BREAKING
September 8, 2024

ရသ

ပြန်ရနိုင်မလား

diz_admin

May 18, 2020

မနေ့က ရွာအလယ်က ကျွန်မငယ်ငယ် ကတည်းက ရှစ်တန်းအထိတက်ခဲ့တဲ့ စာသင်ကျောင်းအနားရောက်တယ်။ ကျောင်းဝင်းက အရင်နဲ့မတူ အတော် လေး ကွာခြားသွားတာပဲ။ အရင်က အလယ် တန်းကျောင်းခွဲလေးက အခုအထက်တန်း ကျောင်းခွဲဖြစ်နေတာက အစပေါ့လေ။အင်းလေ… နှစ်တွေလည်း ကြာခဲ့ပြီပဲ။ ကျောင်းဝင်းကို သေချာကြည့်မိတော့ စာသင်ဆောင်၊ ဝန်ထမ်းဆောင်၊ မူကြိုဆောင်၊ ရေတွင်း၊ ရေစင်၊ အခန်းဆက်အိမ်သာတွေ အပြင် အမှိုက်မီးရှို့အဆောင်တွေ စသဖြင့် အဆောက်အအုံတွေ အစီအရီနေရာယူထား တာ တစ်ဝင်းလုံးအပြည့်ပါပဲ။ ကျောင်းရှေ့ နားလေးက စုရပ်ကွင်းလေးတောင် မနည်း ချန်ယူထားပုံပါပဲ။ အထက်တန်းကျောင်းလေး ဖြစ်လာ တာနဲ့အမျှ တိုးပွားလာတဲ့ ရွာနဲ့ ရွာနီးနား ချင်းက ကျောင်းသားဦးရေအတွက် အဆောက်အဦတွေ တိုးဆောက်ရင်း ဒီလို ပြည့်ကျပ်သွားတယ် ထင်ပါရဲ့။ ကျောင်းကြီးကိုကြည့်ပြီး မွန်းကျပ် လိုက်တာ။ […]

ပူစည်ဖောင်းထဲက ဘ၀

diz_admin

May 18, 2020

ကျွန်တော့်ဘ၀တွင် ကျွန်တော့်ကို ပူစည်ဖောင်းဟု အခေါ်ခံရမည်ဟု ဘယ် တုန်းကမှ မတွေးခဲ့မိဖူး။ ယခုတော့ လူ တွေက ကျွန်တော့်ကို လမ်းတွင် နှုတ်ဆက် လျှင်ဖြစ်စေ၊ လျှပ်ချောစာ (အီးမေးလ်)မှ နှုတ်ဆက်လျှင်ဖြစ်စေ၊ ကိုဗစ်ရောဂါနှင့် ပတ်သက်၍ ပြောကြလျှင်ဖြစ်စေ ပူစည် ဖောင်းနှင့် တင်စား၍ ပြောကြသည်။ ဥပမာ “နေကောင်းပါသလား”၊ “မာပါစ”ဟု မမေးဘဲ “ဟဲလို ပူစည်ဖောင်းလေး အခြေအနေဘယ်လိုလဲ”ဟု မေးသည်။ တကယ်တော့လည်း ပူစည်ဖောင်း နှင့် တင်စားခံရသည်က ကိုယ်တစ်ယောက် တည်း မဟုတ်။ နယူးဇီလန်နေ မနုဿ အထွေထွေ အားလုံးတို့သည် ပူစည်ဖောင်း အဖြစ်သို့ ရောက်နေကြခြင်း ဖြစ်သည်။ ကိုဗစ်နှင့်ပတ်သက်သည့် သတင်း များဖတ်လျှင် ကျန်းမာရေးသတိပေးချက် များတွင် အောက်ပါအတိုင်းရေးထားသည် ကို တွေ့ရပေမည်။ […]

