BREAKING
September 19, 2024

ရသ

နှာခေါင်းစည်းဖြင့် စက်ဘီးစီးခြင်း

diz_admin

October 4, 2020

စက်ဘီးသည် ကတ္တရာလမ်းတစ်လျှောက် မှန်မှန်ကလေးပြေးနေပါသည်။ ဘေးဘီအား ကြည့်လိုက်လျှင် တောင်စွယ်တောင်တန်းများ၊ တောအုပ်များကို မြင်နေရ၏။ ထိုအရာများ၏ သည်ဘက်ဆီမှာမူ မြေကွက်လပ်များ။ အားလုံးသည် တရိပ်ရိပ်နှင့် ကျွန်တော့်နောက်ဘက်ဆီသို့ ပြေးလွှားနေကြသည်။ ချောင်းနားဆီသို့ ရောက်လာသောအခါ ဓနိပင်တန်းများကိုလည်း တွေ့ရပြန်သည်။ ချောင်းပေါ်တွင် ဖြန့်ခင်းထားသည့် ကွန်ကရစ်တံတားအား ကျော်ဖြတ် လိုက်ပြီးသောအခါ မြို့အဝင်ဆိုင်းဘုတ်ကို တွေ့ရသည်။ ရှေ့သို့ မျှော်ကြည့်လိုက်လျှင် လမ်း၏တစ်ဘက်တစ်ချက်တွင် ထန်းပင်အစီအရီကိုလည်း တွေ့ရ၏။ မြင်ကွင်းများသည် လတ်လတ်ဆတ်ဆတ်ဖြင့် ရှိနေသည်ကိုတွေ့ရသည့်အခါ စိတ်ချမ်းမြေ့မှုအား ခံစားရပေသော်လည်း သဘာဝတရားကြီးအနေနှင့် ကျွန်တော်တို့လူသားများအပေါ်၌ မည်ကဲ့သို့ သဘောထားများ ရှိနေမည်နည်းဟူ၍ တွေးမိလိုက်လျှင် စိတ်ခံစားမှုသည် အုံ့မှိုင်း၍ သွား၏။ မြို့ထဲသို့ ဝင်တော့မည်ဖြစ်၍ စက်ဘီးကို လမ်းဘေးတွင် ရပ်လိုက်ပြီး ဘောင်းဘီအိတ်ထဲမှ နှာခေါင်းစည်းကို ဆွဲထုတ် လိုက်ပါသည်။ ပြီးလျှင် […]

မြောက်ကျွန်းအသည်း နောက်ဆုံးခွဲ

diz_admin

September 26, 2020

သဂုတ်လ ဆန်းပိုင်း။ညစာစားရန်ပြင်ဆင်နေကြရင်း နယူးဇီလန်ကလာသည့် ရေဒီယိုသတင်း ကြေညာချက်တစ်ခုကို ကြားလိုက်ကြသဖြင့် အားလုံးလိုလိုပင် စိတ်နည်းနည်းစီ ညစ်သွားခဲ့ကြသည်။ နယူးဇီလန်၏ အကြီးဆုံးမြို့ဖြစ်သော အော့ကလန်မြို့တွင် ကိုဗစ်ရောဂါကူးစက်ခံရသူတချို့ရှိလာခဲ့ပြီး ထိုသူများမှာ ပြည်ပခရီးသွား ရာဇဝင်မရှိ၊ ရောဂါပိုးရှိသူနှင့်ထိတွေ့ခဲ့ ခြင်းလည်းမရှိသဖြင့် ဒေသတွင်း ကူးစက်မှုဟု ယူဆရသည်တဲ့။ ရောဂါပိုးတွေ့ရှိသူများမှာလည်း အားလပ်ရက်များတွင် နိုင်ငံအနှံ့ ခရီး ထွက်ခဲ့ကြသည်တဲ့လေ။ ကောင်းရော။ ထိုညက စားခဲ့သောညစာမှာ ဘာအရသာ ရှိမှန်းပင်မသိ။ ညစာစားရင်း ပြောဖြစ်ခဲ့ ကြသည်များကလည်း စိတ်မချမ်းမြေ့စရာ ကိုဗစ်ရောဂါအကြောင်းများသာ။ ညစာစားပြီး၍ အခန်းသို့ပြန်ကာ အလုပ်လုပ်ရန် ကွန်ပျူတာဖွင့်လိုက်မိသည်နှင့် ဝိတိုရိယတက္ကသိုလ်က မိမိတို့ကျောင်းသားများထံ ပို့ထားသော လျှပ်ချောစာတစ် စောင်ရောက်နှင့်နေသည်။ ကိုဗစ်သတိပေးချက်နှင့် တက္ကသိုလ်ပရဝုဏ်အတွင်း လိုက်နာရမည့် စည်းကမ်းများတဲ့။ ဖုန်းထဲသို့လည်း ကိုဗစ်နှင့် ပတ်သက်သည့် သတိပေး သတင်းစကားတချို့ရောက်နှင့် နေသည်။ […]

