အရ၊ အလျော့ ရခြင်းနှင့် လျော့ခြင်း
diz_admin
February 5, 2021ချဲ့၍ ဆိုရသော် ကိုယ့်တွင် ရရှိ လာခြင်းနှင့် ကိုယ်ထံမှ ယုတ်လျော့ သွားခြင်းဖြစ်သည်။ သတ္တဝါဟူသမျှတို့ ၏ သဘာဝမှာ ကိုယ်က ရလျှင် ဝမ်းသာတတ်၊ ကျေနပ်တတ်ကြပြီး ကိုယ့်ဆီက လျော့သွားလျှင်မူ ဝမ်းနည်းတတ်၊ နှမြော တတ်ကြပါသည်။ ကိုယ်က ရလိုက်လေ ခြင်းဟု ခံစားမိပြီး အပျော်ကြီးပျော်ကြသူ တို့ကို တွေ့ဖူးပါလိမ့်မည်။ ထို့အတူ ကိုယ်က ပေးလိုက်ရလေခြင်းဟူ၍ တအုံ့ နွေးနွေးနှင့် စုတ်တသပ်သပ်ဖြစ်နေသူတို့ လည်း ရှိပါ၏။ ကျွန်တော်တို့သည် အချိန်နှင့်အမျှ တစ်ခုခုကို သိရန်ကိုသာ အားထုတ်နေ ကြသူများ ဖြစ်သည်။ သို့မဟုတ် တစ်ခုခုကို ရရှိရန် လုံးပမ်းနေကြသည်။ ထိုအချိန် မှာပင် ကျွန်တော်တို့ထံမှ ယုတ်လျော့သွားရမှုများလည်း အခြားတစ်ဖက်တွင် တစ်ပြိုင်နက်တည်း ဖြစ်ပေါ်နေပါသည်။ အမှန်တွင်မူ ရခြင်းနှင့် […]