အိမ်နောက်ဖေး ဈေးဆိုင် ပြန်တည်ကြမယ်

diz_admin

May 4, 2020

“ကမ္ဘာကြီးဟာ လူတွေရဲ့လိုအပ်ချက် အတွက် လုံလောက်ပေမယ့် လူတွေရဲ့ လောဘအတွက် မလုံလောက်ပါ” (မဟတ္တမဂန္ဒီ) လူတိုင်းအတွက် အရေးကြီးတဲ့ အခြေခံ လိုအပ်ချက်ကတော့ စားဝတ်နေ ရေး ပါပဲ။ ဒါပေမယ့် လူတွေဟာ လောဘ နောက်လိုက်ပြီး ဇိမ်ခံပစ္စည်းတွေနဲ့ စားဝတ်နေရေးကို အကျယ်ချဲ့နိုင်သမျှ ချဲ့ကြတော့ သဘာ၀ပတ်ဝန်းကျင်တွေ ပျက်စီး၊ ဂေဟစနစ်တွေ ပျက်စီးလာပြီး ဖောက်ပြန်လာတဲ့ ဥတုဘေးဒဏ်တွေကို ပြန်ခံကြရပြန်တယ်။ အခုဆိုရင် ဥတု ဘေးဒဏ်အပြင် ကူးစက်ကပ်ရောဂါရဲ့ ဘေးဒဏ်ကိုလည်း တစ်ကမ္ဘာလုံး ခံနေ ကြရပြီ။ ကျွန်မတို့ရဲ့ ဘ၀နေထိုင်မှုပုံစံကို ဒီလိုပဲ ရှေ့ဆက်သွားမလားဆိုတာ ကျွန်မ တို့ ပြန်စဉ်းစားသင့်ပြီလို့ ထင်ပါတယ်။ ခေတ်မီဖွံ့ဖြိုးတိုးတက်သော စက်မှုကမ္ဘာ ကြီးကို တည်ဆောက်ဖို့အတွက် လူသား တွေဟာ အဆမတန်တဲ့ သယံဇာတတွေကို ထုတ်ယူသုံးစွဲရင်း […]

အိမ်တွင်းအောင်းကာလ အတွေးများ

diz_admin

April 28, 2020

လွတ်လပ်စွာသွားလာနေထိုင်နေတဲ့ အနေအထားတစ်ခုကနေ ရုတ်တရက် ရပ်တန့်လိုက်ရတဲ့အခါ ဘယ်လိုများ ဖြစ်သွားနိုင်မလဲလို့ ကျွန်မ တွေးမိပါတယ်။ တွေ့နေကျ မိတ်ဆွေအပေါင်းအသင်း၊ ပတ်ဝန်းကျင် အသိုင်းအဝိုင်းနဲ့ မတွေ့ဘဲ နေရတဲ့အခါ ခံစားချက်တွေက ဘယ်လို ပြောင်းလဲသွားမှာပါလိမ့်။ ရုန်းကန် လှုပ်ရှားနေတဲ့ လူပင်လယ်လှိုင်းလုံးကြီး ကနေ ရုတ်တရက် သွေခွာပြီး ရပ်တန့် ပစ်လိုက်တဲ့အခါ စိတ်နေစိတ်ထား၊ နေပုံထိုင်ပုံ၊ မိမိကိုယ်ကိုယ်နဲ့ အခြားသူ တွေအပေါ် ရှုမြင်သုံးသပ်ပုံက ရှုထောင့် တစ်မျိုး ပြောင်းသွားနိုင်ပါသလား။ အခုလည်း အဲဒီလို ရပ်တန့်လိုက်ရတဲ့ အနေအထားကို ကျွန်မကိုယ်တိုင် ရင်ဆိုင် ဖြတ်သန်းနေရပြီ။ ဒီအချိန်မှာ ကျွန်မ ဘယ်လိုအတွေးမျိုးကို တွေးနေမိပါလိမ့်။ ဟိုတစ်စ ဒီတစ်စ ပြန့်ကျဲနေတဲ့ အတွေး တွေကို ကောက်ယူစုသိမ်းရင်း ထပ်ပြီး အတွေးနယ်ချဲ့နေမိပြန်ပါတယ်။ “အကျယ်ချုပ်” ဆိုတဲ့စကားလုံးကို […]

