BREAKING
December 3, 2024

ဓလေ့ သမိုင်းပေါ့ကပ်

မြစ်ဖျား‌ရေကို လှမ်းမျှော်ခြင်း

Dawei Watch

September 4, 2023

‘ထားဝယ်စကားဆိုတာ တစ်ကယ်တော့ အသံပြောင်းနေတဲ့ မြန်မာစကားတွေပါကွာ’ ဟု အလွယ်ပြောခဲ့သူများအား မြန်မာစကားတွင် လုံးဝမရှိခဲ့သော ထားဝယ်အသံများအကြောင်း ပြောပြချင်သည်။ လာနားထောင်လှည့်ပါ။ ထားဝယ်လူမျိုးများတွင် ကိုယ်ပိုင်ဘာသာစကားရှိသည်။ ရှိခဲ့သည်။ ဆက်ရှိနေရန်မှာ မျိုးဆက်သစ် ထားဝယ်သားများ၏ တာဝန်ဖြစ်သည်။ စာရေးဆရာ ငြိမ်းအေးအိမ်၏ ‘မြစ်ဖျားရေကို လှမ်းမျှော်ခြင်း’ စာအုပ်ကို Dawei Watch ၏ ‘ဓလေ့ သမိုင်း’ အစီအစဉ်တွင် ဖော်ပြပေးသွားမပါသည်။

အရိပ်ကပွဲ ဘင်လည်ကားနှင့် တီဗွီဖန်သား အလွမ်းများ

Dawei Watch

August 28, 2023

အာဝဇ္ဇာန်းကောင်းကောင်းနဲ့ ဇာတ်ကား၊ ဒါရိုက်တာ၊ ဝတ္ထု၊ ဇာတ်ညွှန်း၊ မင်းသား၊မင်းသမီး၊ ဇာတ်ပို့ ဇာတ်ရံ၊ လူကြမ်းပါမကျန် အမွှန်းတင်ပြီး အပြောရွှင်ရွှင်နဲ့ ကြော်ငြာနေတဲ့ အသံကိုကြားတာနဲ့ ကစားနေတာကို ရပ်ပြီး ဘင်လည်ကားနောက် ကလေးတွေ အပြေးလိုက်ကြပါပြီ။ ခေတ်ကတော့ မြစ်ရေတွေလိုပဲ စီးမြဲစီးနေဦးမှာပါ။ ငယ်စဉ်ကဖြတ်သန်းခဲ့ရတဲ့ အတိတ်ပုံရိပ်တွေကတော့ လွမ်းမောစရာအတိရှိနေပါတယ်။ Dawei Watch ရဲ့ ဒီတစ်ပတ် ‘ဓလေ့ သမိုင်း’ အစီအစဉ်မှာတော့ တစ်ချိန်က ငယ်ဘဝဖြတ်သန်းခဲ့ရတာတွေကို ပြန်လည်အမှတ်ရသွားစေဖို့ တင်ဆက်ပေးလိုက်ရပါတယ်။

အမှတ်တရဟူ၍ ကျစ်ရစ်ခဲ့ကြလေသည်

Dawei Watch

August 20, 2023

တပေါင်းလရောက်ပြီဆိုလျှင် ဘုရားပွဲကို ပျော်ပျော်ပါးပါး ဆင်နွှဲကြသလို တန်ခူးရောက်ပြီဆိုလျှင်လည်း အတာသင်္ကြန်ပွဲကို ဆင်နွှဲကြရပြန်သည်။ ငယ်စဉ်က ဖြတ်သန်းခဲ့ရသည့် ရိုးရာဓလေ့ ပျော်စရာအမှတ်တရများကို ယခုအပတ် ‘ဓလေ့ သမိုင်း’ အစီအစဉ်တွင် ဖော်ပြလိုက်ရပါသည်။

ပုံရိပ်များ၏ ကောက်ကြောင်း

Dawei Watch

August 13, 2023

ယခုခေတ်တွင်တော့ ဓာတ်ပုံတစ်ပုံရိုက်တတ်ရန် အထွေအထူး သင်နေစရာမလိုတော့ ကလေးကအစ ဓာတ်ပုံရိုက်တတ်နေပြီ နည်းပညာတိုးတက်မှုက အလှဓာတ်ပုံကို အခက်အခဲမရှိ ရိုက်လို့ရရန် လုပ်ပေးလိုက်သည်။ ဒီဂျစ်တယ်နည်းပညာခေတ် မတိုင်ခင်ကမူ ဖလင်များဖြင့် ဓာတ်ပုံရိုက်ကြရသလို ဓာတ်ပုံတစ်ပုံ ရဖို့ကလည်း အမှောင်ခန်းထဲတွင် ခက်ခက်ခဲခဲ လုပ်ကြရသည်။ ဓာတ်ပုံတစ်ပုံရဖို့ အခက်အခဲအတားအဆီးတွေ ဘယ်လိုကျော်ဖြတ်ကြရသည်ကို ယခုအပတ် ‘ဓလေ့ သမိုင်း’ အစီအစဉ်တွင် ဖော်ပြလိုက်ပါသည်။

