BREAKING
October 18, 2024

ဒေသသတင်း

တနင်္သာရီတိုင်းအတွင်း လွတ်ငြိမ်းခွင့်ရသူ တစ်ထောင်ကျော်ရှိ

diz_admin

April 17, 2020

မြန်မာနှစ်သစ်ကူး အချိန်တွင် တနင်္သာရီတိုင်းအတွင်း သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွတ်မြောက်သူ တစ်ထောင်ကျော်ရှိကြောင်း အကျဉ်းဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူး ဦးထွန်းခိုင်က ပြောသည်။ တိုင်းအတွင်းရှိ အကျဉ်းထောင် ၃ ခုနှင့် အလုပ်စခန်း ၃ ခုမှ စုစုပေါင်း ၁၁၃၅ ဦး လွတ်ငြိမ်းသက်သာခွင့်ရခဲ့ကြောင်း ၎င်းက ဆိုသည်။ ထိုလွတ်ငြိမ်းခွင့်ရသူများအနက် ကော့သောင်းအကျဉ်းထောင်မှ နိုင်ငံခြား ၉ ဦးပါဝင်ကြောင်း ဦးထွန်းခိုင်က ဆိုသည်။ “(နိုင်ငံခြားသား) ထားဝယ်တို့ မြိတ်တို့မှာ မပါဘူး၊ ကော့သောင်းတစ်ခုပဲပါတယ်”ဟု ဦးထွန်းခိုင်က ပြောသည်။ ထားဝယ်အကျဉ်းထောင်မှ လွတ်ငြိမ်းခွင့်ရသူ ၁၄၅ ဦးရှိပြီး ၎င်းတို့ကို ထားဝယ်မြို့ ရွှေဝယ်သီရိအားကစားကွင်းရှိ မိုးလုံလေလုံအားကစားရုံသို့ ကားများဖြင့် ပို့ဆောင်ခဲ့သည်။ ယင်းနေရာမှတစ်ဆင့် မြို့နယ်အလိုက်ပြန်ခွဲကာ သက်ဆိုင်ရာ မြို့နယ်များကို ကားဖြင့်ပြန်ပို့မည်ဖြစ်ကြောင်း ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူး […]

ရေလှူသူ ငါးဦးထက်ပိုမသွားရ

diz_admin

April 16, 2020

ထားဝယ်ခရိုင်အတွင်း ရေရှားဒေသများသို့ ရေအလှူသွားမည်ဆိုပါက လူငါးဦးထက်ပိုမသွားရဆိုသည့် ဒေသန္တရအမိန့်ကို ထုတ်ပြန်ထားကြောင်း ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ပြောသည်။ ယင်းအပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် လမ်းညွန်ချက်များကိုလည်း လိုက်နာရမည်ဖြစ်ကြောင်း ဦးအောင်စိုးမိုးက ပြောသည်။ “(လူငါးဦးထက်မပိုစေရန်) ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေက ကြပ်မတ်ဆောင်ရွက်ရမှာပေါ့နော်” ဟု ၎င်းကဆိုသည်။ လက်ရှိအချိန်သည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်းကို ကြိုတင်ကာကွယ်သည့်အနေဖြင့် လူစုလူဝေး မဖြစ်ပေါ်စေရန် လုပ်ဆောင်နေသည့် အချိန်ဖြစ်သောကြောင့် ယင်းအမိန့်ကို ထုတ်ပြန်ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။ ယင်းဒေသန္တရအမိန့်ကို ဧပြီလ ၁၄ ရက်က ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း ထားဝယ်ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။ ကျော်သူစိုး

တနင်္သာရီ အစိုးရ ထောက်ပံ့ ပစ္စည်းငါးမျိုး စုံအောင် မပေးနိုင်သေး

diz_admin

April 15, 2020

အခြေခံလူတန်းစားများကို ထောက်ပံ့ပေးသည့် ပစ္စည်းငါးမျိုးမစုံလင်သဖြင့် ပေးအပ်ချိန်တွင် ပစ္စည်းအမယ်စုံ မပေးနိုင်သေးခြင်းဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးကျော်မင်းက ပြောသည်။ သင်္ကြန်ရုံးပိတ်ရက်ရှည် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုတစ်စုလျှင် ဆန် ၈ ပြည်၊ ဆီ ၅၀ ကျပ်သား၊ ဆား ၅၀ ကျပ်သား၊ ပဲ ၁ ပိဿာ၊ ကြက်သွန် ၁ ပိဿာနှုန်း ထောက်ပံ့ပေးနေခြင်းဖြစ်သည်။ လက်ရှိ ရပ်ကွက်/ကျေးရွာအချို့တွင် ဆန်၊ ဆား၊ ကြက်သွန် စသည့် ပစ္စည်းအမယ် သုံးမျိုးကိုသာ ဖြန့်ဝေပေးနေသည်။ ကျန်သည့်ပစ္စည်းအမယ်များ ရရှိပါက သတ်မှတ်ချက်အတိုင်း ပြန်လည်ဖြန့်ဝေပေးမည်ဖြစ်ကြောင်း ဝန်ကြီးဦးကျော်မင်းက ဆိုသည်။ “နောက်ဆက်ပြီးတော့ ပြည့်စုံအောင်ပေးရမှာပါ၊ ငါးမျိုးသတ်မှတ်ထားရင် ငါးမျိုးပြည့်အောင် သူတို့ ပေးရမှာပါ”ဟု ဦးကျော်မင်းက ပြောသည်။ လောင်းလုံးမြို့နယ်အတွင်းရှိ […]

