BREAKING
January 22, 2025

ကျန်းမာရေး

ကိုရိုနာ ဗိုင်းရပ်စ်တွေ့လူနာ ၆ ဦး ထပ်တိုး

diz_admin

April 20, 2020

ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန၏ ထုတ်ပြန်ချက် အပြည့်အစုံ ၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ၏ (၂၀-၄-၂၀၂၀) ရက်နေ့၊ (ပထမအသုတ်) စစ်ဆေးခဲ့သော ဓာတ်ခွဲနမူနာ (၁၈၁) ခုအနက် (၆) ဦး၏ ဓာတ်ခွဲနမူနာတွင် COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ပြီး ကျန် (၁၇၅) ခုတွင် COVID-19 ရောဂါပိုးမတွေ့ရှိ (မတွေ့ရှိ) ပါ။ ၂။ အဆိုပါ လူနာသစ် (၆) ဦးကို သက်ဆိုင်ရာဆေးရုံများသို့ လွှဲပြောင်း၍ သီးခြားထားရှိကုသမှု ပေးသွားမည်ဖြစ်ပါသည်။ ၃။ ယနေ့ ည (၈:၀၀)နာရီ အထိ မြန်မာနိုင်ငံတွင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၁၇) ဦးရှိပြီဖြစ်ပါသည်။ ၄။ ယခုအခါ မြန်မာနိုင်ငံရှိ ဓာတ်ခွဲအတည်ပြုလူနာများအနက် […]

ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးတွေ့သူ ၂ ဦးထပ်တိုး၊ စုစုပေါင်း ၉၆ ဦး ရှိပြီ

diz_admin

April 18, 2020

ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အပြည့်အစုံ ၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ၏ (၁၈-၄-၂၀၂၀) ရက်နေ့၊ ပထမအသုတ် စစ်ဆေးခဲ့သော ဓာတ်ခွဲနမူနာ (၉၁) ခုအနက် (၂) ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ရပြီး ကျန်လူနာ (၈၉) ဦးတွင် COVID-19 ရောဂါပိုးမတွေ့ရှိ (မတွေ့ရှိ)ပါ။ ၂။ ယခုအထိ ဓာတ်ခွဲအတည်ပြုလူနာ (၉၆) ဦးအနက် (၅) ဦးမှာသေဆုံးခဲ့ပြီး၊ (၂) ဦးမှာ ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့ပြီးဖြစ်ပါသည်။ ၃။ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၈၄)ဦးအား အောက်ပါဇယားအတိုင်း သက်ဆိုင်ရာ ဆေးရုံများတွင် လိုအပ်သလို ကုသမှုပေးလျက်ရှိပြီး ဝေဘာဂီအထူးကုဆေးရုံကြီး၊ အထူးကြပ်မတ်ကုသဆောင်တွင် လူနာ (၃) ဦးအား ကုသမှုပေးလျက်ရှိပြီး […]

ပြည်တွင်းခရီးမှ တနင်္သာရီတိုင်းအတွင်းသို့ လာသူအားလုံး စောင့်ကြည့်စခန်းတွင် ၂၁ ရက် နေရမည်

diz_admin

April 15, 2020

ပြည်တွင်း အခြားဒေသမှ တနင်္သာရီတိုင်းအတွင်းသို့ ဝင်ရောက်လာသူအားလုံး စောင့်ကြည့်စခန်းများတွင် (Quarantine) ၂၁ ရက်ကြာ စောင့်ကြည့်ခံရမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးကျော်မင်းက ပြောသည်။ မလွှဲတောင်ဂိတ်နှင့် လေကြောင်းမှလာသည့် ခရီးသည်များ မိမိသွားလာမည့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာရှိ စောင့်ကြည့်စခန်းများတွင် စောင့်ကြည့်ခံရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ သို့ရာတွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကျန်းမာရေးကိစ္စ သွားလာသူများ မပါဘဲ အိမ်စီးကား၊ ခရီးသည်တင်ကားဖြင့် လာရောက်သူ မည်သူမဆို စောင့်ကြည့်စခန်းတွင် နေရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ လက်ရှိတွင် သင်္ကြန်တွင်းကာလဖြစ်သည့်အတွက် လေကြောင်းလိုင်းများ ခေတ္တရပ်နားထားသည်။ “အိမ်စီးကာတွေလာမယ်ဆိုရင် ပါလာတဲ့လူမှန်သမျှအကုန်လုံး ရောက်ရှိတဲ့ကျေးရွာ/ရပ်ကွက်မှာတော့ ၂၁ ရက် Quarantine (စောင့်ကြည့်စခန်း)ဝင်ရမှာဖြစ်ပါတယ်” ဟု ဝန်ကြီးဦးကျော်မင်းက ပြောသည်။ ထိုသို့ လုပ်ဆောင်ရန် လာရောက်သူ သွားမည့် ရပ်ကွက်/ကျေးရွာတာဝန်ရှိသူနှင့် […]

