BREAKING
September 16, 2024

ပညာေရး

မြန်မာစာသင်ကျောင်းများ ပိတ်သိမ်းခံရမှုကို လွှတ်တော်တွင်ဆွေးနွေးရန် ထိုင်းလွှတ်တော်အမတ်တိုက်တွန်း

Dawei Watch

September 10, 2024

ထိုင်းနိုင်ငံတစ်ဝန်းရှိ မြန်မာစာသင်ကျောင်းများ ပိတ်သိမ်းခံနေရသဖြင့် မြန်မာကလေးငယ်များ၏ ပညာသင်ယူခွင့်ကို အကာအကွယ်ပေးရေး လွှတ်တော်အတွင်းဆွေးနွေးရန် The Fair Party ၏ လွှတ်တော်အမတ် Kannavee Suebsang က စက်တင်ဘာလ ၉ ရက်နေ့တွင် ၎င်း၏အင်တာနက်လူမှုကွန်ရက်မှတစ်ဆင့် တိုက်တွန်းလိုက်သည်။ Kannavee Suebsang သည် နယ်စပ်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားအရေးနှင့် မြန်မာနိုင်ငံအရေးလှုပ်ရှားမှုများတွင် ပါဝင်ဆွေးနွေးကာ တိုက်တွန်းနေသည့် လွှတ်တော်အမတ်တစ်ဦးဖြစ်သည်။ ထိုင်းပညာရေးအက်ဥပဒေအောက်တွင် တရားဝင် မှတ်ပုံတင်ထားခြင်းမရှိသဖြင့် ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီမြို့ရှိ မေတ္တာရိပ် မြန်မာရွှေ့ပြောင်းစာသင်ကျောင်းကို စက်တင်ဘာလ ၄ ရက်နေ့တွင် ထိုင်းအစိုးရပိတ်သိမ်းခဲ့သည်။ အဆိုပါမေတ္တာရိပ်မြန်မာစာသင်ကျောင်းတွင် မြန်မာကလေးငယ် တစ်ထောင်ကျော် ပညာသင်ယူလျက်ရှိသည်။ ထို့အပြင် စူရတ်ဌာနီခရိုင်ရှိ အခြားမြန်မာစာသင်ကျောင်း ငါးကျောင်းကိုလည်း ပိတ်သိမ်းရန် ညွှန်ကြားထားသဖြင့် ကလေးငယ် ထောင်ပေါင်းများစွာ ပညာသင်ယူခွင့် ဆုံးရှုံးနေသည်။ စူရတ်ဌာနီခရိုင် […]

အပိတ်ခံလိုက်ရသည့် ထိုင်းတောင်ပိုင်းက မြန်မာရွှေ့ပြောင်းကျောင်း ဆက်ဖွင့်ခွင့်ရနိုင်မလား

Dawei Watch

September 5, 2024

ဦးထူးချစ် (အမှုဆောင်ဒါရိုက်တာ၊ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED))နှင့် တွေ့ဆုံခြင်း ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီမြို့၊ ဘန်ကူးရပ်ကွက်ရှိ မြန်မာကျောင်းသား တစ်ထောင်ကျော်ရှိ မေတ္တာရိပ်မြန်မာစာသင်ကျောင်းကို ပိတ်သိမ်းရန် စူရတ်ခရိုင်တာဝန်ရှိသူများက စက်တင်ဘာလ ၄ ရက်နေ့တွင် ညွှန်ကြားလိုက်သည်။ ယင်း မြန်မာစာသင်ကျောင်းပြန်ဖွင့်ခွင့်ရနိုင်မည့်အခြေအနေ၊ ရွှေ့ပြောင်းမြန်မာကလေးများ၏ ပညာသင်ယူခွင့် အစရှိသည့် အကြောင်းအရာများနှင့်ပတ်သက်၍ ထိုင်းတောင်ပိုင်း ဖန်ငခရိုင်ရှိ ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) ၏ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်အား ဆက်သွယ်မေးမြန်းထားသည်။ DW ။ မြန်မာရွှေ့ပြောင်းကလေး တစ်ထောင်ကျော် ပညာသင်နေတဲ့ စူရတ်ဌာနီက မေတ္တာရိပ် မြန်မာစာသင်ကျောင်း ကို ၂၀၀၇ ခုနှစ် ပုဂ္ဂလိကကျောင်းများအက်ဥပဒေအရ လုပ်ကိုင်ခွင့်မရှိဘဲ လုပ်နေတယ်ဆိုပြီး ထိုင်းအာဏာပိုင်တွေက မနေ့က ပိတ်ခိုင်းလိုက်တယ်ပေါ့နော်။ ဆိုတော့ အခုလို ပိတ်ခိုင်းလိုက်တဲ့အတွက် ကလေးတွေ ပညာတစ်ပိုင်းတစ်စ […]

အပိတ်ခံလိုက်ရသည့် မေတ္တာရိပ်မြန်မာစာသင်ကျောင်း၏ ကျောင်းအုပ်ကြီးနှင့် တွေ့ဆုံခြင်း

