BREAKING
February 23, 2025

ကျန်းမာရေး

မွန်တွင် ကိုဗစ်ရောဂါပိုး ရှိ/မရှိ စစ်ဆေးနိုင်တော့မည်

diz_admin

June 8, 2020

ကိုဗစ်ရောဂါပိုး ရှိ မရှိကို မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ဇွန်လ ၄ ရက်နေ့မှစပြီး စစ်ဆေးနိုင်တော့မည်ဟု မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါက်တာထွန်း အောင်ကြည်က ပြောသည်။ မွန်ပြည်နယ်ရှိ တီဘီရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ဇီဝလုံခြုံရေးအဆင့် ၃ ရှိ ဓာတ်ခွဲခန်းကို ကိုဗစ်ရောဂါပိုးဓာတ်ခွဲခန်းအဖြစ် အသုံးပြုစစ်ဆေး သွားမည်ဖြစ်သည်။ ဓာတ်ခွဲခန်း ဝန်ထမ်းလိုအပ်ချက်ကြောင့် ရောဂါပိုး ရှိ မရှိ စစ်ဆေးခြင်းကို အစပိုင်းတွင် တစ်ပတ်လျှင် ၃ ရက်၊ တစ်ရက်လျှင် လူ ၉၀ ဦးကို စစ်ဆေးသွားမည်ဖြစ်ပြီး နောက်ပိုင်းတွင် တစ်ရက်လျှင် လူ ၂၈၀ ဦးအထိ စစ်ဆေးနိုင်မည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးမှူး ဒေါက်တာထွန်းအောင်ကြည်က ပြောသည်။ အဆိုပါ ဓာတ်ခွဲခန်းတွင် မွန်ပြည်နယ်အပြင် ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ ကိုဗစ်ရောဂါစောင့်ကြည့်လူနာများကို ဓာတ်ခွဲစစ်ဆေးနိုင်ရန် […]

ကိုဗစ်ကာလ ရဲဒုက္ခ

diz_admin

June 8, 2020

ကိုဗစ်ကပ်ဘေးဂယက်က လူထု လူတန်းစားအလွှာအားလုံးကို ခြိမ်းခြောက်နိုင်စွမ်းရှိနေသည်။ ယင်းခြိမ်းခြောက်မှုက စိတ်ပိုင်းဆိုင်ရာမလုံခြုံသည့် သောကများဖြစ်ပေါ်စေခြင်းပင် ဖြစ်သည်။ ကပ်ဘေး၏ ခြိမ်းခြောက်မှုက သာမန်ပြည်သူများအပြင် ဥပဒေချိုးဖောက်သည့် လူဆိုးကို ရင်ဆိုင်ဖမ်းဆီးနေသည့် ရဲတပ်ဖွဲ့ဝင်များလည်း စိတ်မလုံခြုံမှုများ၊ စိုးရိမ်သောကများ ခံစား ရစေသည်။ကိုရိုနာရောဂါပိုးက နှာချေချောင်းဆိုးခြင်း၊ စကားပြောဆိုခြင်းမှ တစ်ဆင့် ၃ ပေမှ ၆ ပေအထိ ပျံ့နှံနိုင်သည်ဟု ကျန်းမာရေးဌာနက ထုတ်ပြန်ထားသည်။ ထိုကြောင့် တစ်ဦးနှင့် တစ်ဦး အနည်းဆုံး ၃ ပေအကွာမှ ပြောဆိုဆက်ဆံရန် ထုတ်ပြန်ထားသည်။ရဲတပ်ဖွဲ့ဝင်များကမူ အလုပ်တာဝန်အခြေအနေအရ ယင်းညွှန်ကြားချက်အတိုင်း လုပ်ကိုင်ဆောင်ရွက်ရန် မဖြစ်နိုင်ပေ။ ရဲတပ်ဖွဲ့က တရားခံဖမ်းဆီးချိန်တွင် လုံးထွေးဖမ်းဆီးရခြင်း၊ ခန္ဓာကိုယ်ပေါ်တွင် ရှာဖွေရခြင်း၊ ဖမ်းဆီးပြီးနောက် စစ်ဆေးမေးမြန်းရခြင်းစသည့် လုပ်ဆောင်ချက်များကို ၃ ပေအကွာမှ လုပ်ဆောင်ရန်မဖြစ်နိုင်ခြင်းကြောင့် ဖြစ်သည်။ ထိုကဲ့သို့ လုပ်ဆောင်ချိန်တွင် […]

