BREAKING
September 16, 2024

ရသ

ဖထီး ကွမ်းဥယျာဉ်အတွက် တရားမျှတမှုတိုက်ပွဲ

diz_admin

January 16, 2020

အခုတော့ ဘာမျှစိုက်ပျိုးစားသောက် ၍ မရတော့သော ကွင်းပြင်ကြီးဖြစ်သွား လေပြီ။ ၁၃ ဧကကျယ်သည့် ထိုကွင်းပြင် ကြီးသည် တစ်ချိန်က ကွမ်းသီးပင်များ စိုက်ပျိုးထားသည့် ဖထီးစောဒါးရွှေတို့ မိသားစု စားဝတ်နေရေးကို အဓိကဖြေရှင်း ပေးနေသည့် ဘဏ္ဍာသိုက်ကြီးတစ်ခု ဖြစ်ခဲ့ဖူးသည်။ “ဘယ်လိုမှ လုပ်စားလို့မရတော့တဲ့ မြေပြင်ဖြစ်သွားပြီ”ဟု သတ္တုစွန့်ပစ် မြေစာများ အပြည့်ဖုံးလွှမ်း ထားသည့် ကွင်းပြင် ကြီးကို ငေးမေားရင်း ဖထီးစောဒါရွှေက ရေရွတ်လိုက်သည်။ ဖထီးစောဒါးရွှေတို့မိသားစု နေထိုင် သည့် ဥယျာဉ်ခြံကို ထားဝယ်မြို့မှ မိုင် သုံးဆယ်ဝန်းကျင်ဝေးသည့် မေတ္တာမြို့၊ ကျောက်မဲတောင်ကျေးရွာအထိ ဆိုင်ကယ်၊ ကားများဖြင့် အလွယ်တကူသွားရောက် နိုင်ပြီး ယင်းမှတစ်ဆင့် ဆိုင်ကယ်စီးကာ ကင်းပွန်းချုံရွာသို့ မိနစ် နှစ်ဆယ်ခန့် သွားရောက်နိုင်သည်။ ကင်းပွန်းချုံကျေးရွာသည် ကျေးရွာ ဟုဆိုသော်လည်း စာသင်ကျောင်း၊ […]

အိမ်မက်ထဲက နတ်အိမ်တောင်

diz_admin

January 8, 2020

နေအထွက်ကိုငေးခဲ့တယ်။ နယ်စပ်စည်းမျဉ်းတွေဆိုတာ လူသားရဲ့ လှုပ်ရှားသွားလာမှုကို ထိန်းချုပ်နိုင်စွမ်းမှ မရှိဘဲကိုလေ။ (၁) ၁၉၈၉ ခုနှစ် နိုဝင်ဘာလ၊ ထိုင်း-မြန်မာ နယ်စပ် နတ်အိမ်တောင် လမ်းတစ်နေရာ ဖေဖေဟာ နှစ်ခါလည်ကို နည်းနည်းကလေးသာလွန်သေးတဲ့ ကျွန်တော့်ကိုပုခုံးပေါ်မှာ ပိုးပြီး နယ်စပ်ကိုဖြတ်ကျော်မယ့် တောလမ်းတစ်လျှောက်တရွေ့ရွေ့တစ်လှမ်းခြင်းလှမ်းကာ ခရီးဆက်နှင်နေတယ်။ မေမေကတော့ လသားအရွယ် ကျွန်တော့်ညီလေးကို ချီလို့ပေါ့။ ကျွန်တော့်အထက် လေးနှစ်အရွယ်အစ်မကတော့ သူ့အဝတ်အစားတချို့ထည့်ထားတဲ့ ကျောပိုးလွယ်အိတ်သေးသေးကလေးကိုလွယ်ပြီး ဖေ့ဖေ့ရှေ့ကတန်းစီသွားနေတဲ့ အစ်ကိုတွေရဲ့ခြေလှမ်းတွေကို အမီလိုက်ဖို့ ကြိုးစားနေလေရဲ့။ သူ့ပါးစပ်ပေါက် သေးသေးကလေးကတော့ မေမေအော်အော်ဆိုလေ့ရှိတဲ့ “ဒုက္ခဟာ ပျားရည်လို ချိုတယ်” ဆိုတဲ့ သီချင်းစာသားတစ်ပိုင်းတစ်စကို မပီကလာ ပီကလာအသံကလေးနဲ့ အော်ဆိုလို့။ ကံပေါက်ကနေထွက်လာကြတာ နှစ်ရက်လွန်လို့ သုံးရက်မြောက်နေ့ရောက်ခဲ့ပေပြီ။ စစ်တပ်ကင်းစခန်းတွေကို အာရုံလွှဲဖို့ ကံပေါက်-ကလိန်အောင် ကားလမ်းအတိုင်းမဟုတ်ဘဲ လမ်းမကြီးရဲ့ဘေး တောလမ်းတွေတစ်လျှောက်ခြေကျင်လာခဲ့ကြတာ။ ရေး-ထားဝယ်လမ်းမကြီးကို […]