လူငယ်များ မဲပေးရေးအတွက် သီချင်းဆိုပြိုင်ပွဲ

diz_admin

September 22, 2020

လူငယ်များ မဲလာပေးရေးအတွက် ဦးတည်တဲ့ သီချင်းဆိုပြိုင်ပွဲကို စက်တင်ဘာလ ၁၆ ရက်ကနေ နောက်လ အောက်တိုဘာ ၉ ရက်နေ့အထိ ကျင်းပဖို့ ရှိနေပါတယ်။ The International Foundation for Electoral Systems(IFES) က ဦးဆောင်ကျင်းပနေတာ ဖြစ်ပါတယ်။ အသက် ၁၈ နှစ်ကနေ ၃၅ နှစ် အတွင်း မြန်မာနိုင်ငံတစ်ဝန်းက မည်သူမဆို ဝင်ပြိုင်နိုင်ပါတယ်။ ဒါပေမဲ့ ကိုယ်ပိုင်သံစဉ်သီချင်းဖြစ်ဖို့တော့ လိုပါမယ်။ ဂီတအမျိုးအစားမျိုးစုံ ပါဝင်ယှဉ်ပြိုင် ခွင့်ရှိပါတယ်။ တစ်ခုရှိတာက လာမယ့်ရွေးကောက်ပွဲမှာ လူငယ်တွေ မဲသွားပေးဖို့ အားပေးတာနဲ့ ဒီမိုကရေစီစနစ်မှာ လူငယ်တွေရဲ့ ဆန္ဒမဲဟာ ဘယ်လောက် အရေးကြီးတယ်ဆိုတာတွေကို သီချင်းစာသားထဲမှာ ပေါ်လွင်အောင် ထည့်သွင်းရေးဖွဲ့ဖို့ လိုတယ်လို့ အစီအစဉ်ကို ဦးဆောင်သူတွေက စည်းကမ်းသတ်မှတ် ထားပါတယ်။ […]

