BREAKING
February 23, 2025

ဒေသသတင်း

ရန်ကုန်-ထားဝယ် အိမ်စီးကားခဈေးတက်၊ ခရီးသည်တစ်ဦးလျှင် ကျပ်တစ်သိန်းဖြစ်လာ

Dawei Watch

August 29, 2024

ရန်ကုန်-ထားဝယ် (လေးယောက်စီး) အိမ်စီးကားခဈေးနှုန်းမှာ ယခုလအတွင်း ခရီးသည်တစ်ဦးလျှင် ကျပ်တစ်သိန်းဖြစ်လာကြောင်း ကားသမားများနှင့် ခရီးသွားအချို့ထံမှ သိရသည်။ ဇူလိုင်လနောက်ဆုံးအပတ်စတင်ကာ နိုင်ငံတစ်ဝန်း စက်သုံးဆီပြတ်လပ်နေပြီး ဆီစျေးတက်သည့်အပြင် လိုသလောက် ဝယ်မရသောကြောင့် ကားခဈေးနှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်း ကားပိုင်ရှင်အမျိုးသားတစ်ဦးက ပြောသည်။ “ဆီပြန်ရတာ အခုတစ်ပတ်လောက်ပဲရှိသေးတယ်။ ရန်ကုန်မှာ ဆီထည့်မယ်ဆို တန်းစီရတာ၊ အဲဒီတော့ ထားဝယ်ကနေ ဈေးကြီးပေးဝယ်ပြီး ငါးဂါလံပုံးတွေထဲထည့်ပြီး ကားဆွဲရတာ။ ကားခဈေးတက်တာ အဓိကတော့ ဆီဈေးကြောင့်ပဲ။ ရန်ကုန်မှာ တန်းစီဝယ်မယ်ဆို နှစ်ရက်လောက် တန်းစီရတယ်” ဟု ၎င်းက ပြောဆိုသည်။ ပြီးခဲ့သည် မတ်လက ကားခဈေးနှုန်းမှာ တစ်ဦးလျှင် ကျပ်ခုနစ်သောင်း၊ ဇူလိုင်လတွင် ကျပ်ရှစ်သောင်း၊ ဇူလိုင်လနောက်ဆုံး အပတ်မှ လက်ရှိအချိန်အထိ တစ်သိန်းကျပ်အထိ ဖြစ်လာကြောင်း စုံစမ်းသိရသည်။ တစ်လအတွင်း ကျပ်နှစ်သောင်း စျေးတက်လာခြင်း […]

တနင်္သာရီ-ကော့သောင်းလမ်းပိုင်း ပြန်လည်ဖြတ်သန်းခွင့်ပြု

Dawei Watch

August 15, 2024

တနင်္သာရီမြို့မှ ဘုတ်ပြင်းမြို့နယ်ခြား ၁၀၂၀ တောင်အထိ မြိတ်-ကော့သောင်းလမ်းပိုင်းကို ယနေ့(သြဂုတ် ၁၅) မနက်မှစတင်ကာ ပြန်လည်ဖြတ်သန်းခွင့် ပြုလိုက်ပြီဖြစ်ကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) တာဝန်ခံနှင့် ယာဉ်လိုင်းလုပ်ငန်းရှင်အချို့က ပြောသည်။ ယင်းလမ်းပိုင်းအနီးတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က မြိတ်-ထားဝယ်လမ်းမကြီးဘက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်နေသဖြင့် ဩဂုတ်လ ၁၂ ရက်နေ့ကစပြီး လမ်းပိုင်းအသုံးပြုခွင့်ကို ပြည်သူ့ကာကွယ်ရေး တပ်များက ပိတ်လိုက်ခြင်းဖြစ်သည်။ “အဓိကတော့ ဒီလမ်းမကြီးပေါ်မှာ အန္တရာယ်မရှိဘူးဆိုရင်တော့ ကျွန်တော်တို့က ဖွင့်ပေးတယ်” ဟုတိုင်းပကဖတာဝန်ခံ ရဲဘော်စတားက ပြောသည်။ တနင်္သာရီတိုင်းအတွင်းရှိ ထားဝယ်-မြိတ်-ကော့သောင်း ကားလမ်းအသုံးပြုမှုကို မနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ခွင့်ပြုပေးထားကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံမှသိရသည်။ ဩဂုတ်လ ၁၂ ရက်က တနင်္သာရီမြို့အဝင်တွင် စစ်ကောင်စီတပ်က ပစ်ခတ်မှုကြောင့် ကားသမားတစ်ဦး […]

