ဖထီး ကွမ်းဥယျာဉ်အတွက် တရားမျှတမှုတိုက်ပွဲ
diz_admin
January 16, 2020အခုတော့ ဘာမျှစိုက်ပျိုးစားသောက် ၍ မရတော့သော ကွင်းပြင်ကြီးဖြစ်သွား လေပြီ။ ၁၃ ဧကကျယ်သည့် ထိုကွင်းပြင် ကြီးသည် တစ်ချိန်က ကွမ်းသီးပင်များ စိုက်ပျိုးထားသည့် ဖထီးစောဒါးရွှေတို့ မိသားစု စားဝတ်နေရေးကို အဓိကဖြေရှင်း ပေးနေသည့် ဘဏ္ဍာသိုက်ကြီးတစ်ခု ဖြစ်ခဲ့ဖူးသည်။ “ဘယ်လိုမှ လုပ်စားလို့မရတော့တဲ့ မြေပြင်ဖြစ်သွားပြီ”ဟု သတ္တုစွန့်ပစ် မြေစာများ အပြည့်ဖုံးလွှမ်း ထားသည့် ကွင်းပြင် ကြီးကို ငေးမေားရင်း ဖထီးစောဒါရွှေက ရေရွတ်လိုက်သည်။ ဖထီးစောဒါးရွှေတို့မိသားစု နေထိုင် သည့် ဥယျာဉ်ခြံကို ထားဝယ်မြို့မှ မိုင် သုံးဆယ်ဝန်းကျင်ဝေးသည့် မေတ္တာမြို့၊ ကျောက်မဲတောင်ကျေးရွာအထိ ဆိုင်ကယ်၊ ကားများဖြင့် အလွယ်တကူသွားရောက် နိုင်ပြီး ယင်းမှတစ်ဆင့် ဆိုင်ကယ်စီးကာ ကင်းပွန်းချုံရွာသို့ မိနစ် နှစ်ဆယ်ခန့် သွားရောက်နိုင်သည်။ ကင်းပွန်းချုံကျေးရွာသည် ကျေးရွာ ဟုဆိုသော်လည်း စာသင်ကျောင်း၊ […]