ကံပေါက်တိုက်နယ်ဆေးရုံရှိ ကိုရိုနာကိစ္စ စောင့်ကြည့်လူနာအဆင့်သာရှိဟုဆို
diz_admin
March 24, 2020တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် ကံပေါက်တိုက်နယ်ဆေးရုံတွင် တက်ရောက်ကုသနေသည့် အမျိုးသားမှာ စောင့်ကြည့်လူနာအဆင့်သာရှိကြောင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက ပြောသည်။ ယင်းစောင့်ကြည့်လူနာမှာ လည်ချောင်းနာပြီး ချောင်းဆိုးသည့်အတွက် သမားတော်ကြီးများနှင့် တိုင်ပင်ကာ သွေးဖောက် စစ်ဆေးထားပြီး ကိုရိုနာရောဂါလက္ခဏာနှင့် မတူညီကြောင်း တိုင်းဦးစီးမှူး ဒေါက်တာထွန်းမင်းက ဆိုသည်။ “သူ့ရဲ့ရောဂါလက္ခဏာတွေက တူတယ်ဆိုရင်တော့ ကျွန်တော်တို့က ထားဝယ်ဆေးရုံကြီးကို ရွှေ့ပြီးတော့ လုပ်မှာ။ ခုချိန်ထိတော့ သမားတော်ကြီးတို့က မတူဘူးလို့ပဲ ပြောထားတယ်”ဟု ဒေါက်တာထွန်းမင်းက ပြောသည်။ သွေးဖောက်စစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်စစ်ခြင်း အဖြေက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုလက္ခဏာနှင့် ဆင်တူနေပါက အာခေါင်နှင့်လည်ချောင်းအတွင်းမှ နမူနာများရယူပြီး ရန်ကုန်မြို့ရှိဓာတ်ခွဲခန်းကို ပို့ဆောင်ရကြောင်း ၎င်းက ဆိုသည်။ အုန်းပင်ကွင်းကျေးရွာအုပ်စုအတွင်းရှိ ပယကျေးရွာတွင် အသက် ၂၂ နှစ်အရွယ် အမျိုးသားက ထိုင်းနိုင်ငံမှ ပြန်လာသည်မှာ ၄ […]