BREAKING
January 22, 2025

အလုပ်အကိုင်

ကော့သောင်းမှ ထိုင်းသို့ မှောင်ခိုသွင်းလာသည့် ရော်ဘာ ကီလိုတစ်သောင်းကျော် ဖမ်းမိ

diz_admin

December 3, 2022

ထိုင်းနိုင်ငံ ရနောင်းခရိုင်အတွင်းသို့ ကော့သောင်းနယ်စပ်မှတစ်ဆင့် တရားမဝင် တင်သွင်းလာသော ရော်ဘာ ကီလို ၁၀၀၀၀ ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း အမှတ် ၂၅ ထိုင်းခြေမြန်တပ်ရင်းက ယနေ့ (ဒီဇင်ဘာ ၃) ထုတ်ပြန်သည်။ ရော်ဘာပြားများ မှောင်ခိုတင်သွင်းနေသည်ကို ယမန်နေ့ (ဒီဇင်ဘာ ၂) မှစ၍ စတင်ဖမ်းဆီးရခဲ့ရာမှ ဆက်တိုက်ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း‌ ထုတ်ပြန်ထားသည်။ ယနေ့အထိ ၄ ကြိမ်မြောက် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း ကီလို ၁၀၃၂၅ အလေးချိန်ရှိသော တရားမဝင် ရော်ဘာပြားများကို ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြထားသည်။ ယမန်နေ့ မနက် ၉ နာရီအချိန်ခန့်တွင် ရနောင်းခရိုင် ကရဘူရီဒေသ နမ်းကျူရွာ မြစ်ကမ်းနဘေးတွင် ကီလို ၂၄၂၅ အလေးချိန်ရှိသော တရားမဝင် ရော်ဘာပြားများကို ထိုင်းနိုင်ငံသား ပစ်ကပ်ကားပေါ်မှ ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြထားသည်။ […]

ချင်းမိုင်ကနေ အလုပ်လုပ်ကြမယ်

diz_admin

July 10, 2021

ရုံးသွားစရာ မလိုဘဲ အွန်လိုင်းကနေ တစ်ဆင့် အလုပ်လုပ်နိုင်တဲ့ The Work-from-Anywhere ညွှန်းကိန်းအရ နိုင်ငံခြားသားများအနေနဲ့ နေထိုင်အလုပ်လုပ်ချင်စရာ အကောင်းဆုံးမြို့တွေထဲမှာ ချင်းမိုင်က ကမ္ဘာ့အဆင့် ၃၄ချိတ်ခဲ့ပါတယ်။ ဒီထုတ်ပြန်ချက်အတွက် ကမ္ဘာတစ်ဝန်း လူနေအိမ်ခန်းနဲ့ အခန်းများ အငှားဝန်ဆောင်မှုလုပ်ငန်းတွေကို ရှာဖွေကြည့်ရှုနိုင်တဲ့ Search engine တစ်ခုဖြစ်တဲ့ Netspick ကနေပြီးတော့ စစ်တမ်းကောက်ယူခဲ့တာဖြစ်ပါတယ်။ ကုန်ကျစရိတ်နဲ့အခြေခံအဆောက်အဦ၊ ဥပဒေနဲ့လွတ်လပ်ခွင့်၊ နေပျော်မှု စတဲ့ အချက် ၁၆ ချက်ကို အခြေခံဆန်းစစ်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးမှ မြို့ပေါင်း ၇၅ မြို့ကို နှိုင်းယှဉ် တွက်ချက်ထားခြင်းဖြစ်ပါတယ်။ကိုဗစ်ကာကွယ်ဆေး အပြည့်အဝထိုးနှံပြီးသည့် လူဦးရေစာရင်းကိုလည်း ဤထုတ်ပြန်ချက်မှာ ထည့်သွင်းစဉ်းစားထားပါတယ်။ သြစတေးလျနိုင်ငံ မဲလ်ဘုန်းမြို့ကတော့ ကမ္ဘာ့အဆင့်(၁) သတ်မှတ်ခံရပါတယ်။ သူ့နောက်မှာတော့ ဒူဘိုင်း၊ ဆစ်ဒနီ၊ တာလင်းန်(အက်စတိုးနီးယားနိုင်ငံ)၊ လန်ဒန်၊ တိုကျို၊ စင်ကာပူ၊ […]