Dawei Watch

September 5, 2024

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီမြို့က ကျောင်းသားတစ်ထောင်ကျော်ရှိ မေတ္တာရိပ်မြန်မာစာသင်ကျောင်းကို စူရတ်ခရိုင်တာဝန်ရှိသူများက စက်တင်ဘာလ ၄ ရက်နေ့က ပိတ်သိမ်းခိုင်းလိုက်သည်။ အဆိုပါကျောင်းမှာ ထိုင်းပညာရေးဝန်ကြီးဌာန၏ ၂၀၀၇ ခုနှစ် ပုဂ္ဂလိကကျောင်းများအက်ဥပဒေအရ တည်ထောင် လုပ်ကိုင်ခွင့်မရှိဘဲ လုပ်ဆောင်နေသည့်အတွက် ပိတ်လိုက်ခြင်းဟု ထိုင်းအာဏာပိုင်များက ထုတ်ပြန်ထားသည်။ အဆိုပါကျောင်းတွင် ထားဝယ်ဒေသခံကလေးအများစုအပါအဝင် မြန်မာနိုင်ငံသားရွှေ့ပြောင်းကလေး ၁၂၀၀ ဝန်းကျင် က မူကြိုမှ အထက်တန်းအဆင့်အထိ ပညာသင်ယူနေခြင်းဖြစ်သည်။ ယင်း မြန်မာစာသင်ကျောင်းပြန်ဖွင့်ခွင့်ရနိုင်မည့်အခြေအနေ၊ ရွှေ့ပြောင်းမြန်မာကလေးများ၏ ပညာသင်ယူခွင့် အစရှိသည့် အကြောင်းအရာများနှင့်ပတ်သက်၍ မေတ္တာရိပ်မြန်မာစာသင်ကျောင်း၏ ကျောင်းအုပ်ကြီး ဦးဇော်ခိုင်မျိုးအား ဆက်သွယ်မေးမြန်းထားသည်။ DW ။ အခုလိုမျိုး ထိုင်းအာဏာပိုင်တွေဘက်က ပိတ်ခိုင်းလိုက်တာဆိုတော့ ကျောင်းဆက်ဖွင့်ခွင့်ရဖို့အတွက် ဘယ်လိုဆက်လုပ်ဖို့ စီမံထားလဲခင်ဗျား။ ဖြေ ။ ကျောင်းဆက်ဖွင့်ဖို့အတွက် သူဌေးက ဘန်ကောက်အထိတက်ပြီးတော့ တာဝန်ရှိသူတွေနဲ့သွားဆွေးနွေးပြီး အားချင်းပြန်ဖွင့်လို့ရအောင် လိုက်လုပ်မယ်ပေါ့နော်။ […]

ထိုင်းတောင်ပိုင်းက မေတ္တာရိပ်မြန်မာစာသင်ကျောင်းကိုချက်ချင်းပိတ်ရန် ထိုင်းအစိုးရညွှန်ကြား

Dawei Watch

September 5, 2024

ကျောင်းသားတစ်ထောင်ကျော်ရှိ ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီမြို့၊ ဘန်ကူးရပ်ကွက်ရှိ မေတ္တာရိပ်မြန်မာစာသင်ကျောင်းကို ချက်ချင်းပိတ်ရမည်ဟု ထိုင်းအစိုးရတာဝန်ရှိသူများက စက်တင်ဘာလ ၄ ရက်နေ့တွင် ညွှန်ကြားလိုက်သည်။ အဆိုပါကျောင်းမှာ ထိုင်းပညာရေးဝန်ကြီးဌာန၏ ၂၀၀၇ ခုနှစ် ပုဂ္ဂလိကကျောင်းများ အက်ဥပဒေအရ တည်ထောင် လုပ်ကိုင်ခွင့်မရှိဘဲ လုပ်ဆောင်နေသည့်အတွက် လုပ်ငန်းအားလုံးရပ်ဆိုင်းထားရန်နှင့် ဥပဒေအရ အရေးယူဆောင်ရွက်နေကြောင်းပါသည့် ဗီနိုင်းပြားကို ထိုင်းဘာသာဖြင့်ရေးသားပြီး ကျောင်းရှေ့တွင် အာဏာပိုင်များက လာကပ်ထားခြင်းဖြစ်သည်။ အဆိုပါကျောင်းတွင် ထားဝယ်ဒေသခံကလေးအများစုအပါအဝင် မြန်မာနိုင်ငံသားရွှေ့ပြောင်းကလေး ၁၂၀၀ ဝန်းကျင် က မူကြိုမှ အထက်တန်းအဆင့်အထိ ပညာသင်ယူနေခြင်းဖြစ်သည်။ လက်ရှိတွင် ကျောင်းပြန်ဖွင့်ခွင့်ရရေးအတွက် ဘန်ကောက်မြို့ရှိ ထိုင်းအာဏာပိုင်များနှင့် ဆွေးနွေးရန်ပြင်ဆင်နေပြီး အမြန်ဆုံးပြန်ဖွင့်ခွင့်ရမည်ဟု မျှော်လင့်ထားကြောင်း မေတ္တာရိပ်မြန်မာစာသင်ကျောင်း၏ ကျောင်းအုပ်ဆရာကြီး ဦးဇော်ခိုင်မျိုးက ဆိုသည်။ “လက်ရှိလည်းပဲ ဌာနပိုင်းဆိုင်ရာတွေကို မေးမြန်းပြီးတော့ လိုက်လုပ်နေတယ်ပေါ့။ (ထိုင်း)လွှတ်တော်အထိ လိုက်လုပ်နေတယ်ခင်ဗျား”ဟု ဦးဇော်ခိုင်မျိုးက […]

