အမှောင်ထဲမှ မင်းသားများ (၁၉၇၀)
diz_admin
November 8, 2022အခန်း(၁၃) “ကိုကြယ်နီ..ခင်ဗျား..ဘာလာလုပ်တာလဲ” “ငါ မင်းကို လမ်းကြုံတုန်း ဝင်သတ်မလို့ လာတာ….ကြေးမုံ” “ခင်ဗျားကို ကျွန်တော် သတ်ပြီးပြီလေ..ခင်ဗျား မသေဘူးလား” “အေး..ငါလည်း မသေဘူးကွ..” “ဟာ..အကိုကြီး ကိုကျော်ဝင်း” “အေး…ငါ့ကို သေနတ်နဲ့ တေ့ပစ်တဲ့ကောင်..မင်းအခုတော့ ငါရှိတဲ့နေရာ ရောက်လာပြီ..ကလဲ့စားချေမလို့ ငါလာတာ” “ခင်ဗျားတို့ မသေတော့လည်း ကျွန်တော်က ထပ်သတ်ရသေးတာပေါ့” “ကြေးမုံ..ကြေးမုံ..ကြေးမုံ” အတင်းလှုပ်နိုးသံကြောင့် ကြေးမုံ အိပ်မက်မှ လန့်နိုးလာသည်။ မျက်လုံးကို ဖွင့်ကြည့်လိုက်သည်။ “ကိုရေခဲ” “ကြေးမုံ..မင်းအခု ငါနဲ့လိုက်ခဲ့မှရမယ်..အရေးကြီးတယ်” “ဘာဖြစ်လို့လဲဗျ” ရေခဲက ကြေးမုံ၏ လက်တွင် ချိတ်ထားသော သွေးပုလင်းကို ဆွဲဖြုတ်ဖို့ကြိုးစားသည်။ “အား..နာတယ်ဗျ..ဘာဖြစ်လို့လဲ..ကိုရေခဲ” “မင်း ကျော်ဝင်းကြီးကို သတ်လိုက်တာ ရဲက ခြေရာခံမိသွားပြီ..ရဲတွေ မင်းဆီကို ရောက်မလာခင် အီဆာတို့ အုပ်စုက မင်းကို ဆေးရုံပေါ်မှာ တက်သတ်ဖို့ […]