ဆောက်လုပ်ရေးကုမ္ပဏီအများစု အခက်တွေ့၊ အလုပ်သမားများ အလုပ်အနားခံရ

Ba Maung

June 25, 2021

ဘဏ်တွင်ငွေထုတ်ရန် ခက်ခဲမှု၊ ငွေကြေးဖောင်းပွမှုတို့ကြောင့် ဌာနဆိုင်ရာ တင်ဒါ တည်ဆောက်ရေးလုပ်ငန်းများ အခက်တွေ့နေရကြောင်း တနင်္သာရီတိုင်းဒေသကြီး အခြေစိုက် ဆောက်လုပ်ရေးကုမ္ပဏီတို့ ထံမှ သိရသည်။ ယင်းအပြင် တနင်္သာရီတိုင်းတွင် အလုပ်မှ ရပ်နားခိုင်းလိုက်ရသော ဆောက်လုပ်ရေး အလုပ်သမား သောင်းချီရှိနိုင်ကြောင်း တနင်္သာရီတိုင်းအတွင်းရှိ ဆောက်လုပ်ရေးကုမ္ပဏီအချို့က ခန့်မှန်းကြသည်။ တည်ဆောက်ရေးလုပ်ငန်းလုပ်ကိုင်ရာတွင် အဆောက်အအုံ သို့မဟုတ် လမ်းတံတား တည်ဆောက်ပြီးစီးမှုရာခိုင်နှုန်းအလိုက် ငွေထုတ်ယူရသည်။ထိုသို့ငွေထုတ်ယူရာတွင် သက်ဆိုင်ရာဌာနများက ဘဏ်ချက်လက်မှတ်ဖြင့်သာ ပေးချေကြသည်။ ယင်းဘဏ်ချက်လက်မှတ်ဖြင့် မြန်မာ့စီးပွားရေးဘဏ်တွင် ထုတ်ခွင့်ရသည့်ငွေပမာဏကန့်သတ်ချက်များကြောင့် ပစ္စည်းဖိုးနှင့် အလုပ်သမားခပေးချေရာတွင် ငွေကြေးလည်ပတ်မှု အခက်အခဲဖြစ်နေကြသည်။ တနင်္သာရိတိုင်းအတွင်း မှတ်ပုံတင်ထားသည့် ဆောက်လုပ်ရေးကုမ္ပဏီ ၄၀၀ ကျော်ရှိပြီး လက်ရှိအနေအထားအတိုင်း ဆက်သွားပါက ကုမ္ပဏီအငယ်စားအများစုမှာ ရပ်နားရမည့် အခြေအနေရှိကြောင်း တိုင်းဒေသကြီးဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌက ပြောသည်။“အင်အားကြီးတဲ့ကုမ္ပဏီတွေဆို ကျားကန်ပေးပြီးတောင့်ခံထားပေးလို့ နိုင်သေးတယ်ပေါ့နော်” […]

မြိတ်ခရိုင်အတွင်းရှိ ရေလုပ်သားသောင်းချီ မဲပေးခွင့် ဆုံးရှုံးနိုင်ဖွယ်ရှိ

diz_admin

November 1, 2020

“မနက်ဖြန်ဆို လှေပြန်ထွက်ရတော့မယ်။ ကျွန်တော်တို့လည်း မဲထည့်ချင်တာပေါ့။ ဒီကိစ္စကို ဘယ်သူမှ မစီစဉ်ပေးတော့ ကျွန်တော်တို့ရေလုပ်သား အများစုမှာ မဲထည့်ခွင့် ဆုံးရှုံးရတော့မယ်” ဟု ၎င်းကပြောသည်။

