BREAKING
September 19, 2024

ကျန်းမာရေး

မာလာရှမ်းကောက ဘာလို့ စွဲလမ်းစရာဖြစ်နေတာလဲ

diz_admin

January 17, 2021

ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ- Dr. Phyo Wai Lynn | ရေးသားသူ- Ye Zon Aung “မာလာရှမ်းကော စားမလား” လို့ မေးလိုက်တာနဲ့ ခေါင်းကလေးထောင်ပြီး “ဘယ်မှာလဲ” လို့ မေးရင်း တံတွေးကို ဂလုခနဲ မျိုချမိသွားပြီလား။ အသီးအရွက်တွေ အသားငါးတွေ စုံစုံလင်လင်ပါဝင်ပြီး ပူပူစပ်စပ်အရသာနဲ့ တရုတ်ဟင်းလျာဟာ ဒီကနေ့ ကမ္ဘာ ပေါ်မှာ အလွန်ရေပန်းစားနေတဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ အထူးသဖြင့် အရှေ့တိုင်းနဲ့ အရှေ့တောင်အာရှတိုင်းပြည်တွေမှာပေါ့။ မြန်မာနိုင်ငံမှာဆိုရင်လည်း မာလာရှမ်းကောဆိုင်တွေ အလျှိုအလျှိုပေါ်လာနေပြီး လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ အလွန်လူကြိုက်များလွန်းလှတဲ့ အစားအစာတစ်ခုအဖြစ်လာနေပါတယ်။ ဒီလို အချိန်တိုအတွင်း ဘာကြောင့် လူကြိုက် များလာတာလဲ၊ မာလာရှမ်းကောက ကျန်းမာရေးနဲ့ ကိုက်ညီရဲ့လားဆိုတာကို ပြောပြပေးချင်ပါတယ်။ မာလာရှမ်းကောဆိုတာမာလာဆိုတာက တရုတ်စကား လုံးဖြစ်ပြီးတော့ “အထုံအစပ်” လို့ […]

လူသိသိပ်မများလှတဲ့ သခွားသီးရဲ့ ဘေးထွက်ဆိုးကျိုးများ

diz_admin

January 10, 2021

ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ- Dr. Phyo Wai Lynn | ရေးသားသူ- Ye Zon Aung သခွားသီး ချိုချိုအေးအေးလေးကို လူတိုင်းနီးပါး နှစ်သက်သဘောကျကြပါတယ်။ မြန်မာထမင်းဝိုင်းတွေမှာဆို အတို့အမြှုပ်အနေနဲ့ရော တခါတရံမှာ ဟင်းချိုလို၊ အသုပ်လို ဟင်းအမည်အနေနဲ့ပါ ပါဝင်နေတတ်တဲ့ အစားအစာတစ် မျိုးပေါ့။ ဒါတင်ပဲလားဆိုရင်တော့ မဟုတ်သေးပါဘူး။ သခွားသီးက ဆေးဘက် ဝင်လှသလို အလှအပကြိုက်တတ်တဲ့ ပျိုမေတွေအတွက်လည်း အသုံးတည့်လှတဲ့ ဆေးဝါးဓာတ်စာတစ်မျိုးပါ။ အသားအရေကို အေးမြစေပြီး ဘက်တီးရီးယားပိုးမွှားတွေကို သေစေလို့ အရေပြားအလှအပ ထိန်းသိမ်းတဲ့နေရာမှာလည်း သခွားသီးကို အသုံးများလာ ကြပါတယ်။ ဝက်ခြံနဲ့ အဖုအပိမ့်တွေ၊ ချွေးပေါက်ကျယ်တာကို သက်သာစေပြီး နေလောင်ဒဏ်ကြောင့် အသားအရေ မပျက်စီးစေဖို့ကိုလည်း အစိုဓါတ်ထိန်းပြီး ကာကွယ်ပေးနိုင်ပါသေးတယ်။ နောက်ပြီး သခွားသီးမှာ ကစီဓာတ်၊ အသားဓာတ်၊ […]

