BREAKING
September 16, 2024

ရသ

ကိုကိုင်ဇာ၏ ကိုဗစ်ကာကွယ်ရေး

diz_admin

April 7, 2020

အဝေးကကြည့်လိုက်လျှင် ထီသည် ကားအလားထင်ရသည်။ ကိုကိုင်ဇာဝင်း က သူပိုင်ယာဉ်၏ နောက်ခန်းတစ်ခုလုံးကို ကွန်တိန်နာ အအေးခန်းကားကဲ့သို့ မှန် အထူဖြင့် စီမံလိုက်သည်။ ကြမ်းခင်းတစ်ခုလုံးကိုလည်း အလွယ် တကူ ဆေးကြောရလွယ်ရန် ရေလုံအောင် စီမံထားသည်။ ပြီးတော့ ကားအင်ဂျင် ဖြင့် ၂၄ နာရီအဲယားကွန်းမောင်းနိုင်သလို အတွင်းရှိလေ အပြင်မထွက်ဘဲ သံသရာ လည်နိုင်အောင်လည်း သူကပြုလုပ်ထား သည်။ ထို့အပြင် လူတစ်ယောက်တက် ဆင်းပြီးတိုင်း အတွင်းရောအပြင်ပါ ကား တစ်စီးလုံး၏ ပတ်ပတ်လည်တွင် အလို အလျောက် ပိုးသတ်ဆေးဖျန်းသည့် စနစ် ကိုလည်း သူကတပ်ဆင်ထားသေးသည်။ အသက် ၃၈ နှစ် ရှိပြီဖြစ်သော ကိုကိုင်ဇာဝင်း ရည်ရွယ်သည်က ကိုဗစ် နိုင်တီး သံသယလူများနှင့် ယာဉ်မောင်း များ ဘေးကင်းလုံခြုံရေးအတွက် အထူး […]

မဖိတ်ခေါ်ဘဲ ရောက်လာသော ဧည့်ဆိုး

diz_admin

March 30, 2020

စာဖတ်သူတွေ ဒီစာကို ဖတ်နေတဲ့ အချိန်မှာ ကျွန်တော်ဟာ သွားလာဆက် သွယ်မှု ကန့်သတ်ဖြတ်တောက်ထား လိုက်ပြီး ပိတ်ချ (Lockdown) လိုက်ပြီ ဖြစ်တဲ့ ဝယ်လင်တန်မြို့ထဲက အိမ်လေး ထဲမှာ အိမ်တွင်း အကျယ်ချုပ်ဘ၀ရောက် နေပါပြီ။ စည်ကားလှတဲ့ မြို့တော် ဝယ်လင် တန်ရဲ့ လမ်းတွေပေါ်မှာ လမ်းဘေးထိုးရပ် ထားတဲ့ကားတွေ၊ ကင်းလှည့်နေတဲ့ ရဲကားတွေ၊ လူနာတင်ယာဉ်တချို့တလေ ကလွဲရင် လူသူလေးပါး စည်စည်ကား ကား တွေ့ရမှာ မဟုတ်ပါဘူး။ ကျွန်တော့် လိုပဲ နယူးဇီလန် နိုင်ငံသားတွေ အားလုံး လည်းပဲ အိမ်ထဲမှာပဲ တတ်နိုင်သမျှ နေကြရတော့မှာပါ။ ဒါဟာ နယူးဇီလန်အတွက် နိုင်ငံ တော် အရေးပေါ် အခြေအနေပါ။ အစိုးရ က ဒီလို လေးပတ် ပိတ်ချဖို့ […]

ရေမြေခြားရောက် တက္ကသိုလ်ကျောင်းသား တစ်ယောက်၏ မှတ်စုကြမ်းများ

diz_admin

March 24, 2020

နယူးဇီလန်သို့ ခရီး နယူးဇီလန်နိုင်ငံ၊ ဝယ်လင်တန်မြို့မှ လျှပ်ချောစာ (အီးမေးလ်)ဖြင့် ပို့လိုက်သော ခရီးစဉ်အစီအစဉ်နှင့် လေယာဉ် လက်မှတ်များကိုကြည့်ကာ စိတ်နည်း နည်း ညစ်သွား၏။ နယူးဇီလန်သို့သွားရန် လေယာဉ်ပြောင်းစီးရမည့်နေရာက စင်္ကာပူ ဖြစ်နေသည်။ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ၏ သတင်းများက စင်္ကာပူတွင် ကိုရိုနာဗိုင်း ရပ်စ် ကူးစက်ခံထားရမှု ကိန်းဂဏန်းမြင့် နေကြောင်း ပြနေသည်။ ဆိုတော့ စင်္ကာပူ သို့ မသွားချင်လှ။ ထိုင်း လေဆိပ်က တစ်ဆင့်သွားရပါမူ ကောင်းလေစွဟု တွေးမိသည်။ သို့သော်လည်း တစ်ဖက် က စီစဉ်ထားပြီးပြီမို့ သွားရုံကလွဲ၍ ဘာမှ မတတ်နိုင်ခဲ့။ နယူးဇီလန်၏ မြို့တော်၊ ဝယ်လင် တန်မြို့လေးတွင် (၆)လတာမျှနေထိုင် ကာ ဝယ်လင်တန် တက္ကသိုလ်တွင် အင်္ဂလိပ်စာသင်ယူ၊ မိမိစိတ်ဝင်စားသည့် အကြောင်း […]