ကိုဗစ်ကာလ အလုပ်ရှာဖွေသူ မြင့်တက်

diz_admin

July 27, 2020

ထားဝယ်မြို့ အာဇာနည်လမ်းမပေါ်ရှိ ဖုန်းအော်ပရေတာ အရောင်းပြခန်း တစ်ခုအရှေ့တွင် ဇူလိုင်လ ၂၁ ရက်က ရာနှင့်ချီသော လူအုပ်တစ်ခု တိုးဝှေ့အလုပ်လျှောက်နေကြသည်။ အဆိုပါ ဖုန်းအော်ပရေတာ၏ မီတာဘေဝန်ဆောင်မှုအသစ်အတွက် ခန့်ထားမည့် ကွင်းဆင်းဝန်ထမ်း ၁၅၀ ဦးအတွက် တိုးဝှေ့အလုပ်လျှောက်နေကြခြင်း ဖြစ်သည်။ စုစုပေါင်းလျှောက်ထားသူ ခြောက်ရာကျော်ရှိကြောင်း အဆိုပါဖုန်းအော်ပရေတာ အရောင်းပြခန်း ဖေ့စ်ဘုတ်စာမျက်နှာတွင် ရေးသားထားသည်။ အဆိုပါ မီတာဘေဝန်ဆောင်မှုအတွက် အလုပ်လျှောက်သူအချို့ကို မေးမြန်းကြည့်ရာ အလယ်တန်းကျောင်းသူ၊ ကျောင်းသားများ၊ တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားများ၊ မူကြို ဆရာမနှင့် ကျေးလက်နေသူများ စသည်ဖြင့် နယ်ပယ်စုံ နေရပ်စုံမှ ဖြစ်သည်။ လျှောက်လွှာမရတော့သဖြင့် ပြန်သွားရသူများလည်း ရှိသည်။ ထို့အတူပင် အစိုးရဌာနဆိုင်ရာ အလုပ်များအတွက်လည်း အလုပ်လျှောက်ထားသူများ မြင့်တက်လာနေကြောင်း တနင်္သာရီတိုင်း အလုပ်သမားဦးစီးဌာန ညွန်ကြားရေးမှူး ဒေါ်မိုးမိုးသွင်က ပြောသည်။ […]

ပြည်ပပြန် ဆောက်လုပ်ရေးကျွမ်းကျင် ရွှေ့ပြောင်းလုပ်သားများ အလုပ်လာလျှောက်သူ မရှိ

diz_admin

July 20, 2020

ပြည်ပမှပြန်လာသည့် ဆောက်လုပ်ရေးကျွမ်းကျင် ရွှေ့ပြောင်းလုပ်သားများအတွက် အလုပ်ခေါ်ယူခဲ့သော်လည်း တိုင်းအတွင်း လာရောက်လျှောက်ထားသူ မရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းထံမှ သိရသည်။ ကိုဗစ်ကာလတွင် ပြည်ပနိုင်ငံအသီးသီးမှ ပြန်လာသည့် ဆောက်လုပ်ရေးကျွမ်းကျင်လုပ်သားများကို ပြည်တွင်း၌ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရန်အတွက် မြန်မာနိုင်ငံဆောက် လုပ်ရေးလုပ်ငန်းရှင်များအသင်းက ဇူလိုင် လ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ အလုပ်ခေါ်ယူခဲ့သော်လည်း တနင်္သာရီတိုင်းတွင် လာရောက်လျှောက်ထားသူ တစ်ဦးမျှ မရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးကျော်မင်းမင်းလတ်က ပြောသည်။ “ကျွန်တော်လည်း မျှော်နေတာပဲ။ ကျွန်တော်တို့ တိုင်းကို ဝင်လာတဲ့အထဲမှာ အဲ့ဒီလုပ်ငန်းနဲ့ ပက်သက်တဲ့လူ နည်းလို့ပဲ ကျွန်တော်ထင်ပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့ ပြောတာကို လက်လှမ်းမမီလို့ မသိလိုက်တာလည်း ဖြစ်နိုင်တယ်” ဟု ဦးကျော်မင်းမင်းလတ်က ဆိုသည်။ ပြည်ပပြန် […]

