BREAKING
December 22, 2024

ဓလေ့ သမိုင်းပေါ့ကပ်

ပန်းပဲလုပ်ငန်း၏ အနာဂတ်

Dawei Watch

November 26, 2023

ယခင် ဆယ်စုနှစ်တစ်ခု နီးပါးခန့်အထိ ပန်းပဲဖိုများတွင် မီးသွေးခဲရဲအောင် ဖိုဆွဲခဲ့ကြသော်လည်း ယခုအချိန်တွင်တော့ ဖားဖိုများက ဖုန်အထပ်ထပ်ဖြင့် ရှိနေကြသည်။ နှစ်ပေါင်းရာထောင်ချီ တည်တံ့လာခဲ့သည့် မြန်မာ့ပန်းဆယ်မျိုးအနက် ပန်းပဲလုပ်ငန်းမှာ ယခုအချိန်တွင် လူငယ်ထုအကြား စိတ်ဝင်စားမှု နည်းလာနေပြီဖြစ်သည်။ ယခုအပတ် Dawei Watch ၏ ‘ဓလေ့ သမိုင်း’ အစီအစဉ်တွင် ပျောက်ကွယ်တော့မည့် ပန်းပဲလုပ်ငန်း၏ အနာဂတ်အကြောင်းကို တင်ဆက်ပေးလိုက်ပါသည်။

စာချွန်တော် နှစ်ကာလများ

Dawei Watch

November 5, 2023

“စာပို့သမားရဲ့ စက်ဘီးဘဲလ်သံလေး ‘ကလင် ကလင်’ ဟာ နားဝင်ပီယံ။ ပို့စ်မင်းမြင်ရင် မငြိုမငြင်၊ ကြိုချင်ဆိုချင်။ စာအိတ်လေး တယုတယကိုင်ပြီး အိမ်ခန်းထဲပြေးဝင်၊ ကုတင်ပေါ်လှဲဖတ်ပြီး စိတ်ကူးယဉ်အိမ်မက် မက်ရတာ ဘာနဲ့မှမလဲချင်” ယခုခေတ်တွင် စက်ဘီးလေးနှင့် စာပို့သမားများ မရှိကြတော့။ စာတိုက်ကတစ်ဆင့် စာပို့ပြီး သတင်းစကား ပါးရသည့် ခေတ်မဟုတ်တော့ အင်တာနက်ခေတ်တွင် အားလုံးက မြန်မြန်ဆန်ဆန် လွယ်လွယ်ကူကူ။ သို့သော် တစ်ခေတ်တစ်ခါက စာချွန်တော်များအကြောင်းမှာ အမှတ်ရစရာများလှသည်။ အတိတ်၏ လွမ်းမောဖွယ်များပင်။ ယခုအပတ် ‘ဓလေ့ သမိုင်း’ အစီအစဉ်တွင် စာချွန်တော်များအကြောင်း ကိုဖော်ပြပေးလိုက်ပါသည်။

ပင်လယ်ပြာမှ ဇာတ်လမ်းတွဲများ

Dawei Watch

October 30, 2023

‘ရေလုပ်သားတစ်ယောက်က လှေနံရံဟိုဘက်ကပ်လိုက်၊ ဒီဘက်ကပ်လိုက်နဲ့ လုပ်နေပါတယ်။ သူလုပ်နေတာကိုကြည့်ပြီး အခြားလှေသားတွေလည်း ငြိမ်သွားတယ်’ ပင်လယ်နဲ့ စိမ်းသူတွေအတွက်တော့ စိတ်ဝင်စားဖွယ် အတိနဲ့ ပြည့်နေသလို ကြောက်စရာလည်း ကောင်းလှပါတယ်။ မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းသားတွေအတွက်ကတော့ ပင်လယ်ပြင်နဲ့ မစိမ်းလှ ပင်လယ်ပြင်မှာ သူတို့ဘာတွေ ကြုံတွေ့ရသလဲဆိုတာကို အခုအပတ် ‘ဓလေ့ သမိုင်း’ အစီအစဉ်မှာ တင်ဆက်ပေးလိုက်ပါတယ်။

ထားဝယ်မြစ်ဝက စန္ဒား

Dawei Watch

October 15, 2023

တနင်္သာရီတိုင်းတွင် လူသိနည်းသည့် ငါးဖမ်းနည်း တစ်မျိုးရှိသည်။ ယင်းမှာ စန္ဒားဖြင့်ငါးဖမ်းနည်း ဟုခေါ်ကြသည်။ စန္ဒားဖြင့် ငါးဖမ်းနည်းမှာ ရွေ့လျားဖမ်းဆီးခြင်းမျိုးမဟုတ်ဘဲ နေရာတစ်ခုသတ်မှတ်ကာ ဖမ်းဆီးသည့် နည်းဖြစ်ပြီး ထားဝယ်မြစ်ဝတွင် ယင်းပုံစံဖြင့် ငါးဖမ်းနေသည်များကို တွေ့မြင့်နိုင်သည်။ ယခုအပတ် ‘ဓလေ့ သမိုင်း’ အစီအစဉ်တွင် လူသိနည်းလှသည့် စန္ဒားဖြင့် ငါးဖမ်းနည်းအကြောင်းကို တင်ဆက်ပေးလိုက်ရပါသည်။

