ဟွေးသွားတဲ့အခါ
Dawei Watch
January 26, 2025စစ်ပွဲတွေ၊ အနိဋ္ဌာရုံတွေ၊ ဆင်းရဲမွဲတေမှုတွေနဲ့ တချိန်က စာနယ်ဇင်းမှာရော၊ ရုပ်ရှင်တွေမှာရော ထင်ရှားခဲ့တဲ့ ဗီယက်နမ်နိုင်ငံရဲ့ ရှေးနန်းမြို့တော်ဟောင်း ဟွေး (Hue)ကို ရောက်သွားခဲ့တယ်။ စစ်ပွဲနဲ့ နိုင်ငံရေး ပဋိပက္ခတွေ အကြား နှစ်ပေါင်း ၄၀ လောက် ဗီယက်နမ်ကို ပြန်ခွင့်မရခဲ့သူ၊ နာတာရှည်ရောဂါနဲ့ စကားမပြောနိုင်တော့ချိန်မှာ သူသာသနာ့ဘောင်ဝင်ခဲ့တဲ့ ကျောင်းသိင်္ခမ်းကလေးမှာဘဝနေဝင်ချိန်ကိုကုန်ဆုံးခွင့်ရပြီး ထိုဝိဟာရမှာပဲ ခေါင်းချသွားခဲ့သူ၊ ကမ္ဘာကျော် ဇင်ဆရာတော်အရှင်သူမြတ်တပါးရဲ့ အမှတ်တရတွေရှိခဲ့တဲ့ ဟွေးမြို့ပေါ့။ ဟွေးဟာ ဗီယက်နမ်ရဲ့ အလယ်ပိုင်းမှာရှိတယ်။ တောင်နဲ့ မြောက် အကွဲအပြဲအက်ကြောင်း အကြီးကြီးရှိခဲ့တဲ့ နိုင်ငံမှာ ဟွေးဟာ တချိန်တုန်းကတော့ မြောက်ဗီယက်နမ်ရဲ့ တောင်ဘက်စွန်းကမြို့။ တောင်နဲ့မြောက် စစ်အားပြိုင်ခဲ့ကြတုန်းက တိုက်ပွဲကြီးတွေရဲ့ ဒဏ်ကို ခါးခါးသီးသီးခံခဲ့ရတဲ့အရပ်။ အခုတော့လည်း ဟွေးဟာ ဘယ်တုန်းကမှ အနိဋ္ဌာရုံတွေ မရှိခဲ့တဲ့ နန်းမြို့ဟောင်းလေးလို ရေမွှေးမြစ်ရေတွေနဲ့အတူ […]