BREAKING
September 16, 2024

ရသ

ကီဝီတောက ဒုက္ခများ

diz_admin

July 20, 2020

ကီဝီတောဆိုတာကတော့ ကျွန်တော် လက်ရှိ ကျောင်းတက်နေတဲ့ နယူးဇီလန် နိုင်ငံလေးကို ညွှန်းတာပါပဲ။ အများက နယူးဇီလန် နိုင်ငံသားတွေကို ကီဝီလို့ နာမည်ပြောင် ချစ်စနိုးနဲ့ ခေါ်ကြတာက လား။ ဆိုတော့ ကီဝီတွေရှိတဲ့ အရပ်မို့ ကျွန်တော်ကလည်း ကီဝီတောလို့ နယူး ဇီလန်ကို တင်စားတာပ။ ကီဝီဆိုတာက နယူးဇီလန်မျိုးရင်း မပျံတတ်တဲ့ ငှက် တစ်မျိုးရဲ့ နာမည်ပါ။ နှုတ်သီးချွန်ရှည် ရှည်နဲ့ ကြက်လိုပုံစံမျိုးရှိတဲ့ငှက်။ နေ့ဘက်မှာ မြင်ရခဲတဲ့ ငှက်မျိုး။ ကီဝီသီးဆိုတာလည်း ရှိသေးရဲ့။ ထားပါ။ ကျွန်တော်က ကီဝီဆိုတဲ့ နာမည်ကို ဋီကာချဲ့ချင်တာ မဟုတ်ရပါ ဘူး။ ကီဝီတောလို့ ညွှန်းထားတဲ့ နယူးဇီလန် နိုင်ငံလေးရဲ့ ပြဿနာတွေ ဒုက္ခတွေ အကြောင်း ကျွန်တော်တွေ့ရကြုံရ သင်ယူရ သမျှတွေကို ဝေမျှချင်တာရယ်။ […]

ကျွန်တော်အမည်က မောင်သာပျော်ပါ ခင်ဗျာ့

diz_admin

July 13, 2020

မောင်သာပျော်မှာ စိတ်ကူးယဉ်ထား တဲ့ အိပ်မက်အကြီးကြီးတစ်ခုတော့ ရှိပါ တယ်။ ဒီအိပ်မက်ကြီးကို ဘယ်သူ့ကိုမှ ပြောပြဖူးတာ မဟုတ်ဘူးဗျ။ အခုတော့ မအောင့်နိုင်တော့လို့ ကြုံတုန်း ပြောပြပါ့မယ်။ ကျွန်တော့်ရဲ့အိပ်မက်ကတော့ ၂၀၇၀ ခုနှစ်မှာ သူဌေးအကြီးစားတစ်ယောက် ဖြစ် ကို ဖြစ်ရမယ်ဆိုတာပါ။ သူဌေးကြီး ဖြစ်ရုံပဲလားဆိုတော့လည်း မဟုတ်သေးပါဘူးဗျ။ သူဌေးကြီးဖြစ်ပြီ ဆိုရင် ပထမဆုံးလုပ်မယ်လို့ စိတ်ကူးထား တာက ပြည်ထောင်စုအဆင့် အဖွဲ့အစည်း ကြီးတွေနဲ့ ပုဂ္ဂိုလ်ကြီးတွေဆီ ချဉ်းကပ်မယ်။ ချဉ်းကပ်ပြီးတာနဲ့ စေတနာသဒ္ဓါ ထက် ထက်သန်သန်နဲ့ နိုင်ငံတော်အတွက် ငွေ တွေ လှူပစ်မယ်လေ။ ကိုသာပျော်ကို မနာလိုတဲ့ လူအချို့ ကတော့ ပြောကြမှာပဲလေ။ အကျိုးလိုလို့ ညောင်ရေလောင်းတယ်ဆိုပြီးပေါ့။ ဒါပေမယ့် ဘယ်သူတွေ ဘယ်လောက် ပြောနေပါစေ။ ကိုယ့်စေတနာကို ကိုယ်ပဲ […]

