ရန်ကုန်-ထားဝယ် ကားလမ်းတွင် တံတားတစ်စင်း မိုင်းခွဲဖျက်ဆီးခံရ၊ ကားများပိတ်မိ
Dawei Watch
July 17, 2024ရန်ကုန် – ထားဝယ်ကားလမ်း သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်အကြားရှိ ကရင်လေးဆိပ်တံတား ဇူလိုင်လ ၁၆ ရက် ည ၁၀ နာရီ ဝန်းကျင်တွင်မိုင်းခွဲခံရပြီး ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။ ကရင်လေးဆိပ်ကျေးရွာအနီးရှိ အရှည် ၁၀ ပေခန့်၊ အကျယ် ၅၄ ပေခန့်ရှိသည့် ကရင်လေးဆိပ်တံတား မိုင်းခွဲခံရခြင်း ဖြစ်ပြီး တံတားတစ်စင်းလုံး ပြိုကျပျက်စီးသွားကြောင်း ဒေသခံတို့က ဆိုသည်။ “ညပိုင်းပေါက်ကွဲသံကြားပြီး မနက်မှ တံတားကျိုးနေတာသိရတာပါ” ဟု ဒေသ လူမှုကူညီကယ်ဆယ်ရေးအသင်းတစ်ခု၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။ တံတားပြိုကျသွားသဖြင့် ကားများဖြတ်သန်းသွားလာ၍ မရတော့ကြောင်း ခရီးသွားနှင့် ဒေသခံတို့ထံမှ သိရသည်။ “တံတားက တံတားအသေးတစ်စင်းပဲဆိုပေမယ့် ပြိုကျသွားတော့ ကားတွေ သွားလာလို့မရတော့ဘူး။ ကားအသေးတွေ ကတော့ ရွာဘက်က သွားဖို့ လုပ်နေပေမယ့် ဟိုဘက် […]