BREAKING
September 7, 2024

ကျန်းမာရေး

တနင်္သာရီတိုင်းအတွင်းရှိ နိုင်ငံခြားသားများ ကျန်းမာရေးစစ်ဆေးချက် ရှိရမည်

diz_admin

April 9, 2020

တနင်္သာရီတိုင်းအတွင်း လုပ်ငန်းခွင်အမျိုးမျိုးတွင် အလုပ်လုပ်ကိုင်နေသည့် နိုင်ငံခြားသားများအနေနှင့် ကျန်းမာရေးဌာန၏ ကျန်းမာရေးစစ်ဆေးပြီး စစ်ဆေးချက်လက်မှတ်ယူရမည်ဖြစ်ကြောင်း တိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးကျော်မင်းက ပြောကြားသည်။ ကိုရိုနာဗိုင်းရပ်စ်အရေးကြောင့် တိုင်းအတွင်းရှိ နိုင်ငံခြားသားများအနေဖြင့် ကျန်းမာရေးစစ်ဆေးရန်လိုအပ်ပြီး စစ်ဆေးပြီးကြောင်း အတည်ပြုချက်လက်မှတ်ရှိရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ထိုသို့နိုင်ငံခြားသားများကို ကျန်းမာရေးစစ်ဆေးပြီးကြောင်းကို မတ်လ ၂၆ ရက်တွင် တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာရုံး (လဝက) ကိုညွှန်ကြားထားပြီး ယခုလကုန်တွင် အပြီးပြန်တင်ပြရမည်ဖြစ်ကြောင်း ဝန်ကြီးဦးကျော်မင်းက ပြောသည်။ တနင်္သာရီတိုင်းအတွင်း ကုမ္ပဏီ ၆၂ ခုတွင် နိုင်ငံခြားသားအလုပ်သမား ၄၈၇ ဦးရှိကြောင်း အထက်ပါဝန်ကြီးဌာနထံမှ သိရသည်။ ထိုနိုင်ငံခြားသားများ လုပ်ကိုင်နေသည့် သက်ဆိုင်ရာလုပ်ငန်းခွင်အတွင်း ကျန်းမာရေးဌာန၊ ထွေအုပ်ဌာန၊ လဝကဌာနတို့က ဝင်ရောက်ပြီးကျန်းမာရေးစစ်ဆေးရန် ညွှန်ကြားထားကြောင်း ဝန်ကြီးဦးကျော်မင်းက ဆိုသည်။ “ကျန်းမာရေးဌာနက ထုတ်ပေးသော အတည်ပြုချက်လက်မှတ်ပါမှသာလျှင် ဆက်လက်လုပ်ကိုင်ခွင့်ပြုဖို့ကိစ္စကို […]

အဝတ်ဖြင့် ပြုလုပ်သော နှာခေါင်းစည်း (Cloth Face Covering) နှင့် ပတ်သက်၍ သိကောင်းစရာများ

diz_admin

April 7, 2020

Download link: https://mohs.gov.mm/Main/content/publication/2019-ncov ရင်းမြစ် _ ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၂၂ဦး ရှိပြီ

diz_admin

April 6, 2020

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ရောဂါရှာဖွေ၍ ထိရောက်စွာကုသမှုပေးခြင်း၊ ရောဂါပိုးတွေ့ရှိသူများနှင့် ထိတွေ့မှုရှိခဲ့သူများအား ရှာဖွေဖော်ထုတ်၍ အသွားအလာကန့်သတ်ခြင်း၊ လိုအပ်ပါကဆေးရုံတက်ရောက် ကုသမှုခံယူနိုင်စေရေးဆောင်ရွက်ခြင်း၊ ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူများအား သက်ဆိုင်ရာဒေသအာဏာပိုင်အဖွဲ့များ၊ အခြားဌာနဆိုင်ရာများနှင့် ချိတ်ဆက်၍သတင်းရယူခြင်း၊ အသွားအလာ ကန့်သတ်ခြင်းလုပ်ငန်းများဆောင်ရွက်ခြင်း၊ COVID-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူလူထုမှ သတင်းမှန်များရရှိနိုင်ရေး အတွက်နေ့စဉ် သတင်းထုတ်ပြန်ခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါသည်။ ၂။ (၅-၄-၂၀၂၀)ရက်နေ့၊ ညနေ(၆)နာရီမှ (၆-၄-၂၀၂၀)ရက်နေ့၊ ညနေ(၆)နာရီအထိ စောင့်ကြည့်လူနာအသစ် (၃၁) ဦး ရှိပါသည်။ ၃။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (၆-၄-၂၀၂၀) ရက်နေ့ ဓာတ်ခွဲစစ်ဆေးမှုအဖြေများအရ စောင့်ကြည့်လူနာနှင့် ဆေးရုံတွင် အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိသောသူ (၄၆) ဦး၏ ဓာတ်ခွဲနမူနာများအား စစ်ဆေးခဲ့ရာ (ဇယား-၁) တွင်ဖော်ပြထားရှိသောသူ […]

