BREAKING
September 19, 2024

ပညာေရး

နဝမတန်းနှင့် ဒသမတန်းသင်ရိုးအသစ်တွင် ဘာသာတွဲ လေးခုသာ ကျန်

diz_admin

March 13, 2020

အခြေခံပညာ နဝမတန်းနှင့် ဒသမ တန်း ယခင်သင်ရိုးအဟောင်းတွင် ဘာသာတွဲ ၇ တွဲအထိရှိသော်လည်း သင်ရိုးအသစ်တွင် ဘာသာတွဲ လေးတွဲသာ ကျန်ရှိတော့ကြောင်း အခြေခံပညာ ဦးစီးဌာနက ပို့ချသည့် သင်ရိုးသစ် အကြောင်း သင်တန်းတက်ရောက်ခဲ့သည့် ထားဝယ် အ.ထ.က (၇) မှ အထက် တန်းပြ ဒေါ်ခိုင်စပယ်ဝင်းက ပြောသည်။ လာမည့် ၂၀၂၀-၂၁ ပညာသင် နှစ်တွင် နဝမတန်းသင်ရိုးအသစ်ကို စတင် ကျင့်သုံးတော့မည် ဖြစ်သည်။ ယင်းအတွက်ကြောင့် လာမည့် ပညာသင်နှစ်တွင် နဝမတန်းတက်မည့် ကျောင်းသား၊ ကျောင်းသူများသည် သင်ရိုးသစ်အရ ဘာသာတွဲ လေးတွဲ အနက် မိမိကြိုက်နှစ်သက်ရာအတွက်ကို ရွေးချယ် သင်ယူရမည် ဖြစ်သည်။ ယင်းဘာသာတွဲလေးတွဲကို STEAMS 1၊ STEAMS 2၊STAMS 1၊ STAMS […]

မလိုအပ်သည့် အခမ်းအနားများမလုပ်ရန် ပညာရေးဝန်ကြီးဌာန ညွှန်ကြား၊ တက္ကသိုလ်ကျောင်းသင်္ကြန် ဆက်ကျင်းပမည်

diz_admin

March 11, 2020

ကိုရိုနာဗိုင်းရပ်စ် ဂယက်ကြောင့် မလိုအပ်သည့် အခမ်းအနားများ မကျင်းပရန် ပညာရေးဝန်ကြီးဌာနအောက်ရှိဌာနများ အားလုံးကို ညွှန်ကြားထားသော်လည်း ထားဝယ်မြို့ရှိ ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်တို့က ကျောင်းသင်္ကြန်ကို ဆက်လက်ကျင်းပမည်ဖြစ် ကြောင်းသိရသည်။ ပညာရေးဝန်ကြီးဌာနက ကိုရိုနာ ဗိုင်းရပ်စ်(ပြင်းထန် အဆုတ်ရောင်ရောဂါ) ဂယက်ကြောင့် လူစုလူဝေးဖြင့် ပြုလုပ်ရ မည့် အခမ်းအနားများကို တတ်နိုင်သ လောက် ရှောင်ရှားရန်နှင့် မဖြစ်မနေလုပ် ဆောင်ရမည့် အခမ်းအနားများရှိပါက လည်း ရက်ရွှေ့ဆောင်ရွက်ရန် မတ်လ ၃ ရက်တွင် ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။ သို့သော် ယင်းညွှန်ကြားစာ မထွက် ခင်ကတည်းက ထားဝယ်မြို့ရှိ တက္ကသိုလ် များမှာ ကျောင်းသင်္ကြန်ပြုလုပ်ရန် အတွက် ကျောင်းသားများထံ ငွေကောက် ခံခြင်း၊ လိုအပ်သည့် ပစ္စည်းများ ဝယ်ယူ ခြင်းတို့ကို ကြိုတင်လုပ်ဆောင်ထားပြီး ဖြစ်နေသည်။ ယင်းအတွက်ကြောင့် […]

အမှိုက်အသိပညာပေး ဇာတ်လမ်းတို ရုပ်ရှင်ရုံတွင်ပြ

diz_admin

March 5, 2020

စွန့်ပစ်အမှိုက်ကိစ္စများအရေး ဆောင်ရွက်ရန်အတွက် ထားဝယ်မြို့တွင် ဖွဲ့စည်းထားသည့် Clean Dawei အဖွဲ့ မှ ရိုက်ကူးထားသော အသိပညာပေး ဇာတ်လမ်းတိုကို ဖေဖော်ဝါရီလ ပထမ အပတ်မှစတင်ကာ အောင်မင်္ဂလာ ရုပ်ရှင်ရုံတွင် ပြသနေပြီဖြစ်သည်။ စက္ကန့်သုံးဆယ်ခန့်သာ ကြာမြင့် သည့် ယင်းအမှိုက်အသိပညာပေး ရုပ်သံ ဇာတ်လမ်းတိုကို လူတိုင်း စနစ်တကျ အမှိုက်စွန့်ပစ်သည့် အလေ့အထ ဖြစ်ပေါ် လာစေရန် ရည်ရွယ် ပြသနေခြင်းဖြစ် ကြောင်း Clean Dawei အဖွဲ့မှ ဦးဆောင်ကော်မတီဝင် တစ်ဦးဖြစ်သူ ဦးအောင်နိုင်ဦးက ပြောသည်။ “လူကြီး၊ လူငယ်မရွေး အဓိက ကတော့ ကလေးတွေပေါ့လေ။ အမှိုက်နဲ့ ပတ်သက်ပြီး အမှိုက်ပုံထဲ ဝင်အောင်ပစ် ရမယ်ဆိုတဲ့အသိ ဝင်လာအောင်ပါ”ဟု ဦးအောင်နိုင်ဦးက ဆိုသည်။ အဆိုပါ ရုပ်သံဇာတ်လမ်းတိုတွင် လူကြီးတစ်ဦးက […]

တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆို ခွင့်ကတ်ပြား ထုတ်မပေးပါက အရေးယူမည်

diz_admin

March 5, 2020

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့် လျှောက်ထားသူ အားလုံးကို ဖြေဆိုခွင့် ကတ်ပြား ထုတ်မပေးပါက အရေးယူမည် ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန က ဖေဖော်ဝါရီ ဒုတိယအပတ်က တက္ကသိုလ်ဝင်တန်း ကြီးကြပ်ရေးမှူး သင်တန်းတွင် ကျောင်းအုပ်ကြီး များကို သတိပေးထားသည်ဟု တိုင်းပညာရေး မှူးရုံးထံမှ သိရသည်။ ပြီးခဲ့သည့်နှစ်က မင်္ဂလာဒုံမြို့နယ် အောင်ဆန်းသူရိယလှသောင်းကျောင်းတွင် အောင်နိုင်ခြေမရှိသည့် ကျောင်းသား၊ ကျောင်းသူများကို အပြင်ဖြေလုပ်ပစ် လိုက်သဖြင့် ယင်းကျောင်း၏ အောင်ချက် ရာခိုင်နှုန်းမှာ ထောင်တက်သွားပြီး ရန်ကုန်တိုင်းတွင် အောင်ချက်အကောင်း ဆုံးဆုကို ရရှိခဲ့သည်ဟု အထက်ပါဌာနမှ တိုင်းပညာရေးမှူး ဒေါ်မြင့်စိန်က ပြော သည်။ ယင်းသို့သောဖြစ်စဉ်များရှိသဖြင့် ဖေဖော်ဝါရီလတွင်ပြုလုပ်သည့် တက္ကသိုလ် ဝင်ခွင့်စာမေးပွဲ ကြီးကြပ်ရေးမှူးသင်တန်း တွင် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးညွှန့် က ကျောင်းအုပ်ကြီးများကို ထပ်မံ သတိပေးခဲ့ခြင်းဖြစ်သည်ဟု […]

မြို့မယဉ်ငေး သာသနာ့ရိပ်သာတွင် ကွန်ပျူတာသင်တန်းသား ခေါ်ယူ

diz_admin

March 3, 2020

ထားဝယ် မြို့မယဉ်ငေးသာသနာ့ ရိပ်သာတွင် ကွန်ပျူတာသင်တန်းပေးရန် အတွက် သင်တန်းသား ခေါ်ယူနေပြီဖြစ်ကြောင်း ကွန်ပျူတာနှင့် နိုင်ငံခြားဘာသာ စကားစင်တာ Center For Computer and Foreign Languages(CCFL) ထံမှ သိရသည်။ သင်တန်းကို မတ်လ ၁၁ ရက်တွင် ထားဝယ် မြို့မယဉ်ငေးသာသနာ့ရိပ်သာ၊ ဗုဒ္ဓကောလိပ်ရုံးခန်း အပေါ်ထပ်တွင် ဖွင့်လှစ်မှာဖြစ်ပြီး ဖေဖော်ဝါရီ တတိယ အပတ်မှစ၍ သင်တန်းသားခေါ်ယူနေပြီ ဖြစ်ကြောင်း CCFL မှ မန်နေဂျင်းဒါရိုက်တာ ကိုနေရာမင်းခန့်က ပြောသည်။ အသက် ၁၄ နှစ်နှင့် အထက်ရှိသူများ လျှောက်ထားနိုင်ပြီး မတ်လ ၃ ရက်တွင် သင်တန်း Fသမာ ဖြည့်ကာ စာရင်းပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။ မိုးမြင့်

ကိုယ်ပိုင်ကျောင်းကြီးကြပ်အုပ်ချုပ်သူ၏ ပညာအရည်အချင်း သတ်မှတ်ချက် ထုတ်ပြန်

diz_admin

March 3, 2020

ကိုယ်ပိုင်ကျောင်းများတွင် ကြီးကြပ် အုပ်ချုပ်သူခန့်ထားရာတွင် အခြေခံ ပညာဦးစီးဌာနက ခန့်ထားသော မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် အလိုက် ကျောင်းအုပ်ကြီးများ၏ ပညာအရည်အချင်းသတ်မှတ်ချက် အတိုင်း ခန့်အပ်ရမည်ဖြစ်ကြောင်း တိုင်းပညာရေး မှူးရုံးထံမှ သိရသည်။ ယင်းသို့ ခန့်အပ်ရန်အတွက် အခြေခံ ပညာဦးစီးဌာနက ၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် ညွှန်ကြားထား ကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။ ကိုယ်ပိုင်ကျောင်း ကြီးကြပ်အုပ်ချုပ် သူခန့်ထားရာတွင် အနည်းဆုံးအဆင့် BE.d ပညာရေးဘွဲ့ရရှိထားသူ၊ အငြိမ်းစား အထက်တန်းကျောင်းအုပ်၊ အလယ်တန်း ကျောင်းအုပ် ဆရာ၊ ဆရာမများနှင့် ပညာရေးဌာနမှ အငြိမ်းစားညွှန်ကြားရေးမှူးများ စသဖြင့် ပညာရေးဘွဲ့ရရှိ ထားသူများကို ခန့်ထားနိုင်ကြောင်း တိုင်းပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြား ရေးမှူး ဦးအောင်စိုးက ဆိုသည်။ တနင်္သာရီတိုင်းမှ ကိုယ်ပိုင်ကျောင်းများမှာ စတင်တည်ထောင်စဉ်ကတည်းကပင် တိုင်းပညာရေးမှူးရုံးမှ […]