ကျေးရွာ ၁၁ ရွာတွင် စားသောက်ကုန်နှင့် လူသုံးကုန်ထုတ်လုပ်မှု သင်တန်းပေးမည်

diz_admin

July 7, 2020

တိုင်းအတွင်းရှိ ကျေးရွာ ၁၁ ရွာတွင် စားသောက်ကုန်နှင့် လူသုံးကုန် ပစ္စည်းထုတ်လုပ်မှုသင်တန်းပေးမည်ဖြစ်ကြောင်း တိုင်းဒေသကြီးအသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။ ကိုဗစ်ကာလတွင် ဒေသခံပြည်သူများ၏ စီးပွားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ အနည်းနှင့်အများ ထိခိုက်မှုများရှိခဲ့သဖြင့် ယင်းကို ပြန်လည်ကုစားနိုင်ရန်အတွက် သင်တန်းများ ထပ်မံဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း အထက်ပါဌာနမှ လက်ထောက်ညွှန် ကြားရေးမှူး ဦးကိုကိုသက်က ပြောသည်။ “အဓိကတော့ ဒေသခံပြည်သူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်း ရရှိအောင်ပေါ့” ဟု ဦးကိုကိုသက်က ဆို သည်။ စားသောက်ကုန်သင်တန်းတွင် သစ်သီးယိုထိုးနည်းများ၊ သစ်သီး ဖျော်ရည်လုပ်နည်း၊ ကိတ်လုပ်နည်း အမျိုးမျိုး၊ ဂျယ်လီလုပ်နည်း၊ တာရှည်ခံဆေး အသုံးပြုနည်း၊ အလှကုန်သင်တန်းတွင် ဆပ်ပြာလုပ်နည်း၊ ခေါင်းလျှော် ရည်လုပ်နည်း၊ အသားလှဆီလုပ်နည်း စသည်တို့ကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း ဦးကိုကိုသက်က ပြောသည်။ သင်တန်းကို ဇူလိုင် ၁၅ […]

ပြည်ပပြန် ဆောက်လုပ်ရေးကျွမ်းကျင်ရွှေ့ပြောင်းလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်း

diz_admin

July 6, 2020

ပြည်ပမှပြန်လာသည့် ဆောက်လုပ်ရေးကျွမ်းကျင် ရွှေ့ပြောင်းလုပ်သားများ အလုပ်လာလျှောက်နိုင်ပြီဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ဆောက်လုပ် ရေးဆိုင်ရာလုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။ COVID-19 ကာလတွင် ပြည်ပနိုင်ငံအသီးသီးမှ ပြန်လာသည့် ဆောက်လုပ်ရေးကျွမ်းကျင်လုပ်သားများကို ပြည်တွင်း ဆောက်လုပ်ရေးလုပ်ငန်းများရှိ လိုအပ်သောနေရာများတွင် အလုပ်ခန့် အပ်သွားမည်ဖြစ်ကြောင်း အထက်ပါ အသင်းဥက္ကဋ္ဌ ဦးကျော်မင်းမင်းလတ်က ပြောသည်။ “ဦးတည်တာကတော့ ပြန်တော်ပြန် တွေ ပြန်ဝင်လာသူတွေ အလုပ်လက်မဲ့ဖြစ် နေတဲ့ အခက်အခဲကို ဖြေရှင်းပေးနိုင် အောင်ပေါ့။ နိုင်ငံတော်ဘက်ကလည်း ကိုဗစ်ကာလမှာ တော်တော်အခက်အခဲ ဖြစ်တယ်လေ။ ကိုယ့်နိုင်ငံပြန်လာတာ ကိုယ့်နိုင်ငံသားတွေပဲလေ။ သူတို့ အလုပ် လက်မဲ့မဖြစ်ရအောင် သူတို့ မိသားစုတွေ စား၊ ဝတ်၊ နေ၊ ရေး အဆင်ပြေအောင် ကျွန်တော်တို့ နိုင်တဲ့အပိုင်းက ဝင်ပြီးတော့ ကူညီပေးတဲ့ သဘောပါ” ဟု ဦးကျော်မင်းမင်းလတ်က […]