ကန့်ကွက်ခံရသည့်ဥပဒေအရဖွဲ့မည့် ကြားကာလအစီအမံရေးဆွဲရေးကော်မရှင်တွင် တော်လှန်ရေးအဖွဲ့အားလုံးပါဝင်ရန် CRTH ဖိတ်ခေါ်

Dawei Watch

August 6, 2024

တနင်္သာရီဖယ်ဒရယ်ယူနစ် သို့မဟုတ် ပြည်နယ်ပေါ်ပေါက်ရေးအတွက် ကြားကာလအစီအမံရေးဆွဲရေးကော်မရှင်တွင် တော်လှန်ရေးအဖွဲ့များအားလုံးပါဝင်ကြရန် တနင်္သာရီတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ (CRTH) က ယနေ့ ဩဂုတ်လ ၆ ရက်တွင် ထုတ်ပြန်တိုက်တွန်းလိုက်သည်။ CRTH အနေဖြင့် ကြားကာလအစီအမံရေးဆွဲရေးကော်မရှင်ဖွဲ့စည်းနိုင်ရေးအတွက် တိုင်း‌ဒေသကြီးလွှတ်တော် ညှိနှိုင်းရေး အဖွဲ့ကို ဖွဲ့စည်းပြီး တော်လှန်ရေးအစုအဖွဲ့အသီးသီးကို တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။ နွေဦးတော်လှန်ရေးအင်အားစုများ၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအင်အားစုများ၊ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် များ၊ တိုင်းရင်းသား တော်လှန်ရေးအင်အားစုများပါဝင်သည့် စုပေါင်းဆွေးနွေးသဘောတူညီမှုဖြင့် အဆိုပါညှိနှိုင်းရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်း ဖော်ပြသည်။ အဆိုပါညှိနှိုင်းရေးအဖွဲ့က သက်ဆိုင်ရာအင်အားစုများ အဖွဲ့အစည်းများနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုများ၊ အကြံပြုချက်များ နှင့် ဆွေးနွေးမှုရလာဒ်များကို မှတ်တမ်းရယူခြင်းများ ဆောင်ရွက်ခဲ့ပြီးဖြစ်သော်လည်း အင်အားစုအချို့က ပါဝင်လာခြင်း မရှိသေးဘဲ ကျန်ရှိနေသေးကြောင်း ထုတ်ပြန်ချက်က ဆိုသည်။ သို့ရာတွင် တော်လှန်ရေး နိုင်ငံရေးအစုအဖွဲ့မည်မျှကို တွေ့ဆုံဆွေးနွေးပြီး […]

ရဟန်းအသွင်ယူထားသည့် စစ်ကောင်စီတပ်သားကို တော်လှန်ရေးတပ် ဖမ်းဆီး

Dawei Watch

August 5, 2024

ရဟန်းအသွင်ယူပြီး ခရီးသည်တင်ကားပေါ် လိုက်ပါလာသည့် စစ်ကောင်စီတပ်သားတစ်ဦးကို ဖမ်းဆီးထားကြောင်း တောကြီးမြွေဟောက်တော်လှန်ရေးတပ်ဖွဲ့ က ဩဂုတ်လ ၅ ရက် (ယနေ့) ထုတ်ပြန်သည်။ ထိုကဲ့သို့ အသွင်ယူထားသည့် စစ်ကောင်စီတပ်သားကို မြိတ်မြို့မှ ရန်ကုန်မြို့သို့သွားမည့် ခရီးသည်တင်ကားတစ်စီးပေါ်တွင် ဇူလိုင်လ ၂၀ ရက် နံနက်က ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။ မြိတ်ခရိုင်အတွင်း မြိတ်-ပုလောလမ်းပိုင်းတွင် တောကြီးမြွေဟောက်တပ်ဖွဲ့က စစ်ဆေးနေစဉ် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ဖမ်းဆီးရာတွင်ပါဝင်သည့် တပ်ဖွဲ့တစ်ဦးက ပြောသည်။ အဆိုပါ စစ်ကောင်စီတပ်သားသည် မြိတ်မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ခလရ (၁၀၁) တပ်ရင်းကဖြစ်ကြောင်း ၎င်းက ဆိုသည်။ စစ်ကောင်စီတပ်သားမှာ အသက် ၄၀အရွယ် မောင်ထွေးဆိုသူဖြစ်ပြီး စစ်မှုထမ်းသက်တမ်း ၃နှစ် ရှိပြီဖြစ်ကြောင်း အထက်ပါတော်လှန်ရေးတပ်ဖွဲ့ဝင်က ပြောဆိုသည်။ တောကြီးမြွေဟောက်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ အဆိုပါစစ်ကောင်စီတပ်သား၏ ကိုယ်ပိုင်အမှတ်မှာ […]

