နယ်စည်းမခြားအဖွဲ့ တနင်္သာရီတိုင်းတွင် အိတ်ခ်ျအိုင်ဗွီလူနာ အသစ်လက်ခံခြင်းရပ်နား
diz_admin
December 15, 2022တနင်္သာရီတိုင်းတွင် HIV လူနာများကို ကုသပေးနေသည့် နယ်စည်းမခြား ဆရာဝန်များအဖွဲ့(MSF) အနေဖြင့် လူနာအသစ်များကို လက်မခံတော့ကြောင်း စုံစမ်းသိရှိရသည်။ HIV လူနာများအားလုံးကို ပြည့်သူ့ကျန်းမာရေးဦးစီးဌာနအောက်ရှိ National AISD Program သို့ လွှဲပြောင်းပေးနေသောကြောင့် လူနာအသစ် လက်မခံတော့ခြင်းဖြစ်သည်။ နယ်စည်းမခြား ဆရာဝန်များအဖွဲ့အနေဖြင့် HIV လူနာများကို National AIDS Program သို့ နှစ်စဉ် တစ်သုတ်ပြီးတစ်သုတ် တစ်ဆင့်ချင်းလွှဲပြောင်းပေးလျက်ရှိပြီး HIV ရောဂါတိုက်ဖျက်ရေးတွင် မိတ်ဖက်ကျန်းမာရေးအဖွဲ့အဖြစ်သာ ဆက်လက်ရပ်တည်သွားမည်ဟု သိရသည်။ “လူနာအသစ်တွေ ထပ်ဝင်နေရင် လွှဲပြောင်းလို့ပြီးနိုင်တော့မှာ မဟုတ်ဘူးလေ” ဟု MSF အဖွဲ့နှင့် လက်တွဲပြီး HIV ရောဂါတိုက်ဖျက်ရေးလုပ်ဆောင်နေသည့် အဖွဲ့တာဝန်ရှိသူတစ်ဦးက ဆိုသည်။ လူနာအဟောင်းများအနေဖြင့်မူ ၂၀၂၃ ခုနှစ် မတ်လမတိုင်မီအထိ MSF အဖွဲ့၏ ပုံမှန် ကျန်းမာရေးဝန်ဆောင်မှုကို ဆက်လက်ရရှိနေမည်ဖြစ်သည်။ ယင်းအတွက်ကြောင့် HIV လူနာအသစ်များအနေဖြင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ချိတ်ဆက်ပြီး တိုက်ရိုက်ကုသမှုခံယူရမည်ဖြစ်သည်။ နယ်စည်းမခြား ဆရာဝန်များအဖွဲ့နှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့သည် အရည်အသွေးတူညီသည့် ဆေးအမျိုးအစားကိုသုံးစွဲပြီး HIV လူနာများကို ကုသမှုပေးနေခြင်းဖြစ်သည်။ “တစ်ခုတော့ရှိတာပေါ့လေ။ ဆေးရုံတွေမှာကျတော့ ဝန်ထမ်းအင်အားနည်းတော့ လူနာတွေကို နှစ်သိမ့်ဆွေးနွေးပေးတဲ့နေရာမှာတော့ အခက်အခဲလေးနည်းနည်းရှိတယ်” ဟု […]