BREAKING
January 22, 2025

ကျန်းမာရေး

အစားအသောက်ထပ်ဖြည့်ပစ္စည်းများနှင့် ပတ်သက်ပြီး သိသင့်စရာများ

diz_admin

August 26, 2020

အစားအသောက်ထပ်ဖြည့်ပစ္စည်း (food additive) ဆိုသည်မှာ အစားအသောက်၏ တာရှည်ခံမှု၊ လတ်ဆတ်မှု၊ အရသာ၊ အသွင်အပြင်၊ အရောင်အဆင်းတို့ကို ပြုပြင်ထိန်းသိမ်းရန်နှင့် အမြင်အားဖြင့် ပိုမို ကောင်းမွန်စေရန် အသုံးပြုသော ပစ္စည်းများကို ဆိုလိုပါသည်။ ထိုပစ္စည်းများသည် အာဟာရတန်ဖိုးမရှိသည့်အပြင် အများအားဖြင့် ကျန်းမာရေးကို ထိခိုက်စေသော ဆိုးကျိုးများသာဖြစ်စေပါသည်။ မြန်မာနိုင်ငံတွင် အများဆုံးတွေ့ရသော အန္တရာယ်ရှိသည့် အစားအသောက် ထပ်ဖြည့်ပစ္စည်းများမှာ စားသုံးရန်မသင့်သည့် ဓာတုဆိုးဆေးများနှင့် တာရှည်ခံဆေးများ ဖြစ်ပါသည်။ အသုံးများသော စားသုံးရန်မသင့်သည့် ဓာတုဆိုးဆေးများမှာ Auramine O (အဝါရောင်- လက်ဖက်များတွင် အသုံးပြု)၊ Rhodamine B (အနီရောင်- ငါးပိတွင်အသုံးပြု)၊ Sudan Dyes (အနီရောင်- ငရုပ်သီးမှုန့်နှင့် အရောင်တင် မှုန့်တွင်အသုံးပြု)၊ Orange II (လိမ္မော် ရောင်- ငရုပ်သီးမှုန့်နှင့် […]

သွေးလွန်တုပ်ကွေးဖြစ်ပွားမှု ယမန်နှစ်ထက် လျော့ကျ

diz_admin

August 24, 2020

တနင်္သာရီတိုင်းတွင် ရှစ်လအတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားသူ လေးရာကျော်ရှိခဲ့ပြီး ပြီးခဲ့သည့်နှစ်ကထက် ဖြစ် ပွားမှုလျော့ကျလာကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ ပိုးမွှားများမှတဆင့် ကူးစက်တတ်သော ရောဂါများ ကာကွယ်နှိမ်နှင်းရေးအဖွဲ့ (ရပကန)ထံမှ သိရသည်။ အထက်ပါဌာန၏ စာရင်းများအရ ယမန်နှစ် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ သြဂုတ်လ ၂၄ ရက်အထိ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၆၄၉ ဦး ရှိခဲ့ပြီး ယခု ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဇူလိုင်လကုန်အထိ သွေးလွန် တုပ်ကွေးဖြစ်ပွားသူ ၄၇၆ ဦးသာရှိခဲ့ရာ ၁၇၀ ကျော် လျော့ကျခဲ့ခြင်း ဖြစ်သည်။ ကူးစက်မြန် ဒုတိယလှိုင်း အန္တရာယ်နှင့် ကိုဗစ်ကာလ အားကစားပွဲ ပြီးခဲ့သည့်နှစ်က သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူ သုံးဦးရှိခဲ့ပြီး ယခုနှစ်တွင် […]