အပင်များသို့ လွမ်းချင်း

diz_admin

July 13, 2020

အပင်တွေဆိုတာ တခြားသူတွေ အတွက် သက်မဲ့ဖြစ်ချင် ဖြစ်နေမယ်။ ကျွန်မအတွက်ကတော့ သက်ရှိပါပဲ။ ဟုတ်တယ်။ ကျွန်မဘဝရဲ့ ဆယ်စုနှစ်နှစ်ခုနီးပါး အနီးကပ် ထိတွေ့ခဲ့ရတဲ့ အပင်တွေက ကျွန်မအတွက် အဓိပ္ပာယ်များစွာ ဆောင် ကြဉ်းပေးနိုင်တဲ့ သက်ရှိတွေပါပဲ။ ကျွန်မက ကျေးလက်မှာ ကြီးပြင်း ရှင်သန်ခဲ့သူပီပီ သိတတ်စ အရွယ် ကတည်းက သစ်ပင်သစ်တောနဲ့ ထိတွေ့မှု ရှိခဲ့သူပါ။ ရှင်သန်ဖြတ်သန်းလာခဲ့တဲ့ အနှစ်သုံးဆယ်ကျော်အတွင်းမှာ ကြုံခဲ့ဆုံ ခဲ့ရတဲ့ များမြောင်လှစွာသော အပင်တွေထဲ က ကျွန်မအတွက် ပျော်ရွှင်စရာ၊ ကြည်နူး စရာ၊ ဝမ်းနည်းစရာ၊ နှမြောတသဖြစ်စရာ စတဲ့ အမှတ်ရစရာများစွာ ဖြစ်စေခဲ့တဲ့ အပင်တွေကိုတော့ ခဏခဏ လွမ်းဆွတ် မိတယ်။ ကျွန်မအတွက် အမှတ်တရပေါင်း များစွာ ဖြစ်စေခဲ့တဲ့ အဲဒီသစ်ပင်တွေဟာ အခုအချိန်မှာ အကြောင်းအမျိုးမျိုးကြောင့် […]

ဆောင်းတွင်း ရွာသော မိုးအောက်မှ နွေသို့အလွမ်းများ

diz_admin

July 1, 2020

ရက်သတ္တပတ်တစ်ခုလုံး မစဲဘဲ တသည်းသည်း ရွာနေသော မိုး…။ တောင်ဝင်ရိုးစွန်းမှ အလည်လာသော လေများက ပကတိ အေးစက်စက်နှင့်လူကိုလာကလူကျီစယ်တတ်သည်။ နယူးဇီလန်၏ ဆောင်းကားသည်လို အုံ့မှိုင်းမှိုင်း အေးစက်စက်နှင့် စခဲ့ပြီ။ ကျွန်တော်နေထိုင်ရာ ဝယ်လင်တန်မြို့လေးမှာ ယေဘုယျအားဖြင့် လေအမြဲတိုက်သော အရပ်မို့ မိုးရွာသော နေ့ရက်များဆိုလျှင် အေးစက်စိုစွတ်လျက် အိမ်အပြင် မထွက်ရဲလောက်အောင်ပင် ဖြစ်ရသည်။ လွန်ခဲ့သော ရက်များက ဝိတိုရိယတက္ကသိုလ်၏ စာမေးပွဲများ၊ လူမှုရေးကိစ္စများနှင့် အလုပ်ရှုပ်နေခဲ့၍ အိမ်ရှေ့နားက ဝိတိုရိယ တောင်ကြီးဆီ လမ်းလျှောက် မထွက်ဖြစ်ခဲ့တာပင် ကြာပြီ။ အိမ်မှ လှမ်းမြင်ရသည့် ဝိတိုရိယတောင်ကြီးကတော့ မိုးဒဏ် လေဒဏ် အအေးဒဏ်များအကြား စိမ်းစိမ်းစိုစို တည်တည်ငြိမ်ငြိမ်နှင့် ဣန္ဒြေမပျက် ရှိနေသည်။ ဆောင်းရောက်တော့လည်း နွေကို လွမ်းမိပြန်ပါသည်။ ကျွန်တော် နယူးဇီလန်ကို စရောက်ချိန်က နွေနှောင်းပိုင်းလောက် […]

လျစ်လျူရှုမိသော

diz_admin

June 1, 2020

ခေါင်းကိုတစ်ချက်သပ်လိုက်တာနဲ့ လက်ထဲမှာ ပါလာတဲ့ ဆံပင်တစ်ထွေး ကြီးကို ကျွန်မငေးကြောင်ပြီး ကြည့်နေမိတယ်။ ဘန်ကောက်မြို့ရဲ့ ဟိုတယ်အခန်း တစ်ခုထဲမှာ ကျွန်မတစ်ယောက်တည်း။ လက်တစ်ဖက်က ြွကပြွ်ကပ်အိတ် တစ်လုံး ကိုကိုင်ပြီး ကျန်လက်တစ်ဖက်က ခေါင်းပေါ်က ဆံပင်တွေကို သပ်ချနေ တယ်။ ြွကပြွ်ကပ်အိတ်ထဲမှာ ဆံပင်အကျွတ် တွေက အထွေးလိုက်။ ခေါင်းပေါ်မှာတော့ ဆံပင်တွေက ကျိုးတိုးကျဲတဲပဲ ကျန်တော့ တယ်။ လက်ထဲမှာပါလာတဲ့ ဆံပင် တစ်ထွေးကြီးကို ငေးကြည့်ရင်း အတွေး တွေက တိမ်မျှင်ပါးပါးတစ်စလို ဟိုသည် လွင့်ဝဲလို့။ ကျွန်မ ဒီဆံပင်တွေကို နှမြောနေတာ လား။ ဒါလည်း မဟုတ်သေးဘူး ထင် တယ်။ ကျွန်မက ဆံပင်ကို ဘယ်တုန်းကမှ မြတ်နိုးတန်ဖိုးထားခဲ့သူမှ မဟုတ်တာ။ တန်ဖိုးမထားရုံမက ဆံပင်ကို ရွံရှာတဲ့ နေရာမှာ […]