ထိုင်း အီစန်ဒေသက နွားတွင် ခွေးရူးပြန်ရောဂါပိုးတွေ့သဖြင့် အမဲသား အစိမ်းမစားကြရန်သတိပေး
Dawei Watch
January 31, 2025ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း အီစန်ဒေသက နွားတွင် ခွေးရူးပြန်ရောဂါပိုးတွေ့ရှိထားသဖြင့် အမဲသားကို အစိမ်းမစားကြရန် ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၂၉ ရက်တွင် သတိပေးချက် ထုတ်ပြန်ထားသည်။ အီစန်ဒေသက ခေါင်ကယ်ခရိုင်ရှိ နွားများတွင် ယခုလ အစောပိုင်းကစ၍ ခွေးရူးပြန်ရောဂါပိုးကို တွေ့ရှိလာရသဖြင့် အမဲသား အစိမ်းများကို မစားကြရန် သတိပေးထားခြင်းဖြစ်သည်။ ရောဂါပိုးကို ကာကွယ်ထိန်းချုပ်နိုင်ရန် ဒေသအတွင်းရှိ ပြည်သူများအနေဖြင့် အမဲသားကိုအစိမ်းမစားဘဲ ချက်ပြုတ် စားသောက်ကြရန် ထုတ်ပြန်ထားသည်။ ချက်ပြုတ်စားသောက်ပါက အန္တရာယ်မရှိကြောင်း ဖော်ပြသည်။ ခွေးရူးတစ်ကောင်က သားသတ်ရန် ကြိုးချည်ထားသည့် နွားကို ဝင်ကိုက်ခဲ့ပြီး အဆိုပါနွား၏ အသားကို ပြည်သူများက စားသောက်ခြင်း၊ အဆိုပါခွေးကိုက်ရာမှ အခြားတိရစ္ဆာန်များကို ကူးစက်မှုတို့မှတစ်ဆင့် ခွေးရူးပြန်ရောဂါပိုး ပြန့်နှံ့သွားကြောင်း အာဏာပိုင်များက ထုတ်ပြန်သည်။ ထို့ကြောင့် နယ်မြေခံကျန်းမာရေးဌာနများက ရောဂါပြန့်နှံ့မှုကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် […]