အိမ်တွင်းလေထုညစ်ညမ်းမှု

diz_admin

August 19, 2020

အိမ်တွင်းလေထုညစ်ညမ်းမှု အိမ်တွင်းလေထုညစ်ညမ်းမှုဆိုတာ အိမ်တွင်းလေဝင်လေထွက် စနစ်အား နည်းတာကြောင့် အိမ်တွင်းခိုအောင်းလျက်ရှိတဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့လေကို ရှူမိရာကနေ နောက်ဆက်တွဲ ကျန်းမာရေး ဆိုးကျိုးတွေ ဖြစ်ပွားတာ ဖြစ်ပါတယ်။ အဓိက ဖြစ်ပေါ်စေတဲ့ အကြောင်းအရင်းတွေကတော့ ထင်း/ မီးသွေးမီးဖိုတွေကို အသုံးပြုပြီး အစားအသောက် ချက်ပြုတ်တာ၊ ဖယောင်းတိုင်/အမွှေးတိုင်/ ခြင်ဆေးခွေတွေ ထွန်းတာ၊ အိမ်တွင်းမှာ ဆေးလိပ်သောက်တာ၊ အညစ်အကြေးတွေ ထွက်တာနဲ့ အိမ်အနီးဝန်းကျင်မှာ အမှိုက်တွေ မီးရှို့တာ စတာတွေ ဖြစ်ပါတယ်။ လတ်တလော ခံစားရနိုင်တဲ့ရောဂါ လက္ခဏာတွေကတော့ ခေါင်းမူးတာ၊ ခေါင်းကိုက်တာ၊ ပင်ပန်းနွမ်းနယ်တာ၊ အသက်ရှူကျပ်တာ၊ ပျို့တာ၊ နှာချေတာ၊ ချောင်းဆိုးတာနဲ့ မျက်စိ၊ နှာခေါင်း၊ လည်ချောင်း၊ အရေပြားယားယံတာ စတာတွေ ဖြစ်နိုင်ပါတယ်။ ရေရှည်ခံစားရတာကြောင့် ဖြစ်ပေါ် နိုင်တဲ့ ကျန်းမာရေးပြဿနာတွေကတော့ အသက်ရှူလမ်းကြောင်းဆိုင်ရာ […]

မိုးသည်း ရေလွှမ်းမိုးရင် ဘာတွေသတိထားရမှာလဲ

diz_admin

August 11, 2020

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးအန္တရာယ်၊ မိုးကြိုးအန္တရာယ်၊ မြေပြိုအန္တရာယ်၊ လျှပ်စစ်ဓာတ်လိုက်မှု အန္တရာယ်၊ ထိခိုက်မှုအန္တရာယ်၊ မြွေကိုက်မှုအန္တရာယ်၊ အအေးမိ၍ ဖျားနာတာ၊ အဆုတ်ရောင်တာ၊ ကူးစက်ရောဂါများဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျှော ရောဂါ၊ အစာအဆိပ်သင့် ရောဂါနှင့် အခြားကျန်းမာရေးပြဿနာ များ ဖြစ်ပွားတတ်ပါတယ်။ ဒါကြောင့် . . .၁ ) သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ကနေ ထုတ်ပြန်တဲ့ လိုက်နာဆောင်ရွက်ရမယ့် သတိပေးချက်တွေကို တိကျစွာ လိုက်နာ ဆောင်ရွက်ပါ။ ၂) ရေလွှမ်းမိုးနေချိန်မှာ သက်ဆိုင်ရာမှ ညွှန်ကြားချက်ရမှသာ ယာယီနာခိုနေသော အဆောက်အဦ၊ အမိုးအကာများ အောက်မှ ထွက်ခွာပါ။ ချိုင့်ခွက်နှင့် မြောင်းများအတွင်းသို့ ချော်ကျ၍ ရေနစ်နိုင်တဲ့ အန္တရာယ်ရှိတာကြောင့် သတိပြု၍ သွားလာပါ။ ၃) လျှပ်စစ်ဓာတ်လိုက်မှု အန္တရာယ်ရှိ၍ သတိပြုသွားလာပါ။ ၄) မြွေအန္တရာယ် ကြုံတွေ့ရတတ်သဖြင့် သတိပြုပါ။ […]