မြိတ်ရှိ စောင့်ကြည့်ရေးစခန်းများတွင် တေးဂီတဖြင့် လိုက်လံဖျော်ဖြေ

diz_admin

April 9, 2020

ကိုရိုနာရောဂါပိုး ကာကွယ်ထိန်းချုပ်နိုင်ရေး မြိတ်မြို့တွင် စခန်းသွင်း စောင့်ကြည့်ခံထားရသော ပြည်တော်ပြန်များအား တေးဂီတဖြင့် လိုက်လံဖျော်ဖြေနေကြောင်း သိရသည်။ မြိတ်မြို့ရှိ အပျော်တမ်းတေးဝိုင်းများဖြစ်ကြသည့် G 2 Music အဖွဲ့၊ Golden Hill တေးဂီတအဖွဲ့ နှင့် လုပ်ငန်းရှင်တစ်ဦးတို့ ဦးဆောင်ကာ ယင်းစခန်းများသို့ ည ၇ နာရီမှ ည ၁၀ နာရီအထိ တေးဂီတများ သီဆိုကာ လိုက်လံဖျော်ဖြေ နေခြင်းဖြစ်သည်။ “အားငယ်နေသူတွေကို ကိုယ်ချင်းစာတဲ့စိတ်နဲ့ လာရောက်ဖျော်ဖြေနေတာပါ”ဟု တီးဝိုင်းခေါင်းဆောင် တစ်ဦးကပြောသည်။ မြိတ်မြို့နယ်အတွင်း အေးရိပ်ချောင်ဘုန်းတော်ကြီးကျောင်း၊ မြိတ်တက္ကသိုလ်၊ ကျောက်ဖျာကျေးရွာနှင့် မဇောကျေးရွာတို့တွင် စောင့်ကြည့်ရေးစခန်းများရှိပြီး ယင်းအဖွဲ့အနေဖြင့် အေးရိပ်ချောင်ဘုန်းတော်ကြီးကျောင်းတွင် နှစ်ညဆက်တိုက် ဖျော်ဖြေခဲ့ပြီးဖြစ်သည်။ ဧပြီလ ၉ ရက်နေ့ ညတွင် မြိတ်တက္ကသိုလ်စောင့်ကြည့်ရေးစခန်းတွင် ဖျော်ဖြေခဲ့ကြခြင်း ဖြစ်သည်။ ဓာတ်ပုံ_ကိုဆန်း

တစ်ခါက ဗလာစာအုပ်လေးတွေ

diz_admin

April 7, 2020

လွန်ခဲ့သော တနင်္ဂနွေနေ့က သူငယ်ချင်း တစ်ယောက်ဆီသို့ အလည်သွားရင်း တွေ့ခဲ့ရသည့် မြင်ကွင်းတစ်ခုက ရင်ထဲ မကောင်း။ စိတ်မကောင်းခြင်း၏ အနောက်တွင် သတိရလွမ်းဆွတ်ခြင်းကလည်း အလို အလျောက် ကပ်ပါလာသည်။ အဟောင်းတို့ ပြန်မသစ်နိုင်တော့ဘဲ အလေအလွင့်ဘ၀ ရောက်ကြရသည်ကို မြင်ရခြင်းကြောင့် ဖြစ်သည်။ ဟိုး . . . ကျွန်တော်တို့ ငယ်ငယ်တုန်းကဆို . . .။ ။ ။။ ။ ငယ်ငယ်က အစ်ကိုကြီး၊ ညီလေး နှစ်ယောက်နှင့်အတူ မြိတ်မြို့ ကန်ခေါင်း ရပ်ကွက် မန္တလေးကျောင်းလမ်းရှိ ဖေဖေ့ အစ်ကိုနှင့် ညီမတို့၏ အိမ်တွင်နေကာ ကျောင်းတက်ခဲ့ရသည်။ တက်သည့်ကျောင်းက ဗဟိုကျောင်း (ယခု အ.လ.က(၆))။ သီတင်းကျွတ်၊ ဒီဇင်ဘာ၊ နွေရာသီ ကျောင်းပိတ်ရက် ကဲ့သို့သော […]