လိပ်ပြာလေးတွေက ပေးသောအတွေးများ

diz_admin

September 18, 2020

မိုးရွာထားပြီးခါစအချိန်မို့ နည်းနည်းလေး စိုထိုင်းထိုင်းနိုင်ပေမဲ့ မြင်ကွင်းတစ်ခုလုံးက ရေဆေးထားသလို သစ်လွင် တောက်ပနေတယ်။ အိမ်အနီးဝန်းကျင် တစ်ဝိုက်မှာ ပွင့်နေတဲ့ရောင်စုံပန်းလေးတွေက သူ့အရောင်အဆင်းနဲ့သူ၊ သူ့ အလှနဲ့သူ ပွင့်လို့။ အနီရောင်၊ အဖြူရောင်၊ ခရမ်းရောင်၊ ဗေဒါရောင် သူ့အမျိုးအစားနဲ့သူ အရောင်အမျိုးမျိုးနဲ့။ ခြံဝိုင်းထဲမှာ ပန်းပင်တွေအပြင် ဟင်းသီး ဟင်းရွက်တွေလည်း စိုက်ထားတာမို့ အစိမ်းရောင်က ပိုကဲနေတော့တယ်။ သည်းသည်းထန်ထန်မဟုတ်ဘဲ ဖွဲဖွဲလေး ရွာထားတဲ့မိုးကြောင့် ပန်းပွင့်တွေရဲ့ ပွင့်ချပ်တွေ ကြွေကျသွားတာမျိုး မရှိဘဲ ပန်းပွင့်တွေရဲ့ လတ်ဆတ်လှပမှုက ပိုပြီးရုပ်လုံးကြွနေခဲ့တယ်။ ပန်းပင် တွေကြားမှာ ဟိုဟိုဒီဒီ ပျံဝဲနေကြတဲ့ ရောင်စုံ လိပ်ပြာလေးတွေကို ငေးရင်း အတွေးတို့က ဟိုတစ်စ ဒီတစ်စ ဝဲလွင့်နေပြန်ပါပြီ။ အိမ်အနီးတစ်ဝိုက်မှာ ပန်းပင်တွေ အပြင် ဟင်းသီးဟင်းရွက်မျိုးစုံ စိုက်ပျိုးထားတော့ ဒီနှစ်မိုးရာသီမှာ အရင်နှစ် […]

ကီဝီတောက ဘောဂတွင်းများ

diz_admin

September 11, 2020

ရိုးတံကျဲကျဲ ခြောက်ခြောက်ကပ်ကပ် အပင်တွေမှာ ပုရစ်ဖူးကလေးတွေ၊ ပန်းအဖူးအငုံတွေ ပြန်တွေ့လာရပြီ။ အပင်တချို့ကဆို ပန်းပွင့်လေးတွေ ဝေဝေဆာဆာ ငွားငွားစွင့်စွင့် ပြန်လည်ဖူးပွင့်လို့။ ဒါဟာ မကြာခင် ဆောင်းကုန်တော့မယ့် နိမိတ်ပဲရယ်လို့ ကျွန်တော်တွေးနေ ခဲ့မိတယ်။ ကျွန်တော့်အိမ်ရှေ့ ဝိတိုရိယတောင်ကြီးပေါ်က ထင်းရှူးတောအုပ်ကြီးကတော့ ဆောင်းတွင်းတစ်လျှောက် ကျေးငှက်သာရကာ မြူးသံ သိပ်မကြားရဘဲ မိုးစက်တွေအောက်မှာ ငြိမ်ချက်သား ကောင်းလွန်းနေခဲ့တယ်။ လွန်ခဲ့တဲ့ ဇူလိုင်လနဲ့ သြဂုတ်လဆန်းတွေမှာ နယူးဇီလန် ရဲ့ဆောင်းဟာ ကြမ်းကြမ်းတမ်းတမ်း ရှိခဲ့တယ်လို့ဆိုရမယ်။ အေးစက်လွန်းလို့ အပင်တွေမှာ ပန်းပွင့်တွေ၊ အရွက်တွေ၊ အသီးတွေဟာ ငြိမ်ကုပ်နေရရှာတယ်။ ဆောင်းတွင်းမှာ သီးနှံတချို့ မထွက်နိုင် တာမို့ အသီးအရွက် တချို့ရဲ့ဈေးဟာ ခေါင်ခိုက်နေခဲ့တယ်။ ရှားနေခဲ့တယ်။ ကိုယ့်ရဲ့ မြို့လေး ဝယ်လင်တန်မှာတော့ လေကထန်ထန်၊ မိုးကသည်းသည်းနဲ့ နေ့တာကတိုတို နေရောင်ကို […]