BREAKING
September 16, 2024

ကျန်းမာရေး

ကိုရိုနာဗိုင်းရပ်စ်တွေ့လူနာ ၄ ဦး ထပ်တိုး၊ စုစုပေါင်း ၁၂၇ ဦး

diz_admin

April 23, 2020

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ၏ ဧပြီလ ၂၂ ရက်နေ့၊ ညတွင် (ဒုတိယအသုတ်) စစ်ဆေးခဲ့သော ဓာတ်ခွဲနမူနာ ၇၂ ခုအနက် ၄ ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနက သတင်းထုတ်ပြန်သည်။ လက်ရှိအချိန်အထိ မြန်မာနိုင်ငံတွင် ဓာတ်ခွဲအတည်ပြု လူနာ ၁၂၇ဦး ရှိပြီ ဖြစ်သည်။

ကိုရိုနာ ဗိုင်းရပ်စ်တွေ့လူနာ ၆ ဦး ထပ်တိုး

diz_admin

April 20, 2020

ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန၏ ထုတ်ပြန်ချက် အပြည့်အစုံ ၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ၏ (၂၀-၄-၂၀၂၀) ရက်နေ့၊ (ပထမအသုတ်) စစ်ဆေးခဲ့သော ဓာတ်ခွဲနမူနာ (၁၈၁) ခုအနက် (၆) ဦး၏ ဓာတ်ခွဲနမူနာတွင် COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ပြီး ကျန် (၁၇၅) ခုတွင် COVID-19 ရောဂါပိုးမတွေ့ရှိ (မတွေ့ရှိ) ပါ။ ၂။ အဆိုပါ လူနာသစ် (၆) ဦးကို သက်ဆိုင်ရာဆေးရုံများသို့ လွှဲပြောင်း၍ သီးခြားထားရှိကုသမှု ပေးသွားမည်ဖြစ်ပါသည်။ ၃။ ယနေ့ ည (၈:၀၀)နာရီ အထိ မြန်မာနိုင်ငံတွင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၁၇) ဦးရှိပြီဖြစ်ပါသည်။ ၄။ ယခုအခါ မြန်မာနိုင်ငံရှိ ဓာတ်ခွဲအတည်ပြုလူနာများအနက် […]

ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးတွေ့သူ ၂ ဦးထပ်တိုး၊ စုစုပေါင်း ၉၆ ဦး ရှိပြီ

diz_admin

April 18, 2020

ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အပြည့်အစုံ ၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ၏ (၁၈-၄-၂၀၂၀) ရက်နေ့၊ ပထမအသုတ် စစ်ဆေးခဲ့သော ဓာတ်ခွဲနမူနာ (၉၁) ခုအနက် (၂) ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ရပြီး ကျန်လူနာ (၈၉) ဦးတွင် COVID-19 ရောဂါပိုးမတွေ့ရှိ (မတွေ့ရှိ)ပါ။ ၂။ ယခုအထိ ဓာတ်ခွဲအတည်ပြုလူနာ (၉၆) ဦးအနက် (၅) ဦးမှာသေဆုံးခဲ့ပြီး၊ (၂) ဦးမှာ ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့ပြီးဖြစ်ပါသည်။ ၃။ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၈၄)ဦးအား အောက်ပါဇယားအတိုင်း သက်ဆိုင်ရာ ဆေးရုံများတွင် လိုအပ်သလို ကုသမှုပေးလျက်ရှိပြီး ဝေဘာဂီအထူးကုဆေးရုံကြီး၊ အထူးကြပ်မတ်ကုသဆောင်တွင် လူနာ (၃) ဦးအား ကုသမှုပေးလျက်ရှိပြီး […]

ပြည်တွင်းခရီးမှ တနင်္သာရီတိုင်းအတွင်းသို့ လာသူအားလုံး စောင့်ကြည့်စခန်းတွင် ၂၁ ရက် နေရမည်

diz_admin

April 15, 2020

ပြည်တွင်း အခြားဒေသမှ တနင်္သာရီတိုင်းအတွင်းသို့ ဝင်ရောက်လာသူအားလုံး စောင့်ကြည့်စခန်းများတွင် (Quarantine) ၂၁ ရက်ကြာ စောင့်ကြည့်ခံရမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးကျော်မင်းက ပြောသည်။ မလွှဲတောင်ဂိတ်နှင့် လေကြောင်းမှလာသည့် ခရီးသည်များ မိမိသွားလာမည့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာရှိ စောင့်ကြည့်စခန်းများတွင် စောင့်ကြည့်ခံရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ သို့ရာတွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကျန်းမာရေးကိစ္စ သွားလာသူများ မပါဘဲ အိမ်စီးကား၊ ခရီးသည်တင်ကားဖြင့် လာရောက်သူ မည်သူမဆို စောင့်ကြည့်စခန်းတွင် နေရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ လက်ရှိတွင် သင်္ကြန်တွင်းကာလဖြစ်သည့်အတွက် လေကြောင်းလိုင်းများ ခေတ္တရပ်နားထားသည်။ “အိမ်စီးကာတွေလာမယ်ဆိုရင် ပါလာတဲ့လူမှန်သမျှအကုန်လုံး ရောက်ရှိတဲ့ကျေးရွာ/ရပ်ကွက်မှာတော့ ၂၁ ရက် Quarantine (စောင့်ကြည့်စခန်း)ဝင်ရမှာဖြစ်ပါတယ်” ဟု ဝန်ကြီးဦးကျော်မင်းက ပြောသည်။ ထိုသို့ လုပ်ဆောင်ရန် လာရောက်သူ သွားမည့် ရပ်ကွက်/ကျေးရွာတာဝန်ရှိသူနှင့် […]

မြိတ်နှင့် ထားဝယ်မှ စောင့်ကြည့်လူနာ ၃၀ နီးပါး ဓာတ်ခွဲ နမူနာပို့

diz_admin

April 14, 2020

ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်မှ ကိုရိုနာရောဂါပိုးရှိ/ မရှိ ဓာတ်ခွဲစစ်ဆေးထားသူ သုံးဆယ်နီးပါး၏ အဖြေကို ယနေ့ည သိရဖွယ်ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာထွေးမြစိုးက ပြောသည်။ ဧပြီလ ၁၃ ရက်နေ့က ထားဝယ်ဆေးရုံကြီးနှင့် တနင်္သာရီဆေးရုံတို့မှ စောင့်ကြည့်လူနာ ၆ ဦး၏ ဓာတ်ခွဲနမူနာပေးပို့ထားသည်။ ဧပြီလ ၁၄ ရက်နေ့တွင် အတည်ပြုလူနာအမှတ် ၂၅ နှင့် ဆက်နွယ်ထိတွေ့ခဲ့သူ ၂၀ ဦးနှင့် မြိတ်နှင့် တနင်္သာရီဆေးရုံမှ တစ်ဦးစီ၏ ဓာတ်ခွဲနမူနာများ ပေးပို့ထားသည်။ ဧပြီလ ၁၃ ရက်နေ့က နမူနာပေးပို့ထားသူ ၆ ဦး၏ အဖြေကို ယနေ့ညသိနိုင်မည်ဖြစ်ပြီး ယနေ့ပို့ထားသူများ၏ အဖြေလည်း ပါလာနိုင်ဖွယ်ရှိကြောင်း ဒေါက်တာထွေးမြစိုးက ဆိုသည်။ “အဖြေထွက်နိုင်တယ်ပေါ့နော်” ဟု ဒေါက်တာထွေးမြစိုးက ပြောသည်။ ဧပြီလ […]