BREAKING
March 30, 2025

ရသ

The Sheronies of Tavoy – ထားဝယ်နှင်းဆီ

Dawei Watch

July 15, 2024

[အခန်း ၆] ကြည်ကြည်က အသက်ရှင်သန်ချိန်၏ နောက်ဆုံးစက္ကန့်များကို တုန်လှုပ်စွာဖြင့် မှတ်နေလိုက်၏။ တစ်၊ နှစ်၊ သုံး။ “ဟေ့ . . . သူ့ကို ကြိုးဖြည်ပေးလိုက်ကွာ” ထိုအခါမှ ကြည်ကြည်ဆွေ သက်ပြင်းချမိတော့သည်။ “သွား . . . ဆိုင်ကယ်ကို ခင်ဗျားမောင်း . . . ကျုပ်ပြတဲ့လမ်းအတိုင်းမောင်းနော် . . . တစ်ခုခုကြံစည်လို့ကတော့ . . . နောက်ကနေ ခေါင်းပွင့်အောင် ပစ်ထည့်လိုက်မှာ” ကြည်ကြည်ဆွေက ဆိုင်ကယ်ကို စက်နှိုးလိုက်၏။ မောင်ရိန်က သူမ၏ နောက်မှ ခွထိုင်သည်။ ခြောက်လုံးပြူးသေနတ်ကမူ ကြည်ကြည်ဆွေ၏ နောက်စေ့ကို တေ့ထားဆဲ။ မောင်ရိန်က လမ်းညွှန်သည်။ ကြည်ကြည်ဆွေက မောင်းသည်။ “ရှေ့က […]

The Sheronies of Tavoy – ထားဝယ်နှင်းဆီ

Dawei Watch

July 13, 2024

[အခန်း ၅] “မေမေရေ . . . မမရေ” “မေမေရေ . . . မမရေ” “မေမေရေ . . . မမရေ” ကြည်ကြည် နှုတ်မှ တတွတ်တွတ်ရွတ်ရင်း အာခေါင်များ ခြောက်လာသည်။ နှာခေါင်းအတွင်း သူမ မရင်းနှီးသည့် အနံ့အသက်တို့ စုပြုံဝင်လာ၏။ မျက်လုံးတို့ ဖွင့်ကြည့်လိုက်သည်။ မှောင်မဲနေ၏။ “ငါ သေသွားပြီလား . . . မဟုတ်သေးပါဘူး” အိပဲ့အိပဲ့နှင့် လှုပ်ရှားသွားလာနေသော တစ်စုံတစ်ခုပေါ်တွင် သူမ ရောက်နေမှန်းတော့ ခံစားမိလိုက်သည်။ “ကလောက် . . . ကလောက် . . . ကလောက်” ရှေ့ခပ်လှမ်းလှမ်းမှ စည်းချက်ညီညီ လှုပ်ယမ်းနေသော . […]

The Sheronies of Tavoy – ထားဝယ်နှင်းဆီ

Dawei Watch

July 11, 2024

[အခန်း – ၄] ၁၉၃၆ ခုနှစ်။ ရန်ကုန်မြို့၊ ဘီအေအေအားကစားပြိုင်ကွင်းကြီး။ မြန်မာပြည် ဘီအေအေ စီနီယာတန်းချန်ပီယံ ရန်ကုန်တက္ကသိုလ်လက်ရွေးစင်ဘောလုံးအသင်းမှ အသင်းကပ္ပတိန်စောဘယ်လီ က တိုက်စစ်မှူးကံညွန့် ထံသို့ ဖြတ်တင်ဘောပေးလိုက်သည်။ Arsenal Fusiliers အသင်း၏ နောက်တန်းကစားသမားများဖြစ်သော Reg James နှင့် George တို့နှစ်ယောက်ရှေ့တွင် ရောက်နေသော ကံညွန့်က လေထဲမှ ဘောလုံးကို အရှိန်ဖြင့် ရှပ်ကန်လိုက်၏။ ဘောလုံးက ဂိုးဘယ်ဘက်တိုင်သို့ ဦးတည်နေရာမှ ဝှေ့သွားပြီ ဂိုးညာဘက်သို့ ဝင်သွားသည်။ Arsenal Fusiliers ဂိုးသမား Alex Hill မည်သို့မျှ မတတ်နိုင်တော့။ The Burma Athletics Association-BAA ဘောလုံးကွင်း၏ နောက်ဘက်ပွဲကြည့်စင်နှင့် အနောက်ဘက် ပွဲကြည့်စင်နှစ်ခုလုံးမှ ပရိသတ်ကြီးက ဝုန်းခနဲ ထအော်လိုက်ကြသည်။ […]