Diet ဆိုပြီး မိနေတဲ့ ချင်း (ဂျင်း) များ

diz_admin

January 3, 2021

ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ – Dr. Phyo Wai Lynn | ရေးသားသူ – Ye Zon Aung ကိုယ်အလေးချိန်လျှော့ချဖို့အတွက် Diet ဖြစ်အောင်စားကြမယ်လို့ လူအတော်များများက ပြောကြ လုပ်ကြ တယ်။ ဒါပေမယ့် Diet ဆိုတာကို ကြည့်လိုက်ရင် အစာလျှော့စားတာနဲ့ အာဟာရမပြည့်ဝတဲ့ ဟိုစပ်စပ်ဒီစပ်စပ် အစားအစာ လေးတွေချည်းဖြစ်နေတတ် ပါတယ်။ တကယ်တာ့ Diet ဆိုတာ ကျန်းမာရေးနဲ့ ညီညွတ်အောင်စားတာကို ဆိုလိုတာပါ။ အစားရှောင်ခိုင်းတာ မဟုတ်လိသု တိုစိတိုစိ နည်းနည်း နည်းနည်း စားခိုင်းတာလည်း မဟုတ် ပါဘူး။ Diet လို့ ခေါင်းစဉ်တပ်ပြီး မိနေတဲ့ ချင်း (ဂျင်း) တွေအများကြီးပါပဲ။ Diet စားပြီး ဝိတ်ချမယ်လို့ ကျွေးကြော်ပြီး […]

ကိုဗစ်ကာလ ပြည်တွင်းလေကြောင်း ခရီးသည်များ သတိထားရန်အချက်များ

diz_admin

December 27, 2020

ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ- Dr. Phyo Wai Lynn | ရေးသားသူ- Dr. Htet Htet Zaw Win ကိုဗစ် ကြောင့် စီးပွားရေးလုပ်ငန်းတွေ၊ ခရီးသည် သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေ အချိန်အတော်ကြာရပ်နားခဲ့ရာက စီးပွားရေးတွေပြန်ပြီး ခေါင်း ထောင်လာနိုင်ဖို့ ဒီဇင်ဘာ ၁၆ရက်နေ့ ကစပြီး ပြည်တွင်းလေကြောင်း လိုင်းတွေ ပြန်လည် ပျံသန်းခွင့်ပေးတော့မယ်လို့ ဆိုပါတယ်။ ဒီလိုအချိန်ကြာ ရပ်နားခဲ့ရာက ပြန်လည်ဖွင့်ပေးတဲ့အတွက် စီးပွားရေးအရရော၊ သာရေး နာရေး လူမှုရေး ကိစ္စတွေအတွက်ပါ သွားလို့လာလို့ ပိုအဆင်ပြေလာမှာ ကတော့ အမှန်ပါပဲ။ကိုဗစ် ကြောင့် စီးပွားရေးလုပ်ငန်းတွေ၊ ခရီးသည် သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေ အချိန်အတော်ကြာရပ်နားခဲ့ရာက စီးပွားရေးတွေပြန်ပြီး ခေါင်းထောင်လာနိုင်ဖို့ ဒီဇင်ဘာ ၁၆ရက်နေ့ ကစပြီး ပြည်တွင်းလေကြောင်း […]