ကပ်ဘေးအလွန် ခရီးသွားကဏ္ဍ ဘယ်လိုရုန်းထမလဲ

diz_admin

June 8, 2020

ကိုဗစ်ကပ်ဘေးသည် ပြည်သူများ၏ ကျန်းမာရေးသာမက လူမှုစီးပွားဘဝများကို ကိုင်လှုပ်ပစ်လိုက်သည်။ အမျိုးမျိုးသော လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် အခြေခံ စဉ်းစား၊ ဆင်ခြင်ချက်များ ရရှိနိုင်ရေး ရည်ရွယ်ကာ ကိုဗစ်အထူး ကဏ္ဍကို ဖွင့်လှစ်လိုက်ပါသည်။ အယ်ဒီတာ လွန်ခဲ့သော နှစ်လကျော် သုံးလခန့် ကစ၍ ကမ္ဘာတစ်ဝန်းရှိ နာမည်ကျော် ကမ်းခြေများ၊ ဈေးဝယ်စင်တာများနှင့် လည်ပတ်စရာ နေရာများအားလုံးလိုလို ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဘေးကြောင့် ပိတ်သွားခဲ့ သည်။ နိုင်ငံခြားသား ခရီးသွားများဖြင့် စည်ကားနေလေ့ရှိသော လမ်းမများမှာလည်း တိတ်ဆိတ်ခြောက်ကပ်လျက်။ မီးခိုးတိတ် စီးပွားရေးလုပ်ငန်းကြီး ဖြစ်သော ခရီးသွားကဏ္ဍ တဟုန်ထိုး ကျဆင်းသွားခြင်းဒဏ်ကို ကမ္ဘာ့နိုင်ငံ အများအပြား ခါးစည်းခံခဲ့ရသည်။ သန်းပေါင်းများစွာသော အလုပ်အကိုင် များ ပျောက်ဆုံးသွားသလို ဒေါ်လာ သန်းထောင်ချီသည့် နိုင်ငံ့ဝင်ငွေများ […]

ကိုဗစ်ကာလ ထိုင်းတွင် အကျဉ်းကျပြီး ပြန်လာသူများကို HIV နှင့် TB ရောဂါစစ်

diz_admin

June 8, 2020

ကိုဗစ်ကာလ ထိုင်းနိုင်ငံတွင် အကျဉ်းကျပြီး ပြန်ဝင်လာသူများကို HIV နှင့် TB ရောဂါစစ်ဆေးပေးနေကြောင်း တနင်္သာရီတိုင်းဒေသကြီး ခုခံကျ /ကာလသား ရောဂါတိုက်ဖျက်ရေး စီမံချက်မှ လက်ထောက်ညွှန်ကြားရေးမှူးက ပြောသည်။ လက်ရှိတွင် ကော့သောင်းနယ်စပ် ဝင်ပေါက်နှင့် မြဝတီနယ်စပ်မှ ဝင်ရောက် လာသည့် အကျဉ်းကျပြီး ပြန်လာသူများ ကို ကိုရိုနာရောဂါပိုး ရှိ/မရှိ စစ်ဆေးပေး နေသည်။ ယင်းသို့စစ်ဆေးပြီး ကိုရိုနာရောဂါ ပိုးမတွေ့သူများကိုHIV နှင့် TB ကိုပါ စစ်ဆေးပေးနေကြောင်း အထက်ပါ စီမံချက်မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာကျော်တင့်ထွန်းက ဆိုသည်။ HIV ပိုးရှိ/မရှိကို အမြန်စစ်ဆေး သည့်ကိရိယာ ဖြင့် စစ်ဆေးမည်ဖြစ်ပြီး TB ရောဂါကိုမူ သလိပ်စစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်းဖြင့် စစ်ဆေးပေးမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။ “အကျဉ်းကျပြီး […]

ဗိုက်ပူ အဝလွန် ရဲတပ်ဖွဲ့ဝင်များ ဝိတ်လျှော့ရမည်

diz_admin

June 8, 2020

ကိုယ်အလေးချိန်လွန်နေသည့်၊ ဗိုက်ပူနေသည့် ရဲတပ်ဖွဲ့ဝင်များ အချိန် လေးလအတွင်း ကိုယ်အလေး ချိန်လျှော့ရန် ဝန်ကြီးဌာနက ညွှန်ကြားထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရ သည်။ ယင်းကဲ့သို့ ကိုယ်အလေးချိန်လျှော့ ရန် မေလ အလယ်ပိုင်းက ညွှန်ကြားထား ပြီး အချိန်လေးလအတွင်း ဝိတ်မလျှော့ ပါက ရဲစည်းကမ်းအရ အရေးယူမည်ဟု ညွှန်ကြားထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူး ရုံးမှ ဒုတိယရဲမှူးကြီးစိန်ဝင်းက ဆို သည်။ ကိုယ်အလေးချိန် စံသတ်မှတ်ရာ တွင် Body Mass Index (BMI) ခန္ဓာ (ကိုယ်အလေးချိန်နှင့် အရပ်အမြင့် အချိုး အစား) တွက်ချက်နည်းဖြင့် အဝလွန်/ မလွန် သတ်မှတ်ခြင်းဖြစ်ကြောင်း သိရ သည်။ ဥပမာ အရပ်အမြင့် ငါးပေ လေး လက်မရှိသူသည် […]