တနင်္သာရီရိုးရာ “ခေါသရပ်” ရှင်းတမ်း

Dawei Watch

October 2, 2023

‘မိုးတပြက်၊ နေတပြက်၊ ငါးထမင်းတက်ချိန်၊ ပုဇွန်တက်ချိန်’ ဖြစ်သော ယခုလို ကန်ရာသီ (တနည်းအားဖြင့်) တော်သလင်းလရောက်သည့်အခါတိုင်းတွင် – ‘ဖူးပွင့်ထုံ တောအထပ် အလှရယ် မှန်းပါလို့၊ ထူးတင့်စုံ ခေါသရပ်ညငယ်ကို လွမ်းလှချည်လေး..။’ ဆိုသည့်အတိုင်းပင် တနင်္သာရီ‌ဒေသဖွား တနင်္သာရီလူမျိုးသာမှန်ရင်- ဘယ်နေရာရောက်နေနေ “ခေါသရပ်နေ့လေး”ကို မှန်းဆ သတိရမိကြသည်ကတော့ ရိုးရာ ရာသီစာအလွမ်းတစ်ခုလိုပင်ဖြစ်သည်။ ယခုအပတ် ‘ဓလေ့ သမိုင်း’ အစီအစဉ်တွင် တနင်္သာရီတိုင်းသားများအတွက် အမှတ်ရစရာ ‘ခေါသရပ်’ အကြောင်းကို တင်ဆက်ပေးလိုက်ပါသည်။

“မယ်မယ့်လက်ရာ- ခေါသရပ်မုန့် နှင့် တနင်္သာရီရိုးရာ တစ္ဆေမုန့်ကျွေးပွဲ”

Dawei Watch

September 25, 2023

တစ်နှစ်ပတ်လုံး မရနိုင်ပါ။ ပွဲတော်ရက်မှာသာ စားခွင့်ရသော မုန့်ဖြစ်သည်။ “ကောက်ငချိတ် မြေပဲလောင်းလို့ အုန်းနို့ဆောင်း ကျိုရအောင် ။ ရွှေခဲရောင် ဓနိပျားဆမ်း နှမ်းဖတ်ကယ် ဖျန်း။ ကြံသကာ အနှစ်အခဲရယ်သို့ မှန်စွာ တသက်စွဲရအောင် မာန်ပါပါ အားပျိုးလို့ တအားထိုးကော်.. ဗျတ်ခွဲထုတ် ကျုပ်တို့.. ခေါသရပ်ပွဲမုန့်။” ဆိုသည့် စာချိုးလေးအတိုင်းပင်- ခေါသရပ်မုန့်ပြုလုပ်ရာတွင် ကောက်ညှင်းငချိတ်(ကောက်ညှင်းမဲ) ၊ကောက်ညှင်းအဖြူ တွင် ဓနိပျားသကာရည် (သို့) သကြား၊ ဆား၊နှမ်း၊အုန်းနို့အရည်၊ရေနှင့် သမအောင် ရောထိုးရသော ထိုးမုန့်တစ်မျိုးဖြစ်သည်..။ Dawei Watch ၏ ယခုအပတ် ‘ဓလေ့ သမိုင်း’ အစီအစဉ်တွင် ခေါသရပ်မုန့်နှင့် တနင်္သာရီရိုးရာ တစ္ဆေမုန့်ကျွေးပွဲ အကြောင်းကို ဖော်ပြပေးလိုက်ရပါသည်။

မြစ်ဖျား‌ရေကို လှမ်းမျှော်ခြင်း (၃)

Dawei Watch

September 18, 2023

ထားဝယ်မြို့ဟောင်းဟုပြောလိုက်သည်နှင့် သာဂရမြို့ဟောင်းကို ပြေးမြင်ကြသည်။ သာဂရမြို့ဟောင်းနှင့်အတူ ရှင်ဇလွန်စေတီ၊ နန်းတော်ရာကုန်းနှင့် ပျူသင်္ချိုင်းကုန်းတို့သည်လည်း ယှဥ်တွဲလျက် ပျူသင်္ချိုင်းကုန်းတွင် တွေ့ရလေ့ရှိသော အရိုးအိုးတို့ကပျူနှင့် ထားဝယ်တို့၏ အဆက်အစပ်ကိုအတွေးဆန့်စေသည်။ စာရေးဆရာ ငြိမ်းအေးအိမ်၏ ‘မြစ်ဖျားရေကို လှမ်းမျှော်ခြင်း’ စာအုပ်ကို Dawei Watch ၏ ‘ဓလေ့ သမိုင်း’ အစီအစဉ်တွင် အပတ်စဉ် ပုံမှန်ဖော်ပြပေးနေခြင်းဖြစ်ပါသည်။

မြစ်ဖျား‌ရေကို လှမ်းမျှော်ခြင်း (၂)

Dawei Watch

September 11, 2023

ကောင်းကင်ဓာတ်ပုံဖြင့် ရှာဖွေဖော်ထုတ်ခဲ့သည့် ရှေးကျလှသော အဝိုင်းပုံသဏ္ဍာန်မြို့ဟောင်းများတွင် ကျွန်တော်တို့၏ သာဂရမြို့ဟောင်းလည်း ပါဝင်ခဲ့သည်။ ထင်ရှားခဲ့သော ပျူမြို့ပြများ၊ မွန်မြို့ပြများနှင့် ခေတ်ပြိုင်မြို့တစ်မြို့ ဖြစ်ခဲ့သည်ဟူသော သမိုင်းတစ်ခုကို ပိုင်ဆိုင်လိုက်ရခြင်းသည် ကျွန်တော့်အတွက်တော့ နှစ်သက်ဖွယ်စားမြိန်ဝိုင်း တစ်ဝိုင်းသာဖြစ်၏။ စာရေးဆရာ ငြိမ်းအေးအိမ်၏ ‘မြစ်ဖျားရေကို လှမ်းမျှော်ခြင်း’ စာအုပ်ကို Dawei Watch ၏ ‘ဓလေ့ သမိုင်း’ အစီအစဉ်တွင် အပတ်စဉ် ပုံမှန်ဖော်ပြပေးနေသည်။