KNU သစ်တောဌာနဝန်ထမ်းဟောင်းကို KNLA အရာရှိနှစ်ဦးက သတ်ဖြတ်

Dawei Watch

August 1, 2024

ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ ၄ သစ်တောဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ဝန်ထမ်းဟောင်း ဖထီးကဘောကို ဖမ်းဆီးစစ်ဆေးနေစဉ် KNLA တပ်ရင်း ၁၀ မှ အရာရှိနှစ်ဦးက သတ်ဖြတ်ခဲ့ကြောင်း ဒေသခံအချို့နှင့် KNLA စစ်ရေး သတင်းအရင်းအမြစ်အချို့၏ ပြောဆိုချက်များအရ သိရသည်။ အသက် ၅၀ ခန့်ရှိ ဖထီးကဘောမှာ ထားဝယ်-ထီးခီးလမ်း ရင်ကွဲတောင်ခြေတွင် နေထိုင်ပြီး ဇူလိုင်နောက်ဆုံးအပတ် (ပြီးခဲ့သည့်လေးရက်) ခန့်က အသတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံလူငယ်အမျိုးသမီးတစ်ဦးက ပြောသည်။ ရင်ကွဲတောင်ခြေတွင် KNLA တပ်အရာရှိများလိုက်ပါလာသည့်ကားတန်း ဇူလိုင်လ ၁၃၊ ၁၄ ရက်တို့တွင် ပစ်ခတ်ခံရပြီးနောက် ဖထီးကဘောသည် ကော်သူးလေတပ် KTLA ထံ သတင်းပေးဒလန်လုပ်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် KNLA တပ်က ဖမ်းဆီး ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ “သတင်းပေးဆိုပြီး သူ့ကိုလာဖမ်းသွားတယ်။ […]

တနင်္သာရီတိုင်း ပင်လယ်ပြင်တွင် လှိုင်းကြီးမည်ဖြစ်၍ ရေယာဉ်များ ထွက်ခွင့်မပေး

Dawei Watch

July 29, 2024

တနင်္သာရီတိုင်းပင်လယ်ပြင်တွင် လှိုင်းကြီးမည်ဖြစ်သည့်အတွက် ရေယာဉ်များ ပင်လယ်ပြင်မထွက်ကြရန် စစ်ကောင်စီ၏ တိုင်းရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ရေကြောင်း) က ယနေ့ ဇူလိုင်လ ၂၉ ရက်တွင် စာထုတ်တားမြစ်ထားသည်။ မိုးဇလဌာနက ယနေ့မွန်းလွဲပိုင်း ထုတ်ပြန်ချက်အရ ပင်လယ်ပြင်တွင် တစ်နာရီလေတိုက်နှုန်းမှာ ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်မည်ဖြစ်သည့်အတွက် လှိုင်းကြီးမည်ဖြစ်ကြောင်း ရေကြောင်းက ထုတ်ပြန်ထားခြင်းဖြစ်သည်။ မိုးဇလဌာန၏ ထုတ်ပြန်ချက်အရ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တွင် လှိုင်းအမြင့် ၈ ပေမှ ၁၁ ပေခန့်အထိ ရှိနိုင်သည်ဟု ဆိုသည်။ ထို့ကြောင့် သစ်သားခွံကုန်တင်စက်လှေများ၊ အပျော်စီးရေယာဉ်များနှင့် ကမ်းရိုးတန်းသွားခရီးသည်တင် အမြန်ရေယာဉ်များ လုံးဝထွက်ခွာခွင့် မပြုကြောင်း ထုတ်ပြန်ချက်က ဆိုသည်။ ရေကြောင်းဌာန၏ ထုတ်ပြန်ချက်တွင် ရေယာဉ်များ ပြန်လည်ပြေးဆွဲခွင့်ပြုမည့်ရက်ကို ဖော်ပြထားခြင်းမရှိပေ။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ […]

