တနင်္သာရီ အစိုးရ ထောက်ပံ့ ပစ္စည်းငါးမျိုး စုံအောင် မပေးနိုင်သေး
diz_admin
April 15, 2020အခြေခံလူတန်းစားများကို ထောက်ပံ့ပေးသည့် ပစ္စည်းငါးမျိုးမစုံလင်သဖြင့် ပေးအပ်ချိန်တွင် ပစ္စည်းအမယ်စုံ မပေးနိုင်သေးခြင်းဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးကျော်မင်းက ပြောသည်။ သင်္ကြန်ရုံးပိတ်ရက်ရှည် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုတစ်စုလျှင် ဆန် ၈ ပြည်၊ ဆီ ၅၀ ကျပ်သား၊ ဆား ၅၀ ကျပ်သား၊ ပဲ ၁ ပိဿာ၊ ကြက်သွန် ၁ ပိဿာနှုန်း ထောက်ပံ့ပေးနေခြင်းဖြစ်သည်။ လက်ရှိ ရပ်ကွက်/ကျေးရွာအချို့တွင် ဆန်၊ ဆား၊ ကြက်သွန် စသည့် ပစ္စည်းအမယ် သုံးမျိုးကိုသာ ဖြန့်ဝေပေးနေသည်။ ကျန်သည့်ပစ္စည်းအမယ်များ ရရှိပါက သတ်မှတ်ချက်အတိုင်း ပြန်လည်ဖြန့်ဝေပေးမည်ဖြစ်ကြောင်း ဝန်ကြီးဦးကျော်မင်းက ဆိုသည်။ “နောက်ဆက်ပြီးတော့ ပြည့်စုံအောင်ပေးရမှာပါ၊ ငါးမျိုးသတ်မှတ်ထားရင် ငါးမျိုးပြည့်အောင် သူတို့ ပေးရမှာပါ”ဟု ဦးကျော်မင်းက ပြောသည်။ လောင်းလုံးမြို့နယ်အတွင်းရှိ […]