KNDO တပ်ဖွဲ့ဝင်ကို မြိတ် PDF တပ်ရင်းတစ်ခုက သတ်ဖြတ်မှုဖြေရှင်းချက်ပေးရန် KNDO ထုတ်ပြန်
Dawei Watch
November 26, 2024KNU တပ်မဟာ (၄)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ရင်း (၇) က ရဲဘော်မောင်နိုင်ကို မြိတ်ခရိုင် PDF အမှတ် (၁) တပ်ရင်း၊ တပ်ခွဲ (၁) က သတ်ဖြတ်ခဲ့သည့်ကိစ္စကို ဖြေရှင်းချက်ပေးရန် KNDO က ထုတ်ပြန်သည်။ ရဲဘော်မောင်နိုင်ကို မည်သည့်အကြောင်းအရင်းကြောင့် သတ်ဖြတ်သည်ဆိုသည့် မှန်ကန်သည့်ဖြေရှင်းချက်ပေးရန် မြိတ်ခရိုင် တပ်ရင်း (၁) ကို KNDO က အသိပေးအကြောင်းကြားထားကြောင်း ဖော်ပြသည်။ ရဲဘော်မောင်နိုင်သည် တော်လှန်ရေးကို အားသွန်ခွန်စိုက်လုပ်ဆောင်ရန် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်တွင် နယ်သာလန် နိုင်ငံမှ ပုလောနယ်မြေသို့ ပြန်လည် ရောက်ရှိလာသူဖြစ်ကြောင်း KNDO က ထုတ်ပြန်ထားသည်။ ယင်းနောက် လက်နက်ကိုင်တပ်ဖွဲ့များအတွက် လိုအပ်ချက်များကို အစွမ်းရှိသမျှဆောင်ရွက်ပေးနေသူဖြစ်ကြောင်းလည်း ဖော်ပြသည်။ […]