တနင်္သာရီရိုးမ ရွှေဒိုင်ယာရီ
diz_admin
January 3, 2020ကျွန်တော်ငယ်ငယ်က ဆရာဖေမြင့် (အခု ပြန်ကြားရေးဝန်ကြီး)ရဲ့ “ကျွန်းနှင့် အခြားဝတ္ထုတိုများ”စာအုပ်ထဲက ဝတ္ထုတိုတွေကို ထပ်ကာတလဲလဲ စွဲစွဲလန်းလန်းဖတ်ဖူးခဲ့ပါတယ်။ ဒီဝတ္ထုတိုစာအုပ်ထဲမှာ ပါတဲ့ “ရွှေ” ဝတ္ထုတိုကို အခုထိ စွဲလန်းနေရတုန်းပါပဲ။ လက်နက်ကိုင်ပဋိပက္ခတွေရှိနေတဲ့ အန္တရာယ်များလွန်းလှတဲ့ ဒေသမှာ ရွှေသွားတူးတဲ့ ရွှေတူးသမားတစ်ယောက်အကြောင်းပါ။ ဒီဝတ္ထုတိုထဲမှာပါတဲ့ ကျွန်းနှစ်ပင်စခန်း၊ ရွှေဇီးကွက်စခန်း၊ လိပ်တောင်ကြော၊ ငါးဘတ်အိုင်၊ ရွှေနီချောင်း၊ ရွှေပင့်ကူချောင်း စတဲ့ မြန်မာပြည်အရပ်ရပ်က ရွှေထွက်တဲ့နေရာမှာ နာမည်ကြီးတဲ့နေရာနာမည်တွေကိုလည်း စိတ်ထဲမှာ စွဲစွဲလန်းလန်း မှတ်မိနေခဲ့ဖူးပါတယ်။ ရွှေဆိုတာ အမြဲအန္တရာယ်နဲ့ ဒွန်တွဲနေတတ်ပါတယ်တဲ့။ ရွှေသိုက်ဆိုတာ အန္တရာယ်သိုက် ပါပဲတဲ့။ ၂၀၁၈ ခုနှစ် ကျွန်တော်တနင်္သာရီမြို့ နယ်ဘက်မှာ အလုပ်ကိစ္စနဲ့ သွားလာလုပ်ကိုင်နေရင်း ဒီလိုရွှေထွက်တဲ့နေရာမှာ နာမည်ကြီးတဲ့ တနင်္သာရီမြစ်အထက်ပိုင်း တနင်္သာရီရိုးမထဲက ရွာတွေဆီကို သွားဖို့ အကြောင်းပေါ်လာခဲ့ပါတယ်။ ဒီဒေသတွေမှာ သွားရင်းလာရင်း […]