BREAKING
March 29, 2025

ဒေသသတင်း

တနင်္သာရီတိုင်းထွက် ဓနိဖက်ဈေး နှစ်ဆခန့်တက်

Dawei Watch

February 12, 2025

ဘုတ်ပြင်းနှင့် လောင်းလုံးမြို့နယ်အပါအဝင် တိုင်းအတွင်းရှိဒေသအချို့တွင် ဓနိဖက်ဈေး နှစ်ဆခန့်မြင့်တက်လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ တိုက်ပွဲများနှင့် နယ်မြေမအေးချမ်းမှုကြောင့် ဓနိဖက် (ခုတ်သူ) လုပ်ငန်းလုပ်သူ မရှိသလောက်နည်းပါးလာသည့်အတွက် ဈေးတက်လာခြင်းဖြစ်ကြောင်း ဘုတ်ပြင်းမြို့နယ်ရှိ ဓနိဖက်လုပ်သူများက ပြောသည်။ ယမန်နှစ် နှစ်လယ်က ဓနိဖက် (အချပ်ရေ) တစ်ထောင်လျှင် ကျပ် ခုနစ်သောင်းဝန်းကျင်သာဈေးရှိရာက လက်ရှိအချိန်တွင် ကျပ်တစ်သိန်းခွဲဝန်းကျင်အထိ ဈေးမြောက်နေကြောင်း လေညာကျေးရွာရှိ ဓနိဖက်လုပ်သူများက ဆိုသည်။ “ဈေးကောင်းပေမယ့် ဓနိဖက်လုပ်တဲ့သူတွေတော့ နည်းလာတယ်။‌ ရောင်းအားကတော့ အရင်အတိုင်းပါပဲ၊ မကျဘူး” ဟု ဘုတ်ပြင်းမြို့နယ်မှ ဓနိဖက်လုပ်ငန်းလုပ်နေသည့် အမျိုးသမီးတစ်ဦးက ပြောဆိုသည်။ လောင်းလုံးမြို့နယ်တွင် ယမန်နှစ်က ဓနိဖက်တစ်ထောင်လျှင် တစ်သိန်းသုံးသောင်းကျပ်နှင့် တစ်သိန်းငါးသောင်းကြား ဈေး‌ရှိသော်လည်း ယခုနှစ်တွင် ကျပ်နှစ်သိန်းအထိ ပေးဝယ်နေရကြောင်း ဒေသခံများက ပြောသည်။ ယခုနှစ်တွင် ဓနိဖက်တစ်ထောင်လျှင် ကျပ်ငါးသောင်းဝန်းကျင်ဈေးတက်ကြောင်း […]

တနင်္သာရီတိုင်းက PDF ၈၀ ခန့် အထူးစစ်ဆင်ရေးသင်တန်းဆင်း

Dawei Watch

February 4, 2025

တနင်္သာရီတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်းများက သင်တန်းသားများပါဝင်သည့် အထူးစစ်ဆင်ရေး အပတ်စဥ် (၇) သင်တန်းဆင်းပွဲကို ဇန်နဝါရီလ ၃၁ ရက်က ကရင်ပြည်နယ်တွင် ပြုလုပ်ကြောင်း သင်တန်းဖွင့်လှစ်သည့် အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F တပ်ဖွဲ့ထံမှ သိရသည်။ သင်တန်းတွင် သင်တန်းသား ၂၅၀ ဦး ပါဝင်တက်ရောက်ကာ သင်တန်းဆင်းခဲ့ပြီး ယင်းတို့အနက် တနင်္သာရီတိုင်း PDF တပ်ရင်း၊ တပ်ဖွဲ့များက ရွေးချယ်စေလွှတ်ထားသည့် သင်တန်းသားဦးရေ ၈၀ခန့် ပါဝင်ကြောင်း S.O.F တပ်ဖွဲ့မှူး ရဲဘော် အောင်စံရှားက ပြောသည် ။ “အဓိကက ၂၀၂၅ မှာ စစ်ရေးအရှိန်မြှင့်ဆောင်ရွက်မယ့် စစ်ဒေသတွေဖြစ်တဲ့ ပဲခူး၊ ရန်ကုန်၊ မွန်နဲ့ တနင်္သာရီဒေသတွေ အတွက် အဓိကအင်အားဖြည့်တင်းပြီး တာဝန်ထမ်းဆောင်မယ့် အထူးတပ်ဖွဲ့ဝင်များ မွေးထုတ်ပေးတဲ့ သင်တန်းဖြစ်ပါတယ်” […]