တနင်္သာရီရိုးမ ရွှေဒိုင်ယာရီ

diz_admin

January 8, 2020

ယခင်အပတ်မှ အဆက် ရွှေတူးဖော်လုပ်ကိုင်တဲ့ နေရာမှာလည်း တူးဖော်နည်းတွေက အမျိုးမျိုးရှိပါတယ်။ အများအားဖြင့် ရေဆိုင်းနဲ့ ကုန်းဆိုင်းဆိုပြီး နှစ်မျိုးနှစ်စား ခွဲခြားထားပါတယ်။ ရေဆိုင်းလုပ်ကိုင်တဲ့နေရာမှာ တနင်္သာရီမြစ်မကြီးရဲ့ ရွှေထွက် ရှိမှု နေရာတွေပေါ်မှာ မူတည်ပြီးတော့ မြစ်မကြီးပေါ်မှာ ဝါးဖောင်တွေထိုးပြီး စက်နဲ့မြစ်သဲတွေကို စုပ်ယူတင်ပြီး ရွှေတွေကို ဇကာစစ် ပြန်ကျင်တဲ့နည်း ဖြစ်ပါတယ်။ ဝါးဖောင်ပေါ်မှာ မြင်းကောင်ရေ နှစ်ဆယ့်ငါးကောင်အားရှိတဲ့ စက်တစ်လုံးနဲ့ မြစ်ထဲကသဲတွေကို ပိုက်နဲ့ ပြန်စုပ်ယူပါတယ်။ ရေအောက်မှာရှိတဲ့ သဲစုပ်ပိုက်ကို ရွှေရှာတဲ့ ရေငုပ်သမားတစ်ယောက်က မြစ်အောက်ဘက်ထဲမှာရှိတဲ့ ရွှေရှိနိုင်တဲ့ နေရာတွေကို လိုက်ရွှေ့ပြောင်းပေးရပါတယ်။ ရေဆိုင်းလုပ်ကိုင်တဲ့ ဝါးဖောင်တွေမှာ တစ်နေ့တာရဲ့ ရွှေရရှိမှု အနည်းအများက ရေငုပ်သမားရဲ့ ရေငုပ်နိုင်မှု၊ မြစ်အောက်ဘက်ထဲမှာ ရွှေကြောရှိတဲ့နေရာကို သိနိုင်တဲ့ ကျွမ်းကျင်မှုတွေပေါ်မှာ မူတည်ပါတယ်။ ရေငုပ်သမားတစ်ယောက်ဟာ မနက်လုပ်ငန်းခွင်ဝင်ချိန်ကစလို့ ညနေအလုပ် […]

တနင်္သာရီရိုးမ ရွှေဒိုင်ယာရီ

diz_admin

January 3, 2020

ကျွန်တော်ငယ်ငယ်က ဆရာဖေမြင့် (အခု ပြန်ကြားရေးဝန်ကြီး)ရဲ့ “ကျွန်းနှင့် အခြားဝတ္ထုတိုများ”စာအုပ်ထဲက ဝတ္ထုတိုတွေကို ထပ်ကာတလဲလဲ စွဲစွဲလန်းလန်းဖတ်ဖူးခဲ့ပါတယ်။ ဒီဝတ္ထုတိုစာအုပ်ထဲမှာ ပါတဲ့ “ရွှေ” ဝတ္ထုတိုကို အခုထိ စွဲလန်းနေရတုန်းပါပဲ။ လက်နက်ကိုင်ပဋိပက္ခတွေရှိနေတဲ့ အန္တရာယ်များလွန်းလှတဲ့ ဒေသမှာ ရွှေသွားတူးတဲ့ ရွှေတူးသမားတစ်ယောက်အကြောင်းပါ။ ဒီဝတ္ထုတိုထဲမှာပါတဲ့ ကျွန်းနှစ်ပင်စခန်း၊ ရွှေဇီးကွက်စခန်း၊ လိပ်တောင်ကြော၊ ငါးဘတ်အိုင်၊ ရွှေနီချောင်း၊ ရွှေပင့်ကူချောင်း စတဲ့ မြန်မာပြည်အရပ်ရပ်က ရွှေထွက်တဲ့နေရာမှာ နာမည်ကြီးတဲ့နေရာနာမည်တွေကိုလည်း စိတ်ထဲမှာ စွဲစွဲလန်းလန်း မှတ်မိနေခဲ့ဖူးပါတယ်။ ရွှေဆိုတာ အမြဲအန္တရာယ်နဲ့ ဒွန်တွဲနေတတ်ပါတယ်တဲ့။ ရွှေသိုက်ဆိုတာ အန္တရာယ်သိုက် ပါပဲတဲ့။ ၂၀၁၈ ခုနှစ် ကျွန်တော်တနင်္သာရီမြို့ နယ်ဘက်မှာ အလုပ်ကိစ္စနဲ့ သွားလာလုပ်ကိုင်နေရင်း ဒီလိုရွှေထွက်တဲ့နေရာမှာ နာမည်ကြီးတဲ့ တနင်္သာရီမြစ်အထက်ပိုင်း တနင်္သာရီရိုးမထဲက ရွာတွေဆီကို သွားဖို့ အကြောင်းပေါ်လာခဲ့ပါတယ်။ ဒီဒေသတွေမှာ သွားရင်းလာရင်း […]