ဓာတ်ငွေ့ပိုက်လိုင်း လမ်းကြောင်းပေါ်က ဘိုးဘွားပိုင်မြေ တိုက်ပွဲ

diz_admin

March 12, 2020

“ဒီမြေက ကျွန်တော်တို့မြေ၊ ကျွန်တော် တို့ဘိုးဘွားစဉ်ဆက် လက်ထက်ကတည်း က လုပ်စားလာတဲ့မြေပါ”ဟု စောတာဝါး လက်ညှိုးထိုးပြနေသည့် နေရာက သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းနှစ်ခု မျဉ်းပြိုင် ဖြတ် သန်းသွားသော ဥယျာဉ်ခြံ တစ်နေရာ။ ထိုဓာတ်ငွေ့ပိုက်လိုင်းနှစ်ခုမှာ တနင်္သာရီ ကမ်းလွန်ပင်လယ်ပြင်ကနေ ထားဝယ်ခရိုင် ရေဖြူမြို့နယ်ရှိ ကျေးရွာများ ကို ဖြတ်သန်းကာ ထိုင်းနိုင်ငံသို့ သဘာဝဓာတ်ငွေ့ ပို့ဆောင်နေသော ဇောတိက သဘာဝဓာတ်ငွေ့ပိုင်လိုင်းနှင့် ရဲတံခွန် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း နှစ်ခုပင် ဖြစ်သည်။ ယင်းဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်း သည့် နေရာများအနက် စောတာဝါး မိသားစု အပါအဝင် ကရင်တိုင်းရင်းသား များ နေထိုင်သော အိန္ဒရာဇာကျေးရွာအုပ်စု ရှင်ပျံကျေးရွာအနီရှိ စောတာဝါးဘိုးဘွား ပိုင် ဥယျာဉ်ခြံမြေတစ်ခုလည်း အပါအဝင် ဖြစ်သည်။ ယင်းကဲ့သို့ ဓာတ်ငွေ့ပိုင်လိုင်းဖြတ် […]

အရပ်ကူ ရင်မော ဒီရေတော

diz_admin

March 11, 2020

ကိုနေဇော် အကျွမ်းကျင်ဆုံးက ချောင်းရိုးထဲ လှေကို ရေသံမကြားအောင် လှော်ခြင်းပင်။ ပါချန်မြစ်လက်တက် မြန်မာဘက်ကမ်း ချောင်းရိုးလေးများထဲတွင် ကိုနေဇော် မရောက်ဖူးသည့်ချောင်း ဟူ၍ မရှိ။ ည . . .။ ကြယ်အချို့သာ အားငယ် စွာလင်းနေသည့် လမိုက်ညတွင် ကိုနေဇော် ၏ ဖားလှေငယ်က ထိုင်း-မြန်မာ နယ်စပ် ပါချန်မြစ်လက်တက် ချောင်းရိုးငယ် တစ်လျှောက် လူးလားခေါက်တုံ့ လှည့်နေ သည်။ ကိုနေဇော်ခေါင်းတွင် တပ်ထားသည့် ခေါင်းပတ် ဓာတ်မီးရောင်က ချောင်းရေကို ဖောက်ကာ မှဲ့ပင်ကြီးတို့ ခြေရင်းကို ရှင်းလင်းစွာ မြင်ရသည်။ တွေ့ပြီ။ မှဲ့ပင်မြစ်ဆုံအောက်တွင် ရန်လိုစွာ လက်မကားထားသည့် ကဏန်း နက်တစ်ကောင်။ မီးရောင်အောက်တွင် မျက်စိကျိန်းနေဟန်ဖြင့် သူ မလှုပ်။ ကိုနေဇော်၏ ညာလက်တွင်ကိုင်ထား သည့် […]

အညတရဆရာဝန်တစ်ယောက်၏ အမှတ်တရ ဒိုင်ယာရီရက်စွဲများ

diz_admin

January 22, 2020

၂၀၀၂၊ မေ ၂၃(သောကြာနေ့)၊ မြောက်ဥက္ကလာပဆေးရုံကြီး၊ အလုပ်သင် ဆရာဝန်ဘ၀၊ ကလေးကုသဆောင်။ “သည်ကနေ့၊ ကလေးဆောင် အောက်ထပ် Admission Day (ဆေး ရုံတက် လူနာသစ် လက်ခံကုသသောနေ့) တစ်နေကုန် ကလေးလူနာတွေ ရှုပ်ယှက် ခတ်၊ မွေးကင်းစကလေး တစ်ယောက် ဆေးသွင်းရန် သွေးကြောရှာမရ၊ ကလေး အထူးကု ဆရာဝန်ကြီး ဒေါက်တာ ကိုရဲထွဋ်ဦးနှင့် တစ်ယောက်တစ်လှည့် သွေးကြော ရှာပေးကြရ၊ ခက်ခက်ခဲခဲ ထိုးမှရ၊ ပျော်စရာ။ တက်နေသော ကလေး လူနာ နှစ်ယောက်၊ အဆုတ်ပိုးဝင် ရင်ကြပ်ကလေးလူနာ ခြောက်ယောက်၊ သွေးလွန်တုပ်ကွေးလူနာ ရှစ်ယောက် တက်။ တစ်ညလုံး သွေးလန့်နေသော စိုးရိမ်ရသည့် သွေးလွန် တုပ်ကွေး ကလေးလူနာ နှစ်ယောက် ဘေးမှာ မအိပ်ရဘဲ ဆယ့်ငါးမိနစ်တစ်ကြိမ် […]