ပန်းနှင့် ယမ်းနှင့် ထုံကူးသည့် ည
Dawei Watch
January 4, 2024နှစ်သစ်ကူးတော့မယ့်ညဟာ ပျော်စရာကောင်းလား၊ မကောင်းဘူးလား။ မပြောတတ်ဘူး။ ဘာလို့ဆို လှပခြင်းရဲ့ အခြားတစ်ဖက်မှာ အရုပ်ဆိုးအကျည်းတန်မှုကလည်း ဒင်္ဂါးတစ်စေ့ရဲ့ မျက်နှာနှစ်ဖက်လို တွဲကပ်နေလို့ပါပဲ။ ငြိမ်းအေးသာယာခြင်းက တစ်ဖက်၊ စစ်မီးတောက်တွေက တစ်ဖက်။ အဲဒီဆန့်ကျင်ဘက်နှစ်ကို တွဲဆက်ပေးလိုက်တဲ့အခါ ညဟာ ပြည့်စုံသွားတယ်လို့ ဆိုရမလိုပါပဲ။ ကျနော်ဟာ ကုန်ဆုံးတော့မှာဖြစ်တဲ့ နှစ်ဟောင်းရဲ့ နောက်ဆုံးအချိန်တွေကို ခံစားနေမိတယ်။ နှစ်ဟောင်းဟာ ကျနော့်ရင်ဘက်ထဲကနေ တစ်စက္ကန့်ချင်း၊ တစ်စက္ကန့်ချင်း ထွက်ခွာလို့နေတယ်။ ဘူတာရုံကနေ ရထားအိုကြီး တဖြည်းဖြည်းချင်း ထွက်ခွာသွားပုံမျိုးနဲ့တော့ သိပ်ပြီး မတူလှပါဘူး။ ရထားအိုကြီးကတော့ ဒီဘူတာကနေ ထွက်သွားပြီးတဲ့အခါ နောက်ထပ်ဘူတာတစ်ခုကို ရောက်မယ်။ နှစ်ဟောင်းကတော့ ကျနော်တို့ဆီကနေ ထွက်ခွာပြီးတဲ့အခါ ဘယ်ဆီဘယ်ဝယ်ကို ရောက်သွားတယ်ရယ်လို့ မပြောနိုင်တော့ပါဘူး။ ဒါဟာ နှမြောစရာလည်း ကောင်းသလို လွမ်းဖွယ်ရာလည်း ဖြစ်နေပြန်ပါတယ်။ လူနှစ်ယောက်ရဲ့ ဆက်ဆံရေးကို အနှစ်ချုပ်လိုက်ရင် […]