ဘောလုံးကွင်းကို ဈေးအဖြစ် ပြောင်းလိုက်တဲ့ရွာ

diz_admin

April 15, 2020

လောင်းလုံးမြို့နယ် ညင်းမော်ကျေးရွာ ဘောလုံးကွင်းကို ဈေးအဖြစ် ပြောင်းဖွင့်လိုက်ပါတယ်။ ဘောလုံးကွင်းဈေးအသစ်ကို ဧပြီလ ၁၅ ရက်မှစပြီး ပြောင်းလိုက်တာဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်းကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဈေးရောင်းသူ တစ်ဦးနှင့် တစ်ဦး ကိုးပေစီခွာပြီး ရောင်းချနိုင်ရန်ဖို့ ဒီလိုစီစဉ်တာဖြစ်တယ်လို့ဆိုပါတယ်။ လူထောင်ချီစုဝေး နေကြတဲ့ မြို့ပေါ်က‌ဈေးမှာ ‌ရောင်းသူ၊ ဝယ်သူ နှာခေါင်းစည်းတပ်ကြဖို့ ပြောဆိုနေချိန်မှာ လူရာဂဏန်းမပြည့်တဲ့ ကျေးလက်ဈေးတစ်ခုကတော့ အခုလို ကိုးပေခွာ ဈေးရောင်းတာကို စတင်လိုက်တာပါ။ ဘောလုံးကွင်းဈေးလုပ်ဖို့အတွက် လောင်းလုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးကိုလည်း အသိပေးထားဖြစ်တယ်လို့ ညင်းမော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမျိုးထိုက်က ပြောပါတယ်။ ညင်းမော်ဈေးကိုတော့ နံနက် ၄ နာရီဝန်းကျင်မှ ၈ နာရီဝန်းကျင်အထိ ဖွင့်လှစ်ပါတယ်။ ကျော်သူစိုး

ပြည်တွင်းခရီးမှ တနင်္သာရီတိုင်းအတွင်းသို့ လာသူအားလုံး စောင့်ကြည့်စခန်းတွင် ၂၁ ရက် နေရမည်

diz_admin

April 15, 2020

ပြည်တွင်း အခြားဒေသမှ တနင်္သာရီတိုင်းအတွင်းသို့ ဝင်ရောက်လာသူအားလုံး စောင့်ကြည့်စခန်းများတွင် (Quarantine) ၂၁ ရက်ကြာ စောင့်ကြည့်ခံရမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးကျော်မင်းက ပြောသည်။ မလွှဲတောင်ဂိတ်နှင့် လေကြောင်းမှလာသည့် ခရီးသည်များ မိမိသွားလာမည့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာရှိ စောင့်ကြည့်စခန်းများတွင် စောင့်ကြည့်ခံရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ သို့ရာတွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကျန်းမာရေးကိစ္စ သွားလာသူများ မပါဘဲ အိမ်စီးကား၊ ခရီးသည်တင်ကားဖြင့် လာရောက်သူ မည်သူမဆို စောင့်ကြည့်စခန်းတွင် နေရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ လက်ရှိတွင် သင်္ကြန်တွင်းကာလဖြစ်သည့်အတွက် လေကြောင်းလိုင်းများ ခေတ္တရပ်နားထားသည်။ “အိမ်စီးကာတွေလာမယ်ဆိုရင် ပါလာတဲ့လူမှန်သမျှအကုန်လုံး ရောက်ရှိတဲ့ကျေးရွာ/ရပ်ကွက်မှာတော့ ၂၁ ရက် Quarantine (စောင့်ကြည့်စခန်း)ဝင်ရမှာဖြစ်ပါတယ်” ဟု ဝန်ကြီးဦးကျော်မင်းက ပြောသည်။ ထိုသို့ လုပ်ဆောင်ရန် လာရောက်သူ သွားမည့် ရပ်ကွက်/ကျေးရွာတာဝန်ရှိသူနှင့် […]

သင်္ကြန်ကာလအတွင်း အခြေခံစားသောက်ကုန်၊ ဆေးနှင့် ဆီဆိုင်မှလွဲ၍ အားလုံးပိတ်ရမည်

diz_admin

April 14, 2020

သင်္ကြန်ပွဲတော်ကာလအတွင်း အခြေခံစားသောက်ကုန်ဆိုင်၊ ဆေးဆိုင်နှင့် စက်သုံးဆီဆိုင်များသာ ဖွင့်ခွင့်ရမည့်ဖြစ်ပြီး အခြားဆိုင်အားလုံး ပိတ်ထားရမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးကျော်မင်းက ပြောသည်။ ယင်းကိစ္စနှင့် ပတ်သက်သည့် အသေးစိတ် ညွှန်ကြားချက်ထွက်ရှိမည်ဖြစ်ပြီး ညွှန်ကြားချက်ထွက်ချိန်တွင် စတင်အသက်ဝင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ “ဈေးဆိုင်တွေက အခြေခံစားသောက်ကုန်တွေ၊ ဆေးဝါးတွေ၊ ဓာတ်ဆီဆိုင်တွေကလွဲရင် ဒီသင်္ကြန်ထဲမှာ အားလုံးပိတ်ထားဖို့ပါ”ဟု ဝန်ကြီးဦးကျော်မင်းက ပြောသည်။ လက်ရှိတွင် သင်္ကြန်တွင်းကာလဖြစ်သည့်အတွက် ဆိုင်အများစု ပိတ်ထားပြီးဖြစ်သည်။ ဈေးများတွင် ဈေးရောင်းချသူနှင့် ဝယ်ယူသူအားလုံး နှာခေါင်းစည်းတပ်ဆင်ရန် ညွှန်ကြားထားသည်။ ကိုဇော်