နယ်စပ်တွင် နေထိုင်သူများ ခရီးသွားချိန် ရပ်ကျေးထောက်ခံချက်ယူရမည်
diz_admin
April 8, 2020ထိုင်းနိုင်ငံနှင့် မြန်မာနယ်စပ်ဖြစ်သည့် ထီးခီး၊ မောတောင်ဒေသတွင် နေထိုင်သူများ ခရီးသွားပါက ယင်းဒေသတွင်နေထိုင်ကြောင်း သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ရှိရမည် ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးကျော်မင်းက ပြောသည်။ ခရီးသွားရာတွင် ယင်းကဲ့သို့ သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူး၏ နေထိုင်ကြောင်းထောက်ခံချက်မရှိပါက သက်ဆိုင်ရာဒေသရှိ စောင့်ကြည့်စခန်း (Facility Quarantine) တွင် ၁၄ ရက်ကြာ စောင့်ကြည့်ခံရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ ထားဝယ်ခရိုင်ရှိ ထီးခီးနယ်စပ်တွင် နေထိုင်သူများအနေဖြင့် နယ်စပ်ကုန်သွယ်ရေးစခန်းအရာရှိ၏ ထောက်ခံချက်ယူရမည်ဖြစ်ပြီး ထီးခီးဒေသနှင့် မေတ္တာမြို့အကြားနေထိုင်သူဖြစ်ပါက သက်ဆိုင်ရာရပ်ကျေးအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ယူရမည်ဖြစ်ကြောင်း ဦးကျော်မင်းက ပြောသည်။ ဥပမာအားဖြင့် အဆိုပါဒေသနေသူများ ထားဝယ်မြို့သို့လာရောက်ပါက သက်ဆိုင်ရာရပ်ကျေးအုပ်ချုပ်ရေးမှူး၏ နေထိုင်ကြောင်း ထောက်ခံချက်ပါရှိရမည်ဖြစ်သည်။ ထီးခီးဒေသမှာ ကျေးရွာအဖြစ် မသတ်မှတ်မထားသည့်အတွက် နယ်စပ်ကုန်သွယ်ရေးစခန်းတာဝန်ခံအရာရှိ၏ ထောက်ခံချက်ယူရန် လိုအပ်ခြင်းဖြစ်ကြောင်း ဦးကျော်မင်းက ရှင်းပြသည်။ […]