မန်ကျည်းသီးက ကျန်းမာရေးအပေါ်ဘယ်လို သက်ရောက်သလဲ

diz_admin

December 20, 2020

ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ- Dr. Phyo Wai Lynn | ရေးသားသူ- Aye Thi Mon မန်ကျည်းသီးက အပူပိုင်းဒေသမှာ ပေါက်ရောက်တဲ့ အသီးတစ်မျိုးပါ။ မန်ကျည်းသီးကိုကမ္ဘာတလွှားက ဟင်းပွဲတွေမှာ အသုံးပြုကြသလို မန်ကျည်း သီးမှာဆေးဖက်ဝင်တဲ့ အာနိသင်တွေလည်းရှိပါတယ်။ မန်းကျည်းသီးက ကျန်းမာရေးအတွက် ဘယ်လောက်ထိ အကျိုးပြုသလဲ ဆိုတာနဲ့ ဘယ်လိုအသုံး ပြုနိုင်သလဲဆိုတာတွေကို မျှဝေပေး လိုက်ပါတယ်။ မန်ကျည်းဆိုတာမန်ကျည်းက သစ်မာပင်မျိုးဖြစ်ပါတယ်။အာဖရိက မျိုးရင်းအပင်ဖြစ်ပြီး အိန္ဒိယ၊ ပါကစ္စတန်၊မြန်မာနိုင်ငံနဲ့ အပူပိုင်းဒေသ တော်တော်များများမှာ ပေါက်ရောက်ပါတယ်။ မန်ကျည်းပင်မှာ ပဲတောင့်လိုမျိုး မန်ကျည်းတောင့်တွေသီးပါတယ်။ အသီးရဲ့အတွင်းပိုင်းမှာ အမျှင်ဓာတ် ပါဝင်တဲ့အသားတွေက အစေ့ကိုငုံထား ပါတယ်။ မန်ကျည်းသီးစိမ်းရဲ့ အတွင်းသားက စိမ်းပြီး ချဉ်ပါတယ်။ မှည့်သွားတဲ့ အခါမှာတော့ အရည်ရွှမ်းတဲ့အသား ဖြစ်လာပြီး အနှစ်လိုမျိုးဖြစ်လာကာ […]

ဆောင်းရာသီအတွက် အကောင်းဆုံး စားသောက်နေထိုင်မှုပုံစံ

diz_admin

December 13, 2020

ဆောင်းတွင်းလို ကာလမျိုးမှာ ပုံမှန်အချိန်ထက် ချမ်းစိမ့်ပြီး ကျန်းမာရေး ပြဿနာတွေ ပိုအဖြစ်များတဲ့ ရာသီ ကာလမျိုးပါ။ အကြောင်းရင်းကို ပြောရ မယ်ဆိုရင် ရာသီဥတုအေးလာတဲ့ အတွက် လူတွေက လှုပ်လှုပ်ရှားရှားနေ ထိုင်ရမှာ ပိုပျင်းလာတာ၊ အိမ်ထဲမှာပဲ အောင်းပြီး အပြင်သိပ် မထွက်တော့တာ၊ အဆစ်အမြစ်တွေဟာ အအေးဒဏ် ကြောင့် ပိုကိုက်ခဲလာတာ၊ ကိုယ်ခံအားစနစ် ကျဆင်းတာ၊ အစာစားချင်စိတ် နည်းသွားတာ၊ ရောဂါပိုးမွှားတွေဟာ အအေးဓာတ်ကို ပိုကြိုက်တဲ့အပြင် အေးတဲ့ ရာသီမှာ ပိုးကောင်ရေပွားများနိုင်ခြေ ပိုများတာ စတဲ့အချက်တွေကြောင့်ပါပဲ။ ဒီတော့ ကျန်တဲ့အချိန်တွေနဲ့ မတူအောင် ဆောင်းတွင်းကာလမျိုးမှာ ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံကို ရာသီဥတု၊ အချိန်အခါနဲ့ လိုက်လျောညီထွေ ဖြစ်အောင် ပြောင်းလဲနေထိုင်သင့်ပါတယ်။ ဆောင်းရာသီနှင့် Lifestyle ပြောင်းလဲခြင်းထွေထွေထူးထူးရယ်လို့ ပြောင်းစရာတော့ မလိုပါဘူး။ ကိုယ့်ရဲ့ […]