တနင်္သာရီတိုင်း ကိုဗစ်ရောဂါ ကင်းစင်ပြီ

diz_admin

June 8, 2020

ထားဝယ်မြို့တွင် တစ်ဦးတည်း သော ပိုးတွေ့ လူနာအမှတ် (၁၈၅) ကို ဇွန်လ ၆ ရက်တွင် ဆေးရုံက ဆင်းခွင့် ပြုလိုက်ပြီဖြစ်သောကြောင့် လတ်တ လော တနင်္သာရီတိုင်းတွင် ကိုဗစ်-၁၉ ရောဂါ ကင်းစင်သွားပြီဖြစ်ကြောင်း တနင်္သာရီတိုင်း ပြည့်သူ့ကျန်းမာရေး ဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ထွေးမြစိုးက ပြောသည်။ ယင်းလူနာတွင် ပိုးတွေ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန က ကြေညာပြီး နောက်ထပ်နှစ်ကြိမ် ဓာတ်ခွဲစစ်ဆေးခဲ့ရာ နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့တော့သဖြင့် ဆေးရုံက ဆင်းခွင့် ပြုလိုက်ခြင်းဖြစ်ကြောင်း ဒေါက်တာ ထွေးမြစိုးက ပြောသည်။ “တနင်္သာရီတိုင်းက အရောင်ပြောင်း သွားတာပေါ့လေ”ဟု ဒေါက်တာထွေးမြစိုးက ပြောသည်။ ဆေးရုံက ဆင်းခွင့်ပြုလိုက်သော လူနာအမှတ် ၁၈၅ သည် အမှတ်(၃) အထက်တန်းကျောင်းတွင် […]

ချက်ချင်းအဖြေထုတ်နိုင်သည့်ကိရိယာဖြင့် သွေးလွန်တုပ်ကွေး စစ်နိုင်

diz_admin

May 27, 2020

သွေးလွန်တုပ်ကွေး သံသယရှိပါက နီးစပ်ရာကျေးလက်ကျန်းမာရေးဌာနများတွင် ချက်ချင်းအဖြေထုတ်ပေးနိုင်သည့် ကိရိယာဖြင့်သွားစစ်နိုင်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ပိုးမွှားများမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ ကာကွယ်နှိမ်နှင်းရေးအဖွဲ့ (ရ.ပ.က.န)ထံမှ သိရသည်။ ယခုနှစ်တွင် တိုင်းအတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၁၄ ဦးရှိနေပြီဖြစ်ပြီး မိုးဦးရာသီတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူများလာလေ့ရှိသည်။ ထိုကြောင့် သွေးလွန်တုတ်ကွေးရှိ/ မရှိကို နာရီဝက်အတွင်းအဖြေသိနိုင်သည့် စစ်ဆေးရေးကိရိယာများကို ကျေးလက်ကျန်းမာရေးဌာနများသို့ ဖြန့်ဝေပေးထားပြီးဖြစ်ကြောင်း (ရပကန) အဖွဲ့ခေါင်းဆောင်ဖြစ်သူ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနန္ဒဝင်းက ဆိုသည်။ ယခင်က သွေးလွန်တုပ်ကွေးသံသယရှိပါက ကျေးလက်ကျန်းမာရေးဌာနများတွင် သွေးပေါင်ချိန်တိုင်းကိရိယာဖြင့်သာ စစ်ဆေးနေရာမှ ယခုနှစ်မှစတင်ကာ ချက်ချင်းစစ်ဆေးနိုင်မည့် ကိရိယာ (Test Kit) များဖြန့်ဝေထား ကြောင်း ၎င်းက ပြောသည်။ ယမန်နှစ်က ချက်ချင်းစစ်ဆေးနိုင်မည့်ကိရိယာဖြင့် စစ်ဆေးခြင်းကို မြို့နယ်ဆေးရုံများတွင်သာ စစ်ပေးနေရာမှ ယခုနှစ်တွင် ကျေးလက်ကျန်းမာရေးဌာနအဆင့်တွင် စစ်ဆေးပေးနိုင်ရန် […]

မွန်တွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၉၇ ဦးရှိ၊ ၁ ဦး သေဆုံး

diz_admin

May 25, 2020

မွန်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားသူ ၉၇ ဦးရှိပြီး သေဆုံးသူ ၁ ဦးရှိသည်ဟု မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါက်တာ ထွန်းအောင်ကြည်က ပြောသည်။ ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ မေလ ၁၉ ရက်နေ့ထိစာရင်းအရ ရောဂါကူးစက်ဖြစ်ပွားသူ ၉၇ ဦးရှိပြီး သေဆုံးသူ ၁ ဦးရှိသည်ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ စာရင်းအရ သိရသည်။ ယခုနှစ် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုအခြေအနေသည် လွန်ခဲ့သည့် ၂၀၁၉၊ ၂၀၁၈၊ ၂၀၁၇ ခုနှစ် ကာလတူများနှင့် နှိုင်းယှဉ်လျှင် ဖြစ်ပွားမှုနှုန်းနည်းသည်ဟု ပြည်နယ်ဦးစီးမှူးက ပြောသည်။“ပြီးခဲ့တဲ့ ၄ နှစ်နဲ့ နှိုင်းယှဉ်ချက်အရပေါ့။ ဒီနှစ်က အနည်းဆုံးဖြစ်တယ်” ဟု ပြည်နယ်ဦးစီးမှူး ဒေါက်တာထွန်းအောင်ကြည်က ပြောသည်။ ၂၀၁၉ ခုနှစ်ကာလတူတွင် […]