BREAKING
September 16, 2024

ရသ

အဖေ့သီချင်း

diz_admin

August 24, 2020

မောင်ခက် ငယ်ငယ်တုန်းက အဖေ ဆိုလေ့ရှိတဲ့ သီချင်းတစ်ပုဒ် ရှိတယ်။အဆိုတော် “ချစ်ကောင်း” ဆိုတဲ့ “အဖေနဲ့ သားများ”။ တစ်ခါတလေ အဖေ အဲ့သီချင်း လေးညည်းနေရင် ကိုယ်လည်း ဘာမှန်း မသိဘဲ လိုက်ညည်းတတ်ခဲ့တယ်။ အဲ တုန်းက စနေ၊ တနင်္ဂနွေ ပိတ်ရက်တွေမှာ လွှင့်တဲ့ မြန်မာကားထဲမှာဆို အဲဒီသီချင်းနဲ့ မင်းသားကြီး ညွှန့်ဝင်း မြင်းကြီး စီးနေတာ ကြီးကို ကြည့်ပြီး မျက်ရည်ဝဲခဲ့ဖူးတာပဲ။ ဘာမှန်းသာ မသိတာ။ အဲသီချင်းစာသား က အတော်ထိတာကိုး။ နောက်တော့မှ အဲသီချင်းက ကလေး တစ်ယောက် တွေးသလောက် မရိုးရှင်းဘူး ဆိုတာ သိလာရတယ်။ နိုင်ငံရေးအရောင် တွေ ဆိုးထားတယ် ဆိုတာ နားလည်လာ တဲ့ အရွယ်ရောက်တော့ Brain Wash […]

ရေအလွမ်း

diz_admin

August 19, 2020

ကျွန်တော်တို့ သုံးယောက်သား ရေတံခွန်ဆီ တက်ဖြစ်ကြတယ်။ ရေတံခွန် က နီးနီးလေးပဲ။ ရွာက တောင်ရဲ့အခြေမှာ ရှိတယ်။ ရေတံခွန်က အဲဒီတောင်ပေါ်ကနေ စီးကျနေတာ။ တောင်ကို အဝေးကနေ လှမ်းကြည့်ရင် စိမ်းညို့ညို့သစ်တော အုပ်ထဲမှာ တွေ့ရတဲ့ ဖြူဖြူကြောင်းကလေး ဟာ ရေတံခွန်ပဲ။ နေ့ခင်းဘက်ကျရင် ရွာထဲက ကလေး တွေ ရေလာလာချိုးလေ့ရှိကြတာမို့ ကျွန်တော်တို့ဟာ စောပြီး ထွက်ခဲ့ကြတယ်။ တောင်ခြေကနေ မြေနီလမ်းတစ် လျှောက် ဆယ်မိနစ်လောက် လမ်း လျှောက်မိရင်ပဲ ရေတံခွန်ကို စတွေ့ရပြီ။ ရေတံခွန်ဟာ ပေ နှစ်ဆယ်၊ သုံးဆယ် လောက်ပဲ ကျယ်လိမ့်မယ်လို့ ထင်ရတယ်။ ဘေးမှာကတော့ တောင်ကမ်းပါးယံတွေ နဲ့ အုံ့အုံ့ဆိုင်းဆိုင်း သစ်ပင်တွေ။ မိုးကတော့ ဖွဲဖွဲလေး ကျနေတယ်။ ကြိုတင်တွက်ဆထားတဲ့အတိုင်းပဲ အဲဒီမှာ […]

ထက်စေ၊ ‌ပွင့်စေ၊ မွှေးပါစေ . . .

diz_admin

August 19, 2020

“ဆရာကြီးရှင့်၊ ခုနစ်တန်းအခန်းမှာ တစ်ချိန်စာ လွတ်နေတယ်။ အစားထိုးဝင် ဖို့ အတန်းချိန်လွတ်နေတဲ့သူ မရှိတော့ဘူး” “ရတယ် ဆရာမ။ ကျွန်တော် သွားဝင်လိုက်မယ်” ဤသို့ဖြင့် ကျွန်တော်သည် ခုနစ် တန်းအခန်းကို အတန်းဝင်ဖြစ်ခဲ့သည်။ အချိန်က မြန်မာစာအချိန်။ သင်ခန်းစာ ကြိုတင်ပြင်ဆင်ထားခြင်း မရှိသည့် အတွက် မြန်မာစာ ဆရာမ သင်ပြီးသည့် သင်ခန်းစာများကို ပြန်ပြီးဆွေးနွေးမည် ဟု ဆုံးဖြတ်ကာ မြန်မာကဗျာစာအုပ်ကို ထုတ်စေလိုက်သည်။ ဆရာမက ပိုးစုန်း ကြူး ကဗျာအထိ သင်ထားပြီးကြောင်း ဆိုကြသဖြင့် ပြန်နွှေးသည့် သဘောနှင့် ကဗျာကို နှစ်ခေါက်လောက် ကြည့်ရွတ် စေပြီး တစ်ပိုဒ်ချင်းစီ၏ ဆိုလိုရင်းကို ထဆွေးနွေးပါဟု ဆိုသည့်အခါ ကလေး များက ဟိုမှသည်မှ ထလာကြသည်။ အချိန် တိုတိုလေးအတွင်း၌ တစ်ပုဒ်လုံး […]

