အပူသံသရာ
Dawei Watch
April 9, 2024တပေါင်း တန်းခူး မိုးသားကျူး ဆိုပေသိ ပြာလဲ့လဲ့ အဇဋာ၌ တိမ်စိုင်လွှာပါးပါးလျလျကိုမျှ မမြင်ရ။ ဤဝသန္တ ရက်များတွင် ဥဩသည် နေ့ ည မပြတ် တေးသံကျူးနေပြန်သည်။ သစ်ပင်အတော်များများကား အရွက်များ မကပ်နိုင်ရှာတော့ပြီ။ အများစုမှာ ဗလာကျင်းသော ပင်ထီးတည်းဖြင့် ရိုးတံကျဲလျက် အပူဒဏ်ခံနေကြရရှာသည်။ အရိပ်မဲ့သော ပြင်လွင်များ၌ နွယ်မြက်စိမ်းတို့ သည် ခြောက်သယောင်းခဲ့ပြီ။ ရိုးပြတ်များသာ ကျန်တော့သော လယ်ကွင်းများ၊ ကန်သင်းရိုးများ၌လည်း စိမ်းစိုသော ဌာန နတ္ထိ။ ဝဠာရှစ်ခွင်၌ နွေ၏ သရုပ်တို့က လွှမ်းထားနှင့်ပြီ။ သည်လိုအချိန်ခါတွင် မလိုချင်ပါဘဲနှင့် ဆိုက်ဆိုက် မြိုက်မြိုက်ကြီး ရောက်လာနေသည်ကား အပူ။ ရိုးရိုး အပူမဟုတ်။ ကိုယ်စိတ်နှလုံးကို ကျွမ်းလောင်စေသော အပူ။ သောက ပရိဒေဝအပူ၊ ဒုက္ခဒေါမနဿ အပူ။ လူမှန်းသိတတ်ကာစ […]