မှတ်မိသမျှကျွန်တော်တို့ ငယ်စဉ်ကမြိတ်

Dawei Watch

August 7, 2023

မြိတ်မြို့ ကို လေးဖက်လေးတန်မှ ရေပတ်လည် ဝိုင်းရံထားပြီး အနောက်ဘက်ရှိ ကပ္ပလီ ပင်လယ်မှ လှေသင်္ဘောများ အတား အဆီးမရှိ ဝင်ရောက် ဆိုက်ကပ်နိုင်သော မြို့တစ်မြို့ဖြစ်သောကြောင့် ၁၇ရာစုတွင် ထိုင်းက မြိတ်ကို သိမ်းပိုက်ကာဆိပ်ကမ်း မြို့အဖြစ် အသုံးချခဲ့လေသည်။ ယခုအပတ် ‘ဓလေ့ သမိုင်း’ အစီအစဉ်တွင် မြိတ်မြို့အကြောင်းကို တင်ဆက်ပေးလိုက်ရပါသည်။

ထားဝယ်ပုဆိုးတစ်ထည်ရဲ့ ရာဇဝင်

Dawei Watch

July 30, 2023

‘သားလှောန်’ ဆိုတဲ့ စကားလုံးကို ဒီနေ့ခေတ်မှာ မသိကြတော့။ အခုချိန်မှာတော့ နဘုလယ်ဒေသမှာရှိတဲ့ သက်ကြီးပိုင်းတွေကလွဲလို့ သားလှောန်ဆိုတဲ့ အသုံးအနှုန်းလေးကို ထားဝယ်ဒေသက ခေတ်လူငယ်တွေ မသိကြတော့ပါဘူး။ ဒါကြောင့် Dawei Watch မီဒီယာက ပုံမှန်တင်ဆက်ပေးနေတဲ့ ‘ဓလေ့ သမိုင်း’ အစီအစဉ်မှာ ထားဝယ်တွေအကြား မေ့ပျောက်သွားပြီဖြစ်တဲ့ ‘သားလှောန်’ အကြောင်း တင်ဆက်ပေးလိုက်ပါတယ်။

လက်ဝတ်ရတနာများက ပြောသည့်သမိုင်း

Dawei Watch

July 23, 2023

တနင်္သာရီတိုင်းတွင် ရှေးမြို့ဟောင်းများစွာရှိနေသည်။ မြို့ဟောင်းများမှ တူးဖော်ရရှိသည့် လက်ဝတ်ရတနာများက သမိုင်းကိုပြောပြနေကြသည်။ ယခုအပတ် Dawei Watch ၏ ‘ဓလေ့ သမိုင်း’ အစီအစဉ်တွင် လက်ဝတ်ရတနာများက ပြောပြနေသည့် တနင်္သာရီ သမိုင်းကိုတင်ဆက်ပေးလိုက်ရပါသည်။

ညစျေးတန်း၊ အလင်းဆိုင်နှင့် ငယ်ကညများ

Dawei Watch

July 9, 2023

ထားဝယ်မြို့၏ လွမ်းမောဖွယ် ညစျေးတန်းများ၊ မိုးအလင်းရောင်းကြသည့် အလင်းဆိုင်များမှာ မဆလ ခေတ်မှစတင်ပြီး တည်ရှိနေခဲ့သည်။ ပုံစံနေရာများ ပြောင်းသွားသော်လည်း ယခုအချိန်အထိ ရှိနေသော ညစျေးတန်းနှင့် အလင်းဆိုင်များမှာ အဝေးရောက် ထားဝယ်သားများအတွက် လွမ်းမောဖွယ်ပင်။ ၂၀၁၇ နှစ်ဆန်းပိုင်းက ရေးသားထားခဲ့သည့် လွမ်းမောဖွယ် ညစျေးတန်းနှင့် အလင်းဆိုင်လေးများအကြောင်း ကို ပြန်လည်တင်ဆက်လိုက်ပါသည်။