ယမ်းငွေ့များကြား ဖူးပွင့်ခွင့်မရသည့် ပန်းကလေးများ

diz_admin

December 4, 2022

ကျောင်းစာသင်ခန်းနှင့် သုံးနှစ်ဝေးကွာသွားပြီဖြစ်သည့် လူမမယ်အရွယ် သားသမီးသုံးဦးအရေးကြောင့် မယု (အမည်လွှဲ) စားမဝင်၊ အိပ်မပျော်ဖြစ်နေရသည်။ ပညာမတတ်လျှင် မိဘများကဲ့သို့ပင် ဘဝကို ပင်ပင်ပန်းပန်း ဆင်းဆင်းရဲရဲ ဖြတ်သန်းရမည်ကို တွေးပူကာ သောက ရောက်နေခြင်းဖြစ်သည်။ “ကလေးတွေရဲ့ဘဝ ကျွန်မတို့လိုဖြစ်လာမလား တွေးပြီး စားမဝင်အိပ်မပျော်ဖြစ်ရတယ်။ စာမတတ်ရင် ရွာမှာက ကျွဲလိုနွားလို ရုန်းကန်မှထမင်းစားရမှာကိုး” ဟု မယုက ပြောသည်။ တနင်္သာရီမြို့နယ် လယ်သစ်ရွာသူ အသက် ၃၈နှစ်အရွယ်ရှိ မယုတွင် ၇ တန်း၊ ၄ တန်းနှင့် သူငယ်တန်းနေ ကလေး သုံးဦးရှိသည်။ လက်ရှိတွင် ၎င်း၏ ကလေးငယ်များ ကျောင်းမတက်ရသည်မှာ ၃ နှစ်တင်းတင်း ပြည့်နေပြီဖြစ်သည်။ တနင်္သာရီတိုင်းတွင် ကျောင်းမတက်ကြရသည်မှာ မယု၏ ကလေးတို့သာမဟုတ်။ နိုင်ငံရေးပဋိပက္ခကြားတွင် ရင်သွေးများစွာ၏ လှပသည့်အနာဂတ်မှာ တစ်စတစ်စ […]

ရေဖြူမြို့နယ်ပညာရေးမှူးရုံးဝင်းထဲတွင် ဗုံးပေါက်

diz_admin

June 20, 2022

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ပညာရေးမှူးရုံးဝင်းထဲတွင် ဇွန်လ ၁၉ ရက်ည ၉ နာရီခွဲခန့်တွင် ဗုံးပေါက်ကွဲကြောင်း အဆိုပါမြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ရုံးအဆောက်အအုံ အနောက်ဘက် ခုနစ်ပေခန့်အကွာရှိ အမျိုးသားအိမ်သာနှင့် မိလ္လာကန်ကြားတွင် ပေါက်ကွဲခြင်း ဖြစ်သဖြင့် မိလ္လာကန် ၁ ပေပတ်လည်ခန့် ပေါက်ကွဲပျက်စီးကြောင်း ၎င်းက ဆိုသည်။ သို့သော် ရုံးအဆောက်အအုံ ထိခိုက်ပျက်စီးခြင်း၊ လူထိခိုက်ခြင်း မရှိခဲ့ကြောင်း အထက်ပါတာဝန်ရှိသူက ပြောဆိုသည်။ “ဒီဟာနဲ့ ပတ်သက်ပြီးတော့ ဘာမှ ထွေထွေထူးထူး ပြောစရာမရှိပါဘူး။ သူတို့ခံယူချက်နဲ့ သူတို့လုပ်တာဆိုတော့လေ။ အဓိကတော့ ဒီပညာသင်ကြားနေတဲ့ ကလေးတွေအပေါ်မှာတော့ ထိခိုက်အောင်တော့ မလုပ်စေချင်ဘူးပေါ့ဗျာ” ၎င်းက ပြောသည်။ အဆိုပါ ဗုံးဖောက်ခွဲမှုကို မည်သည့်အဖွဲ့က မည်သည့်အကြောင်းအရင်းကြောင့် လုပ်ဆောင်ခဲ့သည်ကို အတည်မပြုနိုင်သေးပေ။ ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့ကလည်း […]