BREAKING
January 22, 2025

ကျန်းမာရေး

တနင်္သာရီနယ်စပ်ဝင်ပေါက်များတွင် ဝူဟန်ဗိုင်းရပ် စောင့်ကြည့်ရေး အစီအမံမရှိသေး၊ ရနောင်းတွင် ထိုင်းဘက်မှ စတင်စစ်ဆေး

diz_admin

January 28, 2020

တနင်္သာရီတိုင်း နယ်စပ်ဝင်ပေါက်များတွင် ဝူဟန်ဗိုင်းရပ် စောင့်ကြည့်ရေး အစီအမံမရှိသေးကြောင်း တိုင်းဒေသကြီး လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်က ပြောသည်။ တရုတ်နိုင်ငံ၊ ဝူဟန်မြို့တွင် စတင် တွေ့ရှိခဲ့သည့် အသက်ရှူလမ်းကြောင်း ထိခိုက်စေသည့် ဗိုင်းရပ်စ်ပိုးအသစ် ကြောင့် ဇန်နဝါရီလ ၂၅ ရက်အထိ သေဆုံးသူ ၄၁ ဦးရှိပြီဖြစ်သည်။ ထိုင်းနိုင်ငံအပါအဝင် အာဆီယံနိုင်ငံအချို့ကို လည်း ရောဂါကူးစက်ခံထားရသည်။ အိမ်နီးချင်းနိုင်ငံတွင် ရောဂါပိုးရှိသူ ရောက်ရှိနေပြီဖြစ်သဖြင့် ဝူဟန်ဗိုင်းရပ်စ်နှင့် ပတ်သက်၍ နယ်စပ်ဝင်ပေါက်များတွင် စောင့်ကြည့်မည့် အစီအစဉ်နှင့် ပတ်သက်၍ မေးမြန်းရာ သတိထားစောင့် ကြည့်နေသည့် အဆင့်သာရှိသေးပြီး အစီအမံ သတ်သတ်မှတ်မှတ် မရှိသေးကြောင်း ဝန်ကြီးဦးဟိုပင်က ဆိုသည်။ “ဒီဟာနဲ့ ပတ်သက်ပြီး သတိထားပြီး ကြည့်နေတဲ့ အဆင့်ပဲရှိသေးတယ်။ အစီအမံ ဆိုတော့ သတ်သတ်မှတ်မှတ်တော့ မရှိသေးဘူးပေါ့လေ”ဟု […]

တိုင်းရင်းသားလက်နက်ကိုင်နယ်မြေအချို့တွင် ကလေးကာကွယ် ဆေးထိုးရန် ညှိနှိုင်း

diz_admin

January 22, 2020

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်ရှိသော နေရာများတွင် ကလေးငယ်များကို ကာကွယ် ဆေးထိုးရန် ညှိနှိုင်းနေကြောင်း ပြည်သူ့ ကျန်းမာ/ကုသရေးဦးစီးဌာန တိုင်းဒေသ ကြီးဦးစီးမှူး ဒေါက်တာထွန်းမင်းက ပြောကြားသည်။ တိုင်းရင်းသားလက်နက်ကိုင်ထိန်း ချုပ်နယ်မြေအချို့နှင့် လမ်းပန်းဆက် သွယ်ရေးခက်ခဲသည့် နေရာများ၊ ရွှေ့ ပြောင်းလုပ်သားများရှိနေသည့် နေရာများ တွင် ကလေးငယ် ၁၈၀၀ ခန့် ကာကွယ် ဆေးမတိုက်ကျွေးနိုင်သေးကြောင်း ပြည်သူ့ ကျန်းမာ/ကုသရေးဦးစီး ဌာနထံမှ သိရသည်။ ထိုကြောင့် တိုင်းအတွင်းရှိ တိုင်းရင်း သားလက်နက်ကိုင်ထိန်းချုပ်နယ် မြေများ တွင် ကလေးငယ် ကာကွယ်ဆေးထိုးရန် ညှိနှိုင်းနေခြင်း ဖြစ်သည်။ “ဒါကတော့ အဓိကစိန်ခေါ်မှုပေါ့၊ တခြားစိန်ခေါ်မှုအနေနဲ့ ပြောမယ်ဆိုရင် တော့ လမ်းပန်းဆက်သွယ်ရေး အခက် အခဲပေါ့” ဟု ဒေါက်တာထွန်းမင်းက ပြောသည်။ တိုင်းအတွင်း လက်ရှိတွင် ကလေး […]