တနင်္သာရီတိုင်းတွင် ဘိလပ်မြေ ဝယ်ယူရခက်ခဲ

Dawei Watch

February 2, 2025

တနင်္သာရီတိုင်းအတွင်းရှိ ထားဝယ်၊ မြိတ်နှင့် ကော့သောင်း ခရိုင်သုံးခုစလုံးတွင် ယခုနှစ်ဆန်းမှစ၍ ဘိလပ်မြေအိတ်များ ပစ္စည်းပြတ်နေပြီး လိုသလောက်ဝယ်မရဖြစ်နေကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည် ။ ထားဝယ်မြို့ပေါ်နှင့် ခရိုင်အတွင်းရှိ ကျေးရွာများတွင် ဇန်နဝါရီလ တတိယပတ်အတွင်း ဘိလပ်မြေ ပြတ်သွားခဲ့ပြီး ယခုနောက်ဆုံးအပတ်တွင်မူ ဘိလပ်မြေ ပြန်ဝင်လာ၍ ခွဲတမ်းဖြင့် ရောင်းချပေးနေသည်ဟု အိမ်ဆောက်ပစ္စည်းရောင်းသည့် ဆိုင်ပိုင်ရှင်များကဆိုသည် ။ “ဆယ်အိတ်လာဝယ်ရင် ငါးအိတ်ရောင်းပေးတယ် ခွဲတမ်းနဲ့ပေါ့။ ဘိလပ်မြေက ယိုးဒယားဘက်ကလာတဲ့ ဆင်တံဆိပ်ဘိလပ်မြေတွေတော့ မရဘူး။ ပြည်တွင်းထဲက ကြံ့တံဆိပ်တွေရတယ်။ ပစ္စည်းပြတ်နေတော့ စျေးလည်းတက်နေတယ်” ဟု ထားဝယ်မြို့ပေါ်က အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်ရှင်တစ်ဦးကပြောသည် ။ ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက ဘိလပ်မြေတစ်အိတ် ကျပ်နှစ်သောင်းဝန်းကျင် စျေးရှိခဲ့ရာမှ ယခုဇန်နဝါရီလအတွင်း ကျပ်သုံးသောင်းကျော်အထိ စျေးခုန်တက်သွားကြောင်း ၎င်းကပြောဆိုသည် ။ သယ်ယူပို့ဆောင်ရသည့် စရိတ်နှင့် တင်သွင်းသည့်လမ်းကြောင်း […]

ကမ်းရိုးတန်းတိုင်းစစ်တိုင်းမှူး အပြောင်းအလဲလုပ်

Dawei Watch

February 1, 2025

အာဏာသိမ်း စစ်ခေါင်းဆောင်က ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်(ကရခ)၏ စစ်တိုင်းမှူး နေရာကို ဇန်နဝါရီလ ၃၁ ရက်နေ့တွင် အပြောင်းအလဲလုပ်လိုက်ကြောင်း Dawei Watch ၏ စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။ စစ်ရေးသတင်းအရင်းမြစ်၏ အဆိုအရ ကမ်းရိုးတန်းတိုင်းစစ်တိုင်းမှူး ဗိုလ်ချုပ်ပြည့်စုံလင်းကို ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ်ပြောင်းရွှေ့လိုက်ခြင်းဖြစ်သည်။ လက်ရှိတွင် ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနေရာကို စစ်ဦးစီးတက္ကသိုလ်ကျောင်းအုပ် ဗိုလ်ချုပ်ကျော်ကျော်ဟန်ဖြင့် အစားထိုးခန့်အပ်လိုက်ကြောင်း စစ်သက် နှစ် ၂၀ နီးပါးရှိသည့် CDM ဗိုလ်ကြီးဇင်ယော်ကလည်း Dawei Watch ကိုပြောဆိုသည်။ ၎င်းသည် စစ်ဦးစီးတက္ကသိုလ် ကျောင်းအုပ်မဖြစ်မီက ပဲခူးမြို့အခြေစိုက် အမှတ် ၇၇ ခြေမြန်တပ်မဌာနချုပ်တွင် တပ်မမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ကရခ စစ်တိုင်းမှူး အပြောင်းအလဲလုပ်လိုက်သည့်အတွက် စစ်ကောင်စီတပ်၏ နည်းဗျူဟာ ပြောင်းလဲမှုများ ရှိလာနိုင်ကြောင်း CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်သည်။ “ဗျူဟာအသစ်တွေ အကွက်အသစ်တွေပေါ့နော်။ […]