မြိတ်နှင့် ထားဝယ်မှ စောင့်ကြည့်လူနာ ၃၀ နီးပါး ဓာတ်ခွဲ နမူနာပို့

diz_admin

April 14, 2020

ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်မှ ကိုရိုနာရောဂါပိုးရှိ/ မရှိ ဓာတ်ခွဲစစ်ဆေးထားသူ သုံးဆယ်နီးပါး၏ အဖြေကို ယနေ့ည သိရဖွယ်ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာထွေးမြစိုးက ပြောသည်။ ဧပြီလ ၁၃ ရက်နေ့က ထားဝယ်ဆေးရုံကြီးနှင့် တနင်္သာရီဆေးရုံတို့မှ စောင့်ကြည့်လူနာ ၆ ဦး၏ ဓာတ်ခွဲနမူနာပေးပို့ထားသည်။ ဧပြီလ ၁၄ ရက်နေ့တွင် အတည်ပြုလူနာအမှတ် ၂၅ နှင့် ဆက်နွယ်ထိတွေ့ခဲ့သူ ၂၀ ဦးနှင့် မြိတ်နှင့် တနင်္သာရီဆေးရုံမှ တစ်ဦးစီ၏ ဓာတ်ခွဲနမူနာများ ပေးပို့ထားသည်။ ဧပြီလ ၁၃ ရက်နေ့က နမူနာပေးပို့ထားသူ ၆ ဦး၏ အဖြေကို ယနေ့ညသိနိုင်မည်ဖြစ်ပြီး ယနေ့ပို့ထားသူများ၏ အဖြေလည်း ပါလာနိုင်ဖွယ်ရှိကြောင်း ဒေါက်တာထွေးမြစိုးက ဆိုသည်။ “အဖြေထွက်နိုင်တယ်ပေါ့နော်” ဟု ဒေါက်တာထွေးမြစိုးက ပြောသည်။ ဧပြီလ […]

တနင်္သာရီတိုင်းအတွင်း ကိုရိုနာရောဂါပိုးစစ်ထားသူ သုံးဆယ်ကျော်ရှိ၊ ယနေ့ည အဖြေသိရမည်

diz_admin

April 12, 2020

တနင်္သာရီတိုင်းအတွင်းမှ ကိုရိုနာရောဂါပိုးရှိ/မရှိ ဓာတ်ခွဲခန်းပို့ထားသူ သုံးဆယ်ကျော်ရှိပြီး ၎င်းတို့၏ ဓာတ်ခွဲအဖြေကို ယခုညတွင် သိရမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာထွေးမြစိုးက ပြောသည်။ တိုင်းအတွင်း မြို့နယ် ၁၀ ခုရှိ စောင့်ကြည့်ရေးစခန်းများ (Facility Quarantine) တွင် စောင့်ကြည့်ခံနေရသူ ၃၀ ဦးနှင့် ဆေးရုံစောင့်ကြည့်လူနာ ၅ ဦး ဓာတ်ခွဲနမူနမူများကို ယခုည သိရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ စောင့်ကြည့်စခန်းရှိသူများတွင် ကိုရိုနာရောဂါပိုးလက္ခဏာမရှိသော်လည်း စောင့်ကြည့်သည့်ရက်ပြည့်ခါနီး ၃၀ ဦး၏ နမူနာများကို ဓာတ်ခွဲခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ “ရောဂါလက္ခဏာ ဘာမှတော့ မရှိဘူးပေါ့”ဟု ဒေါက်တာထွေးမြစိုးက ပြောသည်။ ယင်းအပြင် ဧပြီလ ၁၃ ရက်နေ့တွင် ထားဝယ်ဆေးရုံရှိ စောင့်ကြည့်လူနာ ၃ ဦးနှင့် တနင်္သာရီမြို့နယ်မှ […]

ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးတွေ့ အသက် ၈၅ နှစ်အရွယ် အဖိုး ကွယ်လွန်

diz_admin

April 12, 2020

ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးတွေ့ရှိသည့် ၃၉ ဦးမြောက်အဖြစ် ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနက ယနေ့ည ၈ နာရီ သတင်းထုတ်ပြန်သည့် အသက် ၈၅ နှစ် အဖိုးမှာ ယနေ့ မနက်ကပင် ကွယ်လွန်ခဲ့ကြောင်း သိရသည်။ အဆိုပါ အဖိုးအိုသည် ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်တွင်နေထိုင်သူဖြစ်ပြီး ပြင်းထန် အဆုတ်ရောင်ရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါနှင့် နှလုံးသွေးကြောကျဉ်းရောဂါအခံ ရှိခြင်းတို့ကြောင့် ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။ ယနေ့ ဧပြီလ ၁၂ ရက်အထိ မြန်မာနိုင်ငံတွင် ကျုရိုနာဗိုင်းရပ်စ်ပိုးတွေ့သူ ၃၉ ဦးရှိပြီဖြစ်ပြီး သေဆုံးသူ ၄ ဦး ရှိပြီဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၃၁ ဦးရှီပြီ၊ ဆရာ၀န်တစ်ဦးပါလာ

diz_admin

April 11, 2020

ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန၏ ထုတ်ပြန်ချက် အပြည့်အစုံ ၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (၁၁-၄-၂၀၂၀)ရက်နေ့၊ ည ဓာတ်ခွဲအဖြေမျာအရ စောင့်ကြည့်လူနာများ၊ ဆေးရုံများနှင့် သက်ဆိုင်ရာ နေရာများ တွင် အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုမှုခံရသူများ စုစုပေါင်း (၁၆၇) ဦး၏ ဓာတ်ခွဲ နမူနာများအား စစ်ဆေးခဲ့ရာ (ဇယား-၁) ၌ ဖော်ပြထားရှိသော လူနာ (၃) ဦး၏ ဓာတ်ခွဲအဖြေတွင် COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ရပြီး ကျန်လူနာများနှင့် စောင့်ကြပ်ကြည့်ရှုမှုခံရသူ (၁၆၄) ဦး၏ ဓာတ်ခွဲအဖြေများတွင် COVID-19 ရောဂါပိုး မရှိကြောင်း တွေ့ရှိရပါသည်။ ၂။ ဓာတ်ခွဲအတည်ပြုလူနာ (Case-029) သည် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် နေထိုင်သော အသက် […]