စုပေါင်းခေါင်းဆောင်မှု အကြပ်အတည်းအပေါ် စကားဝိုင်း ဆွေးနွေးပွဲလုပ်မည်
Dawei Watch
May 6, 2024စုပေါင်းခေါင်းဆောင်မှု အကြပ်အတည်းအပေါ် ရှုထောင့်ပေါင်းစုံက ချဉ်းကပ်ဆွေးနွေးမည့် စကားဝိုင်းကို မေလ ၇ ရက်ညတွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ ထုဆစ်မျှော်ရည် တနင်္သာရီ အစီအစဉ်၏ တတိယအကြိမ်မြောက် စကားဝိုင်းဆွေးနွေးပွဲဖြစ်ပြီး မေလ ၇ ရက်ည ၇ နာရီတွင် Dawei Watch သတင်းဌာနအပြင် အခြားသတင်းဌာနများကလည်း တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်သည်။ ယင်းအစီအစဉ်တွင် “စုပေါင်း ခေါင်းဆောင်မှုအကြပ်အတည်း ဘယ်လိုဖောက်ထွက်ကြမလဲ” ခေါင်းစဉ်ဖြင့် ဆွေးနွေးကြမည်ဖြစ်သည်။ NUCC အပါအဝင် တနင်္သာရီဒေသနှင့် အခြားသော ဖက်ဒရယ်ယူနစ်အသီးသီးက စုပေါင်းခေါင်းဆောင်မှုကို အခြေပြုပြီးနိုင်ငံရေး တော်လှန်ရေး ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ရာတွင် မလိုအပ်ဘဲ နှောင့်နှေး ကြန့်ကြာ မှုများရှိနေကြောင်း စကားဝိုင်းကို ဦးဆောင်ကျင်းပသည့် MAGGA Initiativeအဖွဲ့ တာဝန်ရှိသူ မယ်ဆုက ပြောသည်။ ထိုကြောင့် ဖက်ဒရယ်စနစ် သွားသည့်အချိန်တွင် […]