ကွမ်းသီးမှည့်တစ်လုံး ကျပ်တစ်ရာကျော်အထိ စျေးကောင်းရ

Dawei Watch

January 29, 2025

‌ကွမ်းသီးမှည့်ရာသီ ကုန်ခါနီးချိန်တွင် ကွမ်းသီးမှည့်တစ်လုံးလျှင် ၁၂၀ ကျပ်ဝန်းကျင်အထိ ဈေးကောင်းရနေကြောင်း ကွမ်းသီးစိုက်တောင်သူများနှင့် ဈေးကွက်အတွင်းမှ သိရသည်။ ကွမ်းသီးမှည့် ရာသီအစဖြစ်သည့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလဝန်းကျင်က ကွမ်းသီးမှည့်တစ်လုံးလျှင် ခုနှစ်ဆယ်ကျပ် ဝန်းကျင်ဈေးရှိခဲ့ရာမှ လက်ရှိတွင် ကျပ်တစ်ရာကျော်အထိ ဈေးမြောက်နေကြောင်း ကွမ်းသီးအဝယ်ဒိုင်ပိုင်ရှင် အချို့က ဆိုသည်။ “အမှည့် ရာသီကုန်တော့မယ်ဆိုတော့ ရှားလာပြီလေ။ အလုအယက်ဝယ်စုနေကြတယ်” ဟု တနင်္သာရီမြို့နယ်နေ ကွမ်းစိုက်တောင်သူတစ်ဦးက ပြောသည်။ ကွမ်းသီးရာသီတစ်ခုလျှင် ကွမ်းပင်တစ်ပင်က ကွမ်းသီးအလုံးရေ ပျမ်းမျှ ၃၀၀ ဝန်းကျင်အထိ သီးလေ့ရှိသည်။ ပြီးခဲ့သည့်နှစ် ကွမ်းသီးရာသီကမူ ကွမ်းသီးမှည့်တစ်လုံးလျှင် ၃၀ကျပ် မှ ၄၅ကျပ်ဝန်းကျင်သာ ဈေးပေါက်ခဲ့သည်။ ကွမ်းသီးအနုထွက်ချိန်က ဈေးကောင်းရသည့်အတွက် တောင်သူအများစုက ဆွတ်ခူးရောင်းချကြရာက ကွမ်းသီးအမှည့်ရှားနေခြင်းဖြစ်ကြောင်း ကွမ်းစိုက်တောင်သူများက ဆိုသည်။ “အရင်နှစ်ကဆို သုံးလပိုင်းလောက်မှ ကွမ်းသီးကုန်တယ်။ဒီနှစ် […]

တနင်္သာရီတိုင်းက PDF တစ်ဦးကို မုဒိမ်းမှု၊ စစ်စည်းကမ်းဖောက်မှုတို့ဖြင့် NUG က ထောင်‌ခြောက်နှစ်ချ

Dawei Watch

January 28, 2025

မုဒိမ်းမှုကျူးလွန်သည့်စွဲချက်ဖြင့် တနင်္သာရီတိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တရားရုံးက ထောင်ဒဏ်ခြောက်နှစ်ချမှတ်လိုက်ကြောင်း စုံစမ်းသိရှိရသည်။ ထားဝယ်ခရိုင်ထဲက မြို့နယ်တစ်ခုတွင် ၂၀၂၃ ခုနှစ် ဩဂုတ်လက ဖြစ်ပွားခဲ့သည့် မုဒိမ်းမှုနှင့်ပတ်သက်ပြီး ရာဇတ်သတ်ကြီး ဥပဒေပုဒ်မ ၃၇၆ အရ ထောင်ဒဏ်သုံးနှစ်၊ တပ်မတော်အက်ဥပဒေ ၆၅/၇၁ အရ ထောင်ဒဏ်သုံးနှစ် စုစုပေါင်း ထောင်ဒဏ် ခြောင်နှစ်ချမှတ်ခဲ့ခြင်းဖြစ်သည်။ “(တရားခံကို) ဘယ်အကျဉ်းထောင်မှာ ထောင်ချမယ်ဆိုတာကိုတော့ တိတိကျကျမသိရသေးဘူး။ တရာလိုရှေ့နေကတော့ မေးပြီးပြန်ပြောပေးမယ်လို့ ပြောတယ်” ဟု ယင်းအမှုကိစ္စ လိုက်ပါဆောင်ရွက်‌ပေးနေသည့် နှင်းဆီရောင်အမျိုးသမီးများ သမဂ္ဂ (ထားဝယ်ခရိုင်) ၏ အဖွဲ့ဝင်တစ်ဦးက ပြောသည်။ ရာဇတ်သတ်ကြီး ဥပဒေပုဒ်မ ၃၇၆ မှာ မုဒိမ်းမှုဖြစ်ပြီး အမြင့်ဆုံးထောင်ဒဏ်နှစ် ၂၀ အထိ ချမှတ်နိုင်သည်။ တပ်မတော် အက်ဥပဒေ ပုဒ်မ […]