KNLA တပ်ဖွဲ့ဝင်နှစ်ဦးကို ကော်သူးလေတပ်ဖွဲ့က ဖမ်းဆီး

Dawei Watch

July 19, 2024

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ဖွဲ့ဝင်နှစ်ဦးကို ကော်သူးလေတပ်မတော်-KTLA တပ်ဖွဲ့က ထားဝယ်-ထီးခီးလမ်းပိုင်းတွင် ယနေ့ ဇူလိုင်လ ၁၉ ရက် နံနက်ပိုင်းက ဖမ်းဆီးထားကြောင်း KNLA တပ်ရင်း ၁၂ နှင့် တပ်ရင်း ၂၇ တွဲဖက်တပ်ရင်းမှူး စောမှူးဂေက ပြောသည်။ KNLA တပ်ရင်း ၁၂ က တပ်ဖွဲ့ဝင်တစ်ဦးနှင့် တပ်ရင်း ၂၇ က တပ်ဖွဲ့ဝင်တစ်ဦးတို့ကို ဝကုန်းရွာလမ်းပိုင်းတွင် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ “အေးအေးချမ်းချမ်းပဲ ဖြစ်စေချင်တယ်။ ဘာမှပွတ်တိုက်မှုပြဿနာ မဖြစ်စေချင်ဘူးလေ။ တယောက်နဲ့ တစ်ယောက် ယုံကြည်မှု ရှိရှိသွားတာ သူတို့ဖမ်းထားတယ်။ အခုဖမ်းတဲ့အဖွဲ့တွေက ကျွန်တော်တို့နဲ့ လာမပူးပေါင်းဘူး။ ပူးပေါင်းတဲ့ အဖွဲ့တွေက ကျွန်တော်တို့နဲ့ ဘာပြဿနာမှ မရှိဘူး။ တချို့ KTLA က အရာရှိတွေလည်း ကျွန်တော်တို့နဲ့ […]

ရန်ကုန်-ထားဝယ်လမ်းတွင် မိုင်းခွဲဖျက်ဆီးခံရသည့် ကရင်လေးဆိပ်တံတား မြေဖို့ပြီး ဖြတ်သန်းခွင့်ပြု

Dawei Watch

July 17, 2024

ရန်ကုန်-ထားဝယ်လမ်းပိုင်း သထုံနှင့် ဘီးလင်းမြို့နယ်ကြားတွင် မိုင်းခွဲဖျက်ဆီးခံရသည့် ကရင်လေးဆိပ်တံတားနေရာကို ယနေ့ ဇူလိုင်လ ၁၇ ရက် နေ့လယ်ပိုင်းတွင် မြေဖို့ပြီး ကားများကို ဖြတ်သန်းခွင့်ပြုနေပြီဖြစ်ကြောင်း ခရီးသွားများနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။ ကရင်လေးဆိပ်တံတားမှာ ဇူလိုင်လ ၁၆ ရက် ညတွင် မိုင်းခွဲဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်။ “ကားကြီး၊ ကားသေး အားလုံးဖြတ်လို့ရတယ်။ လမ်းပိုင်းတာဝန်ရှိတဲ့ ရွှေသံလွင်ကုမ္ပဏီကပဲ မြေဖို့ပြီး လာပြင်သွားတယ်။ တံတား အငယ်ပဲဆိုတော့ ဘေလီမထိုးလိုက်ရဘူး” ဟု ဒေသခံအခြေစိုက် လူမှုကယ်ဆယ်ရေးအသင်းတစ်ခု၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ပြိုကျသွားသည့် တံတား၏ တစ်ခြမ်းကို မြေပြန်ဖို့၍ အသွား အပြန် တစ်လှည့်စီဖြင့် ကားများကို ဖြတ်သန်းခွင့်ပြုထားခြင်း ဖြစ်ကြောင်း မျက်မြင်တွေ့ရှိသည့် ခရီးသွားတစ်ဦးက ဆိုသည်။ “ကျွန်တော်တို့ဖြတ်လာတာကတော့ ၁၂ နာရီထိုးလောက်က ဖြတ်လာတယ်။ တံတားတခြမ်းမြေဖို့ပြီး […]