၁၄ ရက်အတွင်း စစ်ကောင်စီတပ်သား ၂၉ ဦးဘက်ပြောင်းခိုလှုံ
Dawei Watch
January 14, 2025စစ်ကောင်စီတပ်မှ ပြည်သူ့ကာကွယ်ရေး တပ်မတော်တပ်ရင်းများထံ ဘက်ပြောင်း ခိုလှုံလာသူ ဇန်နဝါရီလ ပထမ ၁၄ ရက်အတွင်း ၂၉ ဦး အထိရှိကြောင်း အမျိုးသား ညီညွှတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၁၃ ရက်တွင် ထုတ်ပြန်သည် ။ တနင်္သာရီတိုင်း ၊ စစ်ကိုင်းတိုင်း ၊ မကွေးတိုင်း နှင့် မွန်ပြည်နယ်တို့ရှိ စစ်ကောင်စီလက်အောက်ခံ တပ်ရင်း ၊ တပ်ဖွဲ့ များ နှင့် ရှေ့တန်းစခန်းများမှ တစ်ဆင့် လက်နက်နှင့်အတူ ထွက်ပြေးခိုလှုံကြခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည် ။ မကွေးတိုင်း ဆောမြို့နယ် မြို့မရဲစခန်းမှ ရဲတပ်သားနှစ်ဦးနှင့် စစ်ကောင်စီ စစ်ကြောင်းတွင်ပါဝင်သည့် စစ်ကောင်စီ တပ်သား ငါးဦး စုစုပေါင်း ခုနစ်ဦး သည် ပြည်သူ့ကာကွယ်ရေးတပ်မတော် ဂန့်ဂေါ်ခရိုင် တပ်ရင်း […]