ကလိန်အောင်ချောင်းတွင် တရားမဝင်ရွှေဖောင်များ ဖမ်းမိ
diz_admin
April 9, 2020ကလိန်အောင်မြို့၊ ကလိန်အောင်ချောင်းတွင် တရားမဝင်ရွှေတူးဖော်နေသည့် ရွှေဖောင်လေးဖောင်နှင့်အတူ လူခြောက်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ကလိန်အောင်နယ်မြေရဲစခန်းထံမှ သိရ သည်။ သတင်းအရ မောရဝတီရေတပ်စခန်းမှ မတ်လ ၂၉ ရက် ညနေတွင် ရှောင်တခင်ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း အထက်ပါနယ်မြေရဲစခန်းမှ တာဝန်ရှိသူက ပြောသည်။ ဖမ်းမိသူများကို ကလိန်အောင်နယ်မြေရဲစခန်းတွင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများထိန်းသိမ်းရေး ဥပဒေ ပုဒ်မ ၂၆ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။ ကလိန်အောင်ချောင်းရေကို ဒေသခံများကသုံးရေအတွက် အဓိကထား အသုံးပြုလျက်ရှိသည်။ မိုးမြင့်