အရက်သောက်မျက်နှာနီဝေဒနာ

diz_admin

January 22, 2020

“မင့်မှာလည်း အရက်ဝင်တာနဲ့ မျက်နှာက နီပြီး ရုပ်ကပျက်ပြီ။” “ယောက်ျားလေးဖြစ်ပြီး လစ်မစ် နည်းလှချည်လား။” “များများသောက်နိုင်အောင် ကျင့်ထားဖို့လိုတယ်ကွ။” “ဒီပုံအနေအထားနဲ့ဆို ကားမောင်း လို့ဖြစ်သေးရဲ့လား။” စသဖြင့် ဆယ်စုနှစ်ကျော် ယမကာ ဝိုင်းမှာ အခါခွင့်သင့်လို့ ဆုံလိုက်တိုင်း ကြားနေရသော သနားဖွယ်စကားများ သံသယမျက်လုံး၊ အထင်သေး အကြည့် ကို ကြုံရဖန်များလာတော့ အရက်မသောက် နိုင်တာ ကိုယ့်အပြစ် မဟုတ်ဘူး၊ မျိုးရိုး ကိုက သောက်ဖို့အကြောင်းမပါလာတာ ဆိုတာ ကိုယ်လိုဘ၀တူတွေအတွက် ရှင်းပြ ပေးဖို့ လိုလာသည်။ Asian Flush Syndrome (သို့ မဟုတ်) အရက်သောက်မျက်နှာနီဝေဒနာ ဟာ အာရှမှာတော့ များချက်ပဲ။ သက်သေ အချက်အလက်တွေအရတော့ တရုတ်၊ ကိုရီးယား၊ ဂျပန် လူမျိုး ၃၀ ရာခိုင်နှုန်းက […]

မွန်တွင် ငှက်ဖျားကြောင့် သေဆုံး သူမရှိတော့

diz_admin

January 21, 2020

မွန်ပြည်နယ်အတွင်း ငှက်ဖျား ရောဂါဖြစ်ပွားမှုနှုန်းသည် တစ်နှစ်ထက် တစ်နှစ် လျော့ကျလာပြီး ယခုအခါ သေဆုံးသူ မရှိတော့သည်အထိ ရောဂါ ဖြစ်ပွားမှု ကျဆင်းလာသည်ဟု မွန် ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန က ပြောသည်။ မွန်ပြည်နယ်တွင် ၂၀၀၉ ခုနှစ်က ငှက်ဖျားရောဂါဖြစ်ပွားသူ ၂၅၀၅၂ ဦးရှိခဲ့ ပြီး သေဆုံးသူ ၆၆ ဦးထိရှိခဲ့သော်လည်း ၂၀၁၉ ခုနှစ် နိုဝင်ဘာလကုန်ထိတွင် ငှက်ဖျားရောဂါ ဖြစ်ပွားသူ ၈၂၈ ဦးသာ ရှိပြီး သေဆုံးသူ မရှိတော့ကြောင်း မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီး ဌာနမှူး ဒေါက်တာထွန်းအောင်ကြည်က ပြောသည်။ “ကျဆင်းလာတယ်ဆိုပေမယ့် ဒေသတွင်း ကူးစက်တဲ့လူနာ မရှိအောင် ဆိုတဲ့ ရည်မှန်းချက် ရောက်အောင်လုပ် ဖို့က တွန်းအားပေးဆောင်ရွက်ဖို့တော့ လိုသေးတယ်” ဟု ပြည်နယ် […]

သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး အခမဲ့ထိုးပေးမည်

diz_admin

January 14, 2020

တနင်္သာရီတိုင်းရှိ အသက်ကိုးနှစ်အရွယ်နှင့် ဆယ်နှစ်အရွယ်ရှိ မိန်းကလေးငယ်များကို ၂၀၂၀ ခုနှစ် ဇွန်လ ပထမအပတ်တွင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးအခမဲ့ထိုးနှံပေးမည်ဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။ သားအိမ်ခေါင်းကင်ဆာသည် အသက် ၄၀ ကျော် ၅၀ ကျော် အရွယ်ရှိ အသက်ကြီးသူများတွင်သာ အဖြစ်များသည်ဟု အထက်ပါဌာန တိုးချဲ့ကာကွယ်ဆေးအဖွဲ့ခေါင်းဆောင် ဒေါက်တာ မြတ်ဖြူပြာအေးက ပြောသည်။ “ကိုးနှစ်ဆယ်နှစ်တွေဆိုတော့ လိင်ဆက်ဆံမှု လုံး၀မရှိသေးဘူး။ လိင်ဆက်ဆံမှုမရှိသေးမှ ဗိုင်းရပ်စ် ဆိုတာက မကူးစက်အောင် ကာကွယ်နိုင်တာ။ အိမ်ထောင်ကျပြီးသူတွေ ထိုးမရဘူးလားဆို ထိုးလို့တော့ရ တယ်။ ဒါပေမယ့် ကာကွယ်ဖို့ မသေချာတော့ဘူး”ဟု ဒေါက်တာမြတ်ဖြူပြာအေးက ဆိုသည်။ အိမ်ထောင်ကျပြီးသူ (လိင်ဆက်ဆံပြီးသူ)များမှာ သားအိမ်ခေါင်းကို စစ်ဆေးရမည်ဖြစ်ပြီး ရောဂါ လက္ခဏာမရှိမှသာ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ […]

ထားဝယ်တွင် တိရစ္ဆာန်ဆေးကုခန်း နှစ်ခု တိုးလာ

diz_admin

January 6, 2020

ထားဝယ်တွင် တိရစ္ဆာန်ဆေးကုသူ များလာပြီး တိရစ္ဆာန်ဆေးကုခန်းနှစ်ခုထပ်တိုးလာသည်ဟု ထားဝယ်ရှမ္မ လည်ဆွဲရပ်ကွက်မှ တိရစ္ဆာန်ဆေးကု သည့် ဆရာဝန်တစ်ဦးက ပြောသည်။ ၂၀၁၈ ခုနှစ်ခန့်မှ စတင်ကာ ယခင် နှစ်များကထက် တိရစ္ဆာန်များကို လာရောက်ဆေးကုသသူ အနည်းငယ် ပိုလာသည်ဟု အထက်ပါ ဆရာဝန်က ပြောသည်။ “ထားဝယ်မြို့မှာ တိရစ္ဆာန်ဆေး ကုခန်း ဆရာစဖွင့်တယ်။ စဖွင့်တော့ လူတွေကဘာဖြစ်လဲဆိုတော့ ဒီဆိုင်းဘုတ် ကြည့်ကြည့်ပြီးတော့ ရယ်ရယ်သွား ကြတယ်။ တိရစ္ဆာန်ဆိုတာဘယ်သူက ဆေးကုမှာ လဲပေါ့နော်”ဟု အထက်ပါ ဆရာဝန်က ပြောသည်။ တိရစ္ဆာန်များကို ကာကွယ်ဆေးထိုးခြင်း၊ ရောဂါဖြစ်သည့်အခါ ဆေးကုသပေးခြင်းများပြုလုပ် လာကြပြီး ကုသရသည့် အိမ်မွေးတိရစ္ဆာန်များတွင် ခွေးနှင့်ကြောင်က အများဆုံးဖြစ်ကြောင်း ၎င်းက ပြောသည်။ ထို့ပြင် နွား၊ ဝက်၊ ကြက်၊ ဘဲ၊ မြွေ၊ […]