မာလာရှမ်းကောက ဘာလို့ စွဲလမ်းစရာဖြစ်နေတာလဲ
diz_admin
January 17, 2021ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ- Dr. Phyo Wai Lynn | ရေးသားသူ- Ye Zon Aung “မာလာရှမ်းကော စားမလား” လို့ မေးလိုက်တာနဲ့ ခေါင်းကလေးထောင်ပြီး “ဘယ်မှာလဲ” လို့ မေးရင်း တံတွေးကို ဂလုခနဲ မျိုချမိသွားပြီလား။ အသီးအရွက်တွေ အသားငါးတွေ စုံစုံလင်လင်ပါဝင်ပြီး ပူပူစပ်စပ်အရသာနဲ့ တရုတ်ဟင်းလျာဟာ ဒီကနေ့ ကမ္ဘာ ပေါ်မှာ အလွန်ရေပန်းစားနေတဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ အထူးသဖြင့် အရှေ့တိုင်းနဲ့ အရှေ့တောင်အာရှတိုင်းပြည်တွေမှာပေါ့။ မြန်မာနိုင်ငံမှာဆိုရင်လည်း မာလာရှမ်းကောဆိုင်တွေ အလျှိုအလျှိုပေါ်လာနေပြီး လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ အလွန်လူကြိုက်များလွန်းလှတဲ့ အစားအစာတစ်ခုအဖြစ်လာနေပါတယ်။ ဒီလို အချိန်တိုအတွင်း ဘာကြောင့် လူကြိုက် များလာတာလဲ၊ မာလာရှမ်းကောက ကျန်းမာရေးနဲ့ ကိုက်ညီရဲ့လားဆိုတာကို ပြောပြပေးချင်ပါတယ်။ မာလာရှမ်းကောဆိုတာမာလာဆိုတာက တရုတ်စကား လုံးဖြစ်ပြီးတော့ “အထုံအစပ်” လို့ […]