အမှောင်ထဲမှ မင်းသားများ ၁၉၉၀
diz_admin
March 14, 2023Princes in The Darkness 1990s အခန်း(၂၂) မန္တလေးရှိ ကိုနေဝင်းအိမ်သို့ ဗေဒါ ပြန်ရောက်ခဲ့ပြီ။ ကိုနေဝင်းက ပြန်မလာသေး။ သူ့ဇနီးနှင့် ကလေးများသာ အိမ်မှာရှိနေ၏။ ယခုအချိန်တွင် သူကိုယ်တိုင်အန္တရာယ်ရှိနေသဖြင့် ကြားထဲမှ ကိုနေဝင်း၏ ဇနီးနှင့်ကလေးများ ထိခိုက်မည်ကို ဗေဒါမလိုလား။ ပြီးတော့ ဒီပြဿနာထဲတွင် ကိုနေဝင်းကိုယ်တိုင်ပါဝင်နေနိုင်သဖြင့် ကိုနေဝင်းအိမ်တွင် မနေပဲ ခြေရာဖျောက်ရန် ဗေဒါဆုံးဖြတ်လိုက်သည်။ ရှေးဉီးစွာ ဟန်းဖုန်းကို ပိတ်ချပစ်လိုက်၏။ ထို့နောက် ကားကို ကိုနေဝင်းအိမ်တွင်ထားခဲ့ကာ ကျောပိုးအိတ်ကိုလွယ်လျက် လမ်းလျှောက်ထွက်လာခဲ့လိုက်သည်။ ဟိုတယ်တစ်ခုခုတွင် တည်းခိုပြန်လျှင်လည်း တဖက်ရန်သူက ဘယ်သူမှန်းမသိသဖြင့် သူ့ကို ခြေရာခံမိသွားနိုင်၏။ ထို့ကြောင့် ဗေဒါ နှင့် ယခင်ကတည်းက ရင်းနှီးခဲ့ဖူးသော မလွန်ဆန်လှူအသင်းအကျိုးတော်ဆောင်ဆရာတော် တစ်ပါး၏ ကျောင်းတိုက်သို့ ထွက်ခွာလာခဲ့သည်။ ဆရာတော်က ဗေဒါမိဘများလက်ထက်ကတည်းက စာသင်သားဘဝနှင့် […]