The Sheronies of Tavoy – ထားဝယ်နှင်းဆီ

Dawei Watch

July 9, 2024

[အခန်း – ၃] အမျိုးသမီး(၇) ဦး၊ အမျိုးသား(၂) ဦး ကလေး(၂) ဦး။ စုစုပေါင်း (၁၁) ဦး။ “မင်းတို့ကိုနောက်ဆုံးအခွင့်အရေးပေးမယ် . . . ကျော်တင့် တို့ရဲ့ ဌာနချုပ်စခန်းနေရာကို သိတဲ့သူကို ငါတို့ မသတ်ဘူး . . . မြို့ပေါ်ကို ခေါ်သွားပြီး တရားစွဲမယ် . . . အနည်းဆုံးထောင်နှစ်နှစ်ကျပြီးရင် ပြန်လွှတ်ပေးမယ် . . . မဟုတ်ရင်တော့ . . . မြို့ပေါ်မှာ ကွန်မြူနစ်မရှားဘူး။ တောထဲက ကွန်မြူနစ်တွေ မြို့ပေါ်ခေါ်လာစရာမလိုအပ်ဘူး.တောထဲက ကိစ္စကို တောထဲမှာ ရှင်းခဲ့ဆိုတဲ့ အမိန့်ကို အထက်ကနေ ငါတို့ရထားပြီးသားပဲ . . . မင်းတို့ဟာ […]

The Sheronies of Tavoy – ထားဝယ်နှင်းဆီ

Dawei Watch

July 7, 2024

[အခန်း – ၂] ၁၉၅၈ ခုနှစ်။ ဩဂုတ်လ ၂၂ ရက်။ Pan American လေကြောင်းလိုင်းတံဆိပ်ပါ ဂျက်လေယာဉ်သည် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် အတွင်းသို့ ဆိုက်ရောက်လာ၏။ “ဟိုးမှာ သူပဲ” ဗိုလ်ကြီးဒေါ်ရင်မေ က သူမ၏ ဘေးနားမှ ဒုဗိုလ် မအေးမြင့် ကို လက်ညှိးထိုးပြလိုက်သည်။ လေယာဉ်လှေကားပေါ်မှ ဆင်းလာသော အရပ်မြင့်မြင့်၊ အသားညိုညို၊ ကျစ်ကျစ်လစ်လစ်ခန္ဓာကိုယ်ပိုင်ရှင် အသက် ၂၅ အရွယ် အမျိုးသမီးဆီသို့ ဒုဗိုလ်မအေးမြင့်နှင့် ယာဉ်မောင်းတပ်ကြပ်တို့က ခပ်သွက်သွက်လျှောက်သွားကြ၏။ အမျိုးသမီးကလည်း လက်ဆွဲအိတ်ငယ်ကို ဆွဲလျက် သူတို့ဆီသို့ တည့်တည့်မတ်မတ်လျှောက်လာသည်။ နဖူးကိုအပြောင်သိမ်းကာ ထုံးဖွဲ့ထားသည့် မြန်မာဆံထုံး၊ အမေရိကန်ကြည်းတပ်အရာရှိများ ဝတ်လေ့ရှိသည့် အနက်ရောင်အပေါ်ထပ် ကုတ်အင်္ကျီ၊ ခေါက်ရိုးကျနေသောစတိုင်ဘောင်းဘီတို့ကို ဝတ်ထားသော ထိုအမျိုးသမီးကို ဒုဗိုလ်မအေးမြင့် ငေးကြည့်နေမိသည်။ […]

The Sheroines of Tavoy – ထားဝယ်နှင်းဆီ

Dawei Watch

July 5, 2024

[အခန်း – ၁] ၁၉၅၅ ခုနှစ်။ ထားဝယ်ခရိုင်။ သရက်ချောင်းမြို့နယ်။ သံခွချောင်းဖျား။ ဇွန်လမိုးသည် မုတ်သုံသစ်တောအုပ်စိမ်းညို့ညို့ပေါ်သို့ တစိမ့်စိမ့်။ “စုစုသား ဖယ်သူဆို ဒေါန်းတောန်မိုဆို၊ မငိုပါန စုစုသား၊ ဒါန်းတော့န်မိုအငုမ်သား တောကြောန်ကီး၊ လာပီဆို၊ ဗွီးတံကတို၊ မငိုပါန စုစုသား၊ တောကြောန်ကိုလ ကလားကီးစား” မိုးဖွဲဖွဲကြား ထားဝယ်သားချော့သီချင်းကို အော်ဟစ်ဆိုလာသည့် ကလေးငယ်တစ်စု။ သူတို့လက်ထဲရှိ ခမောက်များထဲတွင်လည်း မိုးရာသီထွက် ဟင်းအတို့အမြုပ်စားစရာ အသီးအရွက် ပေါင်းစုံ။ တောထဲတွင် အလေ့ကျပေါက်သည့် တညှင်ရွက် ခေါ် လန်ကော်ဝှက်၊ ကျောက်ပိန်း၊ ကျီးဥ၊ မျှစ် တို့ကို တောတွင်း နေရာအနှံမှ ခူးယူလာကြခြင်းပင်။ “ဟေ့ . . . ကျားတွေ ဆင်တွေအကြောင်း မဆိုကြပါနဲ့လား . . […]

