တိုက်ပွဲကြောင့် ဒဏ်ရာရပြီးထွက်ပြေးလာသည့် မြန်မာနှစ်ဦးကို ဆေးကုပေးထားသည်ဟု ထိုင်းပြော
diz_admin
June 29, 2022ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒဏ်ရာရရှိပြီး ယနေ့ (ဇွန် ၂၉) ထွက်ပြေးလာသည့် ရွာသားနှစ်ဦးကို ထိုင်းနိုင်ငံဘက်က ဆေးဝါးကုသမှုပေးခဲ့ကြောင်း Bangkok Post သတင်းတွင် ဖော်ပြသည်။ ထိုင်းကျန်းမာရေးဌာနက တာဝန်ရှိသူများ၏ ပြောဆိုချက်ကို ကိုးကားကာ ယင်းသတင်းတွင် ဖော်ပြသည်။ မြဝတီမြို့နယ် ဝေါလေဒေသတွင် ယနေ့ နံနက်ပိုင်း၌ တိုက်ပွဲပြင်းထန်လာသဖြင့် ဒဏ်ရာရရှိလာသော ယင်းဒေသက ရွာသားနှစ်ဦးသည် နယ်စပ်ဖြတ်ကျော်ကာ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးလာပြီး အကူအညီတောင်းခံခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။ အဆိုပါရွာသားအမျိုးသားနှစ်ဦးမှာ အသက် ၃၀ နှင့် ၃၃ နှစ်အရွယ်တို့ဖြစ်ကြပြီး ဦးခေါင်းနှင့် ခြေထောက်များတွင် ဒဏ်ရာရရှိထားသည်ကို တွေ့ရှိရကြောင်း ကျန်းမာရေးဌာနက တာဝန်ရှိသူများက ပြောဆိုသည်။ ဗုံးစထိမှန်ထားသည်ဟု စစ်ဆေးချက်အရသိရပြီး ၎င်းတို့ကို တာ့ခ်ခရိုင် ဖို့ဖရဆေးရုံသို့ ပို့ဆောင်ကာ […]