ရာသီသွေးပေါ်ချိန်မှာ သတိပြုစရာ

diz_admin

August 4, 2020

ရာသီသွေးပေါ်ခြင်းသည် အပျိုဖော်ဝင်ပြီး အမျိုးသမီးများတွင် သားအိမ်အတွင်းနံရံအမှေးပါး ကွာကျကာ မိန်းမကိုယ်မှ သွေးအဖြစ် ကျလာခြင်းဖြစ်သည့် သဘာဝဖြစ်စဉ်ဖြစ်ပါသည်။ အမျိုးသမီးအများစုတွင် တစ်ကြိမ်သွေးပေါ်လျှင် ၄ ရက်မှ ၈ ရက်ခန့်အထိ ကြာတတ်ပြီး တစ်ကြိမ်နှင့် တစ်ကြိမ်ကြား ပျမ်းမျှ ၂၈ ရက်ခန့် ကြာပါတယ်။ ပျမ်းမျှအားဖြင့် အမျိုးသမီးတစ်ဦးသည် ရာသီသွေးပေါ်ခြင်း တစ်ကြိမ်ကာလအတွင်းတွင် သွေးပမာဏ စားပွဲတင်ဇွန်းဖြင့် ၂ ဇွန်းမှ ၃ ဇွန်း (၃၀ မှ ၄၅ စီစီ)ခန့် ထွက်လေ့ရှိသည်။ ပါးစပ်နှင့် နှာခေါင်းစည်း အရည်အသွေး ကောင်း/မကောင်း ဘယ်လိုစစ်မလဲ ရာသီသွေးပေါ်ချိန် ဘာတွေ သတိထားသင့်ပါလဲ၁) ရာသီသွေးပေါ်စဉ်ကာလတွင် အာဟာရမျှတစေရေး အစာအုပ်စု စုံလင်စွာစားရန် လိုအပ်ပါသည်။ အထူးသဖြင့် သံဓာတ်ပါဝင်မှုများသည့် အသားနှင့်အသည်းများ၊ အစိမ်းရင့်ရောင်အရွက်များကို စားသုံးပါ။ […]

ကြောင်မှတစ်ဆင့် ကူးစက်နိုင်သောရောဂါ

diz_admin

July 28, 2020

ကြောင်မှတစ်ဆင့် ကူးစက်နိုင်သော ရောဂါ(Toxoplasmosis ရောဂါ) သည် Toxoplasma gondii ကပ်ပါးပိုးကြောင့်ဖြစ်သော တိရစ္ဆာန်များမှ လူသို့ကူးစက် သောရောဂါတစ်မျိုး ဖြစ်သည်။ Toxo-plasmosis ရောဂါကြောင့် ကိုယ်ဝန် ဆောင်မိခင်များနှင့် အကြောင်းအမျိုးမျိုးကြောင့် ခုခံအားကျဆင်းနေသူများတွင် ပြင်းထန်သော နောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုးများစွာ ခံစားရစေနိုင်ပါသည်။ ရောဂါကူးစက်နိုင်သော နည်းလမ်းများမှာ- ကြောင်မစင်(သို့မဟုတ်) အဆိုပါ မစင်တွင်ပါဝင်သော မြေကြီး အား ကိုင်တွယ်ထားသော လက်၊ အသားစိမ်းများကို ကိုင်တွယ်ထားသော လက်တို့ဖြင့် အစားအသောက်များကို လက်မဆေးဘဲ ကိုင်တွယ်စားသုံးမိခြင်း၊ ကျက်အောင်မချက်ထားသော အသားများနှင့် ပင်လယ်စာများ စားခြင်း၊ ကပ်ပါး ပိုးပါဝင်သည့် မသန့်ရှင်းသောရေအား သောက်သုံးခြင်း၊ ကိုယ်ဝန်ဆောင်များတွင် မိခင်မှ သန္ဓေသားသို့ ကူးစက်ခြင်း၊ ကိုယ်လက်အင်္ဂါ အစားထိုးခြင်းနှင့် သွေးသွင်းခြင်းမှတဆင့် ကူးစက်ခြင်းတို့ ပါဝင်သည်။ ရောဂါကူးစက်ခံရသူတိုင်းတွင် […]