သင်္ဘောသားနဲ့ ပင်လယ်ခုနှစ်စင်း

diz_admin

August 15, 2020

ကိုအောင်းမျိုးက ထားဝယ်မြို့ ပိန္နဲတောနဲ့ ပုံကျွန်းရပ်ကွက်တွေမှာနေခဲ့တာပါ။ ကိုးတန်းအောင်ပြီးတော့မှ ရန်ကုန်ကို ပြောင်းသွားလိုက်ပြီးတော့ အဲဒီမှာပဲ ဆယ်တန်းစာမေးပွဲအောင်မြင်ပြီး ရေကြောင်းတက္ကသိုလ်ကျောင်းသားဖြစ်လာခဲ့တာပါ။ ရေကြောင်းတက္ကသိုလ်ကျောင်းသားဘဝက ဝါသနာတူသူငယ်ချင်းတွေပေါင်းပြီး ဆိုတီးကြရင်းနဲ့ အခု ၂၀၂၀ ပြည့်နှစ်ထဲရောက်တော့မှ သူ့ရဲ့ပထမဆုံး ပင်လယ်ခုနှစ်စင်းကို အခွေအဖြင့်နဲ့ ပရိတ်သတ်ဆီအရောက်ပို့နိုင်ခဲ့တာလို့ ဆိုပါတယ်။ “စပြီးသီးချင်းတွေလုပ်နေတာကကြာပြီ ၂၀ဝ၈ ကတည်းက စတာကို။ အခုမှ အခွေအဖြင့် ပင်လယ်ခုနှစ်စင်းဆိုပြီး ဖြစ်လာတာ” ဟု ကိုအောင်မျိုးက ဆိုသည်။

ဖား ညီလာခံ

diz_admin

August 11, 2020

ယခုနှစ် မိုးရာသီကား ဖားသတ္တဝါတို့အတွက် ထူးသည့်နှစ် ဖြစ်သည်။ ငါးနှစ်မှ တစ်ကြိမ် ကျရောက်သည့် ဖားညီလာခံ နှစ် ဖြစ်လေသည်။ ဖားညီလာခံဆိုသဖြင့် ဖားသတ္တဝါတိုင်း တက်ခွင့်ရသည် မဟုတ်ပါ။ လေးဖက်တွား သာမန်ဖားများ၊ ဖားတစ် ပိုင်းငါးတစ်ပိုင်းများ၊ ဖားလောင်းလေးများ ညီလာခံသို့ တက်ခွင့် မရပါ။ ဖားတစ်ပိုင်းလူတစ်ပိုင်းများသာ ဖားညီလာခံ တက်ခွင့် ရပါသည်။ ယင်း ဖားတစ်ပိုင်းလူတစ်ပိုင်းများသည်လည်း အားလုံးတက်ခွင့်မရပေ။ သူ့အုပ်စုနှင့်သူ စုဝေးရွေးချယ်ကာ ကိုယ်စားလှယ် စေလွှတ်ရခြင်း ဖြစ်သည်။ ဖားလောကတွင် ဖားညီလာခံ တက်ခွင့်မရလျှင် အရာမဝင်၊ အထင်ကြီး မခံရ။ သို့ကြောင့် ညီလာခံတက်ခွင့်ရရန် ကိုယ်စားလှယ်ဖြစ်ရေး ကြိုးစားကြရသည်။ ထိုသို့ ကိုယ်စားလှယ်ဖြစ်ရေးမှာ များများအော်နိုင်ရန် လိုသည်။ သို့ကြောင့် ဖားတစ်ပိုင်းလူတစ်ပိုင်းတို့ ဇွတ်အော်ကြ လေသည်။ လက်ရှိ အော်သံအကျယ်ဆုံး […]

ထားဝယ်သားရဲ့ ပင်လယ်ခုနစ်စင်း

diz_admin

August 11, 2020

ကျောင်းခန်းထဲမှာ သီချင်းဆိုလို့ အရိုက်ခံခဲ့ရတဲ့အဆိုတော်လို့ ပြောရင် ကွယ်လွန်သွားပြီဖြစ်တဲ့ အဆိုတော်ကြီး လွှမ်းမိုးကိုပဲ ပြေးမြင်ကြပါလိမ့်မယ်။ ဒါပေမဲ့ တကယ်တမ်း အရိုက်ခံခဲ့ရတာဟာ သူတစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ သူ့လိုပဲ အဆိုတော်ဖြစ်ဖို့ ဝါသနာကြီးလွန်းတဲ့ လူငယ်တွေများစွာ ရှိခဲ့ကြ ပါလိမ့်မယ်။ ကွမ်းသမားနှင့် ကိုဗစ် အဲဒီထဲမှာ ထားဝယ်သား ကိုအောင်မျိုးလည်း ပါဝင်ပါတယ်။ အခုဆိုရင် ကိုအောင်မျိုးဟာလည်း ဂီတရပ်ဝန်းထဲမှာ သူ့ရဲ့ပထမဆုံးမှတ်တိုင်ကို စိုက်ထူဖို့ အသင့်ဖြစ်နေပါပြီ။ သူရဲ့ တီးဝိုင်းဖြစ်တဲ့ Chaos နဲ့အတူ ဖန်တီးပုံ ဖော်ထားတဲ့ “ပင်လယ်ခုနစ်စင်း” သီချင်းခွေဟာ ဒီတစ်ပတ်ထဲမှာ ထွက်လာတော့မှာပါ။ The Sun Music ကနေ သြဂုတ်လ ၁၆ ရက်မှာ စဖြန့်မှာဖြစ်ပါတယ်။ လူနှင့်လမ်း၊ ပင်လယ်ခုနစ်စင်း၊ ခရီးရှည်၊ နေရာအမှား၊ တခုတ်တရအိမ်မက်များ၊ စတဲ့သီချင်းတွေ […]