ပြည်တွင်းခရီးက ပြန်လာသူများ ကျန်းမာရေး အစစ်ခံရမည်

diz_admin

April 5, 2020

ပြည်တွင်းခရီးမှ တနင်္သာရီတိုင်းသို့ ပြန်လာသူများမှာ စောင့်ကြည့်စခန်းတွင် ၁၄ ရက်နေထိုင်ရန် မလိုအပ်သော်လည်း ကျန်းမာရေးစစ်ခံရန် လိုအပ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးကျော်မင်းက ပြောကြားသည်။ တနင်္သာရီတိုင်းဒေသကြီးအတွင်း ကျေးရွာအချို့တွင် ပြည်တွင်းခရီးမှ ပြန်လာသူများကို စောင့်ကြည့်စခန်းတွင် ၁၄ ရက်နေထိုင်ရန် ရွာတာဝန်ရှိသူများက ဖိအားပေးမှုနှင့် ပတ်သက်ပြီး ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ “တကယ်တမ်းကျတော့ ကျွန်တော်တို့ နိုင်ငံတော်အစိုးရကရော၊ တိုင်းဒေသကြီးအစိုးရရော၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရော Local Quarantine ၁၄ ရက်တာ လုပ်ရမယ်ဆိုတာ ညွှန်ကြားထားခြင်း၊ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး”ဟု ဝန်ကြီး ဦးကျော်မင်းကဆိုသည်။ ထိုကြောင့် နိုင်ငံတော်အစိုးရ၊ တိုင်းဒေသကြီးအစိုးရနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန တို့၏ ညွှန်ကြားချက်များကို တိတိကျကျ လိုက်နာဆောင်ရွက်ရန် ၎င်းကဆိုသည်။ သို့သော် ကိုယ်အပူချိန်မြင့်တက်နေခြင်း၊ […]

လူနာ အမှတ်၁၅ ၏ မိသားစု၀င် ၄ ဦး တွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးတွေ့

diz_admin

April 2, 2020

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ အမှတ် ၁၅ ၏ အနီးကပ်ထိတွေ့ဆက်စပ်သူ မိသားစုဝင် (၄)ဦးအား ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့ရှိ ၎င်းတို့၏နေအိမ်တွင် အသွား အလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုပြီး ဓာတ်ခွဲနမူနာရယူ၍ စစ်ဆေးခဲ့ရာ ၎င်း၏ ခင်ပွန်းဖြစ်သူ အသက် (၄၇)နှစ်၊ သားဖြစ်သူ အသက် (၁၀)နှစ်၊ သမီးဖြစ်သူ အသက် (၈)နှစ်နှင့် တူမဖြစ်သူ အသက် (၁၈)နှစ်၊ စုစုပေါင်း (၄)ဦးတို့၏ ဓာတ်ခွဲအဖြေများအရ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနက သတင်း ထုတ်ပြန်သည်။ လူနာ အမှတ် ၁၅ သည် ရန်ကုန်တိုင်းဒေသကြီးတွင် နိုင်ငံခြားသားများကို ကျန်းမာရေး ၀န်ဆောင်မှု‌ပေးနေသည့် ပုဂ္ဂလိက‌ဆေးခန်းတွင် လုပ်ကိုင်နေသူဖြစ်သည်။

ကင်ဆာရောဂါသည် ကိုဗစ်လူနာ သေဆုံး

diz_admin

March 31, 2020

ကိုရိုနာရောဂါပိုး ကူးစက်ခံထားရသော ကင်ဆာရောဂါသည် လူနာမှာ ယနေ့ နံနက်ပိုင်းက ဆုံးပါးသွားပြီဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူက အတည်ပြုပြောကြားသည်။ ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန်မြို့နယ်နေ အသက် ၆၉ နှစ်အရွယ်ရှိ အမျိုးသားမှာ မြန်မာနိုင်ငံတွင် ကိုရိုနာရောဂါပိုးကူးစက်ခံထားရကြောင်း တွေ့ရှိသည့် ငါးဦးမြောက် လူနာဖြစ်သည်။ ယင်းမှာ ကိုဗစ်ရောဂါဖြင့် မြန်မာနိုင်ငံတွင် ပထမဆုံးသေဆုံးသည့် လူနာဖြစ်သည်။ ဩစတေးလျနိုင်ငံတွင် ကင်ဆာရောဂါ သွားရောက်ကုသပြီး အပြန် စင်ကာပူသို့ ခဏဝင်ရောက်ခဲ့ပြီး မြန်မာနိုင်ငံအရောက်တွင် ကိုရိုနာရောဂါပိုး ကူးစက်ခံထားရကြောင်း တွေ့ရှိရခြင်းဖြစ်သည်။ ထိုအမျိုးသားနှင့် အနီးကပ်တွေ့ထိဆက်ဆံခဲ့သူတွင်လည်း ကိုရိုနာရောဂါပိုးတွေ့ရသဖြင့် ဆေးရုံသို့ တင်ပို့ထားရသည်။