တနင်္သာရီတိုင်းတွင် အပူချိန်မြင့်တက်ပြီး အပူရှပ်နိုင်သဖြင့်သတိပြုရန်လို
Dawei Watch
March 4, 2025တနင်္သာရီတိုင်းတွင် မတ်လ ပထမ ၁၀ ရက်အတွင်း အပူချိန်မြင့်တက်ပြီး အပူရှပ်ခြင်း (Heat Stroke) ခံစားရနိုင်သော ကြောင့် သတိပြုရန်လိုကြောင်း မိုးလေဝ လေ့လာသုံးသပ်သူ ဦးဝင်းနိုင်က ယနေ့ မတ်လ ၄ ရက်တွင် ရေးသားထားသည်။ တနင်္သာရီတိုင်းအပါဝင် တိုင်းနှင့် ပြည်နယ် ရှစ်ခု၌ မတ်လ ပထမ ၁၀ရက်အတွင်း နေ့အပူချိန်မှာ ၄၀ ဒီဂရီ စင်တီဂရိတ်နှင့်အထက် မြင့်တက်လာနိုင်ကြောင်း ၎င်းက အင်တာနက်လူမှုကွန်ရက်တွင် ရေးသားထားသည်။ ထားဝယ်မြို့နှင့်အနီးတဝိုက်တွင် ယခုမတ်လဆန်းကစပြီး နေ့ခင်းပိုင်း အပူဒဏ်ကို သိသိသာသာ ခံစားရကြောင်း ထားဝယ်ဒေသခံများက ပြောသည်။ “နေ့ခင်းဘက် ပန်ကာ မရှိဘဲနေလို့ မရဘူး။ အပူချိန်သိသိသာသာတက်လာတယ်။ နံနက် ၁၁ နာရီလောက်ကနေ ညနေ ၃ နာရီကျော်အထိက အပူဆုံးအချိန်တွေပါပဲ။ […]