သွားပိုးစား၊ သွားဖုံးရောင် ကာကွယ်နိုင်ဖို့

diz_admin

July 21, 2020

အဖြစ်များသော သွားနှင့် ခံတွင်း ရောဂါများဖြစ်တဲ့ သွားပိုးစားတာ၊ သွားဖုံးရောင်တာတွေဟာ သွားနဲ့သွားဖုံးမှာ ဘတ်တီးရီးယား ပိုးများဝင်ရောက်ရာကနေ ဖြစ်ပါတယ်။ ဘက်တီးရီးယား ပိုးတွေဟာ အစားအစာထဲက သကြားဓာတ်ကို အက်စစ်ဓာတ်အဖြစ် ပြောင်းလဲစေပြီး သွားထဲက ကယ်လ်ဆီယမ်နဲ့ ဖော့စဖိတ်ဓာတ်တို့ကို ပျော်ဝင်စေတယ်။ ဒါကြောင့် သွားမှာ အပေါက်များဖြစ်စေပြီး သွားကို ပျက်စီးစေပါတယ်။ သွားပိုးစားတာ၊ သွားဖုံးရောင်တာ တွေကနေတစ်ဆင့် သွားဖုံးမှာ ပြည်တည်တာ၊ မေးရိုးနဲ့ မျက်နှာရောင်ရမ်းတာတွေ ဖြစ်စေပြီး အချိန်မီကုသမှု မခံယူဘူးဆိုရင် အသက်သေစေနိုင်တဲ့အထိ အန္တရာယ်ရှိပါတယ်။ အဲလိုမဖြစ်အောင် ဘာတွေလုပ်ဖို့ လိုပါသလဲ။ ၁) တစ်နေ့နှစ်ကြိမ် စနစ်မှန်မှန် သွားတိုက်တာ၊ အချိုများတဲ့ သရေစာတွေ လျှော့စားတာက သွားပိုးစားခြင်းနှင့် သွားဖုံးရောင်ရောဂါကို ထိရောက်စွာ ကာကွယ်နိုင်ပါတယ်။ ဖျားနာ၊ ချောင်းဆိုးတိုင်း ကိုဗစ်ဖြစ်သလား ၂) […]

မှိုဆိပ်သင့်ခြင်း အန္တရာယ်

diz_admin

July 14, 2020

မှိုများတွင် အန္တရာယ်ကင်းစွာ စားသုံးနိုင်သော မှိုအမျိုးအစားများရှိသကဲ့သို့ အဆိပ်ရှိသော မှိုများစွာ ရှိပါသည်။ အဆိပ်ရှိသော မှိုများအနက် အချို့မှာ ပြင်းထန်စွာ အဆိပ်သင့်စေ၍ အသက်ဆုံးရှုံးစေသည်အထိ ဖြစ်နိုင်ပါသည်။ အဆိပ်ရှိ မှိုများ၏ လက္ခဏာများမှာ၁) မှိုအခြေတွင် အခွက်ပါရှိခြင်း၊၂) မှိုပွင့်၏ အရိုးတံတွင် ခြေချင်းပါ ရှိခြင်း၊၃) မှိုထီးအရွက်တွင် အကြေးဖတ် များ ပြန့်ကျဲခြင်း၄) ထီးရွက်အောက် ပါးဟက်များ ဖြူခြင်း၅) မှိုထီးအရွက် အရောင်အဆင်း တောက်ပခြင်း၆) အစိမ်းရောင်မှိုမျိုးမှုန်များ ထုတ်လွှတ်ခြင်း မှိုဆိပ်သင့်ခြင်း လက္ခဏာများမှာမှိုစားပြီး မိနစ် ၂၀ မှ ၄ နာရီအတွင်း မူးဝေခြင်း၊ အော့အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ဝမ်းလျှောခြင်းတို့ ဖြစ်ပွားနိုင်ပြီး ပြင်းထန်ပါက အသက်ဆုံးရှုံးနိုင်ပါသည်။ ထို့အပြင် ဦးနှောက်နှင့် အာရုံကြောထိခိုက်ပြီး စိတ်အာရုံခြောက်ခြားခြင်း၊ အလွန်အမင်း နိုးကြားလာခြင်းနှင့် […]