မလွှဲတောင်အတက်တွင် ကားချောက်ထဲကျပြီး ရေဖြူဒေသခံငါးဦးသေဆုံး

Dawei Watch

January 23, 2025

မလွှဲတောင်အတက်တွင် ဇန်နဝါရီလ ၂၂ ရက် နေ့လယ်ပိုင်းက ကားတစ်စီးချောက်ထဲကျပြီး ရေဖြူမြို့နယ်ဒေသခံ ခရီးသည်ငါးဦးသေဆုံးကာ ခြောက်ဦးဒဏ်ရာရကြောင်း လူမှုကယ်ဆယ်ရေးအသင်းများထံမှ သိရသည်။ ရေဖြူမြို့နယ်၊ မင်းသားအုပ်စု၊ မော်ကြီးရွာက ခရီးသည်နှင့် ကုန်တင်သည့်ကားသည် ရေးမြို့မှပြန်လာစဥ် ရေး-ထားဝယ် ကားလမ်း ရေးဘက်ခြမ်း မလွှဲတောင်အတက် ၁၄ မိုင်အကွေ့တွင် ချောက်ထဲကျခြင်းဖြစ်ကြောင်း အထက်ပါအသင်းများထံမှ သိရသည်။ ကားပေါ်တွင် ရေဖြူမြို့နယ် ကျွဲသုံးညီမ၊ ကျွဲတလင်း၊ မင်းသား၊ ဆင်စွယ်၊ မော်ကြီး စသည့် ကျေးရွာများက ခရီးသည်ဆယ်ဦး လိုက်ပါလာကြောင်း အဆိုပါအသင်းများထံမှ သိရသည်။ ယာဥ်မောင်းဖြစ်သူတွင် ဒဏ်ရာပြင်းထန်သဖြင့် ကားတိမ်းမှောက်သည့် အကြောင်းအရင်းကို မေးမြန်းခွင့်ရသေးသဖြင့် မသိရသေးကြောင်း သွားရောက်ကူညီခဲ့သည့် လူမှုကယ်ဆယ်ရေးအသင်းတာဝန်ရှိသူတစ်ဦးက ဆိုသည်။ “၁၄ မိုင် ဘုန်းကြီးကျောင်းအကွေ့ မလွှဲတောင်အတက်မှာ လမ်းဘေးက ကွန်ကရစ်တိုင်တွေပါ တိုက်ပြီး […]

တနင်္သာရီတိုင်းတွင် ဖုန်းလိုင်းရက်ရှည်ပြတ်တောက်သဖြင့် နစ်နာမှု အက်တမ်ကုမ္ပဏီ တာဝန်မခံဟု ဝေဖန်ခံရ

Dawei Watch

January 16, 2025

တနင်္သာရီတိုင်းရှိ နေရာအများစုတွင် အက်တမ်ဖုန်းလိုင်း ရက်ရှည်ပြတ်တောက်ခဲ့သည့်အတွက် သုံးစွဲသူများ၏ ဆုံးရှုံးမှုများကို ကုမ္ပဏီဘက်က တာဝန်ယူဖြေရှင်းပေးခြင်း မရှိကြောင်း သုံးစွဲသူများက ပြောသည်။ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ဥဿရံကျေးရွာအနီးတွင် အက်တမ်ဖုန်းလိုင်း၏ ဖိုင်ဘာကြိုးများ ဖြတ်တောက်ခံရပြီးနောက် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်ကစပြီး တိုင်းအတွင်း နေရာအများစုတွင် ဝန်ဆောင်မှု ရပ်တန့်သွားခဲ့သည်။ ယင်းနောက် ၃၄ ရက်အကြာတွင် ထားဝယ်မြို့အပါအဝင် နေရာအချို့၌ အက်တမ်ဖုန်းလိုင်းများ ပြန်ရခဲ့သော်လည်း အက်တာနက်သုံးစွဲ၍ မရကြသေးပေ။ ယခု ဇန်နဝါရီလထဲတွင်မူ အင်တာနက်ပြန်လည်သုံးစွဲရလာကြသည်။ အက်တမ်ဖုန်းလိုင်း၊ အင်တာနက်လိုင်းအပါအဝင် အက်တမ်နှင့် ချိတ်ဆက်ထားသည့် အခြား ဝိုင်ဖိုင်ဝန်ဆောင်မှုလုပ်ငန်းများ၊ KBZ Pay၊ Wave Money ကဲ့သို့သော အွန်လိုင်းငွေကြေးလွှဲပြောင်းမှုလုပ်ငန်း လုပ်ကိုင်သူများစွာ ထိခိုက်နစ်နာမှုရှိခဲ့သည်။ “ဝိုင်ဖိုင်သုံးလစာ ငွေသွင်းထားတာဆို နှစ်သိန်းခြောက်သောင်း […]