ထားဝယ်နှင်းဆီ

Dawei Watch

July 4, 2024

စစ်ပွဲထဲက ဇာတ်လမ်း တစ်ပုဒ်ပါပဲ။ ခက်ဇော် ရဲ့ ဟန်အတိုင်း တကယ်ဖြစ်ပျက်ခဲ့တဲ့ သမိုင်းကျောရိုးပေါ်အခြေခံပြီး တကယ်ရှိတဲ့ ဇာတ်ကောင်များရယ်၊ စိတ်ကူးယဉ်ဇာတ်ကောင်အချို့ ပေါင်းစပ်ဖန်တီးထားတဲ့ ဝတ္ထုအမျိုးအစားပါ။ ဟိုမိုဆေးပီးယန်းခေတ်ကနေ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်အထိ လူသားဖြစ်တည်မှုသမိုင်းနဲ့အတူ မျိုးစုံသောစစ်ပွဲတွေဟာ ကျွဲကူးရေပါခဲ့ကြတယ်။ အမဲလိုက်ကြသူချင်းဖြစ်ကြတဲ့စစ်ပွဲမှသည်၊ ဘာသာရေး၊လူမျိုးရေး စစ်ပွဲတွေထောင်ချီ။ ဖိနှိပ်သူနဲ့ တော်လှန်သူကြားက စစ်ပွဲတွေကလည်း ဒုနဲ့ဒေး။ စစ်ပွဲအများစုဟာ စစ်နိုင်သူယောက်ျားတွေကိုသာ မှတ်တမ်းအဖြစ်၊ ဇာတ်လမ်းအဖြစ် အမွှန်းတင်အသားပေးခဲ့ကြတယ်။ တကယ်တမ်း စစ်ပွဲတခုရဲ့နောက်ကွယ်မှာ နာကြင်ထိခိုက်ခဲ့ရ၊ ပေးဆပ်ရင်းနှီးခဲ့ရတဲ့အထဲ အမျိုးသမီးတွေရဲ့ ကဏ္ဍကို ပေါ်ပေါ်လွင်လွင်ဖော်ပြခဲ့တဲ့ ဝတ္ထုတွေဟာ နည်းပါးပါတယ်။ ဒီဝတ္ထုကတော့ ကိုလိုနီခေတ်မြန်မာနိုင်ငံကနေ စစ်အာဏာရှင်ခေတ်အထိ ရုန်းကန်လှုပ်ရှားခဲ့တဲ့ အမျိုးသမီးအဖွဲ့အစည်းတစ်ခုရဲ့..သမိုင်းမှတ်တမ်းပေါ် အခြေခံထားပါတယ်။ “ထားဝယ်အမျိုးသမီးသမဂ္ဂ”ရဲ့ သမိုင်းနောက်ခံဝတ္ထုလို့ ပြောရမှာပါပဲ။ တော်လှန်ရေးအဆက်ဆက် အမေ့ခံဒေသဖြစ်ခဲ့တဲ့ ထားဝယ်ဒေသရဲ့ လူသိနည်းတဲ့ သမိုင်းတွေ၊ ပုန်ကန်မှုအရေးအခင်းတွေ၊ ပြည်တွင်းစစ်၊ […]

ပြန်မလာတော့ဘူး ဆိုပေမဲ့

Dawei Watch

June 21, 2024

ပင်လယ်ပြင်ကို ငေးရင်း ‘ဟင်း’ခနဲ ချလိုက်တဲ့ သက်ပြင်းနဲ့အတူ ဇာတိကိုလွမ်းစိတ်ဟာ သူ့ရင်ဘက်ထဲမှာ ငြိမ်ကျသွားပါတယ်။ ပင်လယ်သားတစ်ယောက် ပင်လယ်ကို အချိန်ကြာကြာ ငေးကြည့်နေတာက ကမ်းခြေကို အပန်းဖြေလာကြတဲ့ အရပ်တစ်ပါးကလူတွေနဲ့ မတူတဲ့ ခံစားမှုနဲ့ပါ။ စိတ်တွေဟာ လွန်ခဲ့တဲ့ ၂၅ နှစ်၊ ပင်လယ်ထဲက သူ့အတိတ်ဆီ။ အခု သူရောက်နေတာက ထိုင်းနိုင်ငံတောင်ပိုင်းက ပင်လယ်ပြင်။ နောက်တစ်မျိုးပြောရရင် တစ်ချိန်က မုန်းတီးစွာ ‘တာ့တာ’ပြခဲ့တဲ့ ပင်လယ်ပြင်။ ဒီနေရာမှာ သူ့ခြေရာတွေကို သူ ပြန်တွေ့နေရတယ်။ တချို့အရာတွေက ခေတ်စနစ်တွေနဲ့အတူ ပြောင်းလဲသွားကြပြီ။ တချို့နေရာတွေကတော့ အတိတ်ပုံရိပ်တွေ ထင်ကျန်နေဆဲ။ အဲဒါတွေကိုမြင်တိုင်း ‘အဲဒီတုန်းကပေါ့’ ဆိုတဲ့ ခံစားမှုဟာ သူ့စိတ်ထဲကို ဝင်လာစမြဲ။ “ခါးသီးမှုတွေ၊ အနိုင်ကျင့်မှုတွေ အများကြီးကြုံခဲ့ရတယ်” လို့ ပြောရင်း ဘီယာဘူးကို နှုတ်ခမ်းမှာ […]