

တနင်္သာရီသားတိုင်း သိရမည့် နဂါးတံဆိပ်

Dawei Watch

June 11, 2023

သမိုင်းစဉ်များကို လေ့လာကြည့်ကြလျှင် တနင်္သာရီသားနှင့် တနင်္သာရီနဂါးတံဆိပ်ကို ခွဲခြား၍ မရနိုင်ပေ။ တနင်္သာရီတိုင်းအမည် ဆင်းသက်လာသော တနင်္သာရီ နဂါးလှေတော် အခြေခံသမိုင်းကို တနင်္သာရီ တိုင်းသား မှန်ရင်သိကို သိရမည်ဖြစ်သည်။ ယခုအပတ် တနင်္သာရီပုံရိပ် အစီအစဉ်တွင် ‘တနင်္သာရီနဂါးတံဆိပ်’ အကြောင်းကို တင်ဆက်ပေးလိုက်ပါသည်။ တန်ဖိုးထားမြတ်နိုးဖွယ်ကောင်းလှသည့် တနင်္သာရီတိုင်း၏ ‘ဓလေ့ သမိုင်း’ များကို အပတ်စဉ်ပုံမှန် စီစဉ်တင်ဆက်နေခြင်းဖြစ်ပါသည်။ Dawei Watch ၏ ‘ဓလေ့ သမိုင်း’ အစီအစဉ်ကို အများသိရှိကြစေရန် ပြန်လည်မျှဝေပေးခြင်းဖြင့် ကူညီအားပေးကြရန် တိုက်တွန်းလိုက်ရပါသည်။

တနင်္သာရီ သမိုင်းသစ် ရေးရအောင်

Dawei Watch

June 4, 2023

ရှေးခေတ်အုပ်ချုပ်ပုံအရ ကိုယ့်ဒေသကိုယ်အုပ်ချုပ်တာ ဖြစ်ပါတယ်။ တနင်္သာရီမှာ တနင်္သာရီမင်း၊ ထားဝယ်မှာ ထားဝယ်မင်း ဆိုပြီးရှိပါတယ်။ မြို့ပြနိုင်ငံတွေဖြစ်ပါတယ်။ တနင်္သာရီတိုင်းအကြောင်း သမိုင်းအထောက်အထားတွေနဲ့ တင်ပြထားတဲ့ ‘တနင်္သာရီ သမိုင်းသစ် ရေးရအောင်’ ဆောင်းပါးကို ယခုအပတ် ‘ဓလေ့ သမိုင်း’ အစီအစဉ်တွင် ဖော်ပြလိုက်ပါတယ်။ တန်ဖိုးထား မြတ်နိုးဖွယ်ကောင်းလှတဲ့ တနင်္သာရီတိုင်းရဲ့ ဓလေ့တွေ သမိုင်းအကြောင်း အရာတွေကို Dawei Watch မီဒီယာက အပတ်စဉ် တင်ဆက်ပေးနေတာဖြစ်ပါတယ်။ ဒီအစီအစဉ်တွေကို Dawei Watch ရဲ့ YouTube မှာလည်း ကြည့်ရှုနိုင်ပါပြီ။

မန္တလေးမြို့တော်က ထားဝယ်ဓမ္မာရုံ

Dawei Watch

May 28, 2023

ထားဝယ်ဒေသကလူတွေ မရှိသလောက်ရှားပါးတဲ့ မန္တလေးမြို့တော်ကြီးမှာ ထားဝယ်ဓမ္မာရုံကြီး တစ်ခုရှိနေပါတယ်။ မန္တလေးမြို့ နန်းမြို့တော်ကြီးနဲ့ နီးနီးကပ်ကပ်နေရာမှာ ထားဝယ်ဓမ္မာရုံ ဘာကြောင့် တည်ရှိနေတာပါလဲ။ ယခုအပတ် တနင်္သာရီပုံရိပ် အစီအစဉ်မှာ ဒီအကြောင်းအရာကို ဖော်ပြထားပါတယ်။ ခမ်းနားလှတဲ့ တနင်္သာရီတိုင်းရဲ့ ‘ဓလေ့ သမိုင်း’ တွေကို အများသိရှိစေဖို့ အပတ်စဉ်တင်ဆက်ပေးနေတာဖြစ်ပါတယ်။

ထားဝယ်ဒေသက ပွာကညော

Dawei Watch

May 21, 2023

အရှေ့တောလို့ခေါ်တဲ့ ထားဝယ်ဒေသ အရှေ့ဘက်မှာ နေကြတဲ့ပွာကညောဆိုတဲ့ လူမျိုးတွေအကြောင်း ဒီအပတ်ရဲ့ ‘ဓလေ့ သမိုင်း’ အစီအစဉ်မှာတင်ဆက်ပေးလိုက်ပါတယ်။ ဒီလူမျိုးတွေက ထားဝယ်အရှေ့ဘက်သာ မဟုတ်ပါဘူး။ တနင်္သာရီရိုးမတစ်လျှောက်လုံးကနေ မြောက်ဘက် ရှမ်းပြည်အထိ၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးရိုးမမှာလည်းတွေ့ရပါတယ်။ သူတို့အကြောင်းကို စိတ်ဝင်စားဖွယ် တင်ဆက်ထားတာကို နားသောတဆင်နိုင်ကြပါပြီ။ တနင်္သာရီတိုင်းရဲ့ ခမ်းနားလှတဲ့ ဓလေ့တွေ သမိုင်းအထောက်အထားတွေကို တင်ဆက်နေတဲ့ Dawei Watch ရဲ့ ‘ဓလေ့ သမိုင်း’ အစီအစဉ်ကို အများသိရှိစေဖို့ ဖြန့်ဝေပေးကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

ကိုင်ဖမား

Dawei Watch

May 14, 2023

ထိုင်းနိုင်ငံမှာ နေရာအတော်များများမှာ တွေ့ရတာက ကြက်နှစ်ကောင်ရုပ်တုတွေ ဒီကြက်ရုပ်တွေကို နတ်ကွန်းတွေ၊ အထင်ကရအဆောက်အဦတွေ၊ ကိုးကွယ်ယုံကြည်ရာ နေရာတွေရှေ့မှာ အများအားဖြင့် တွေ့နိုင်ပါတယ်။ ထားဝယ်မှာဆိုလည်း ထားဝယ်ရိုးကြက်ကိုးလို့ အဆိုရှိကြပါတယ်။ လောင်းလုံးမြို့နယ် သဗျာကျေးရွာမှာ နတ်သုံးပါး အရုပ်နဲ့ နတ်စင်ရှိပါတယ်။ နတ်ရုပ်တစ်ရုပ်ရဲ့ဘေးမှာ ကြက်ရုပ်ရှိပါတယ်။ ဗမာ၊ ထားဝယ်၊ ယိုးဒယားတွေမှာ တိုက်ကြက်နဲ့ ပတ်သက်တဲ့ ဇာတ်လမ်းတွေ ရှိပါတယ်။ ဒီအကြောင်းကို အခုအပတ် ‘ဓလေ့ သမိုင်း’ အစီအစဉ်မှာ နားဆင်ကြရမှာပါ။ တနင်္သာရီတိုင်းရဲ့ ခမ်းနားလှတဲ့ သမိုင်းတွေနဲ့ ရိုးရာဓလေ့တွေအကြောင်းကို Dawei Watch က အပတ်စဉ် ပုံမှန်တင်ဆက်ပေးနေပါတယ်။