အမှောင်ထဲမှ မင်းသားများ (၁၉၇၀)
diz_admin
November 18, 2022အခန်း(၂၃) “ဗိုလ်မှူးကြီးကတော့ အတော်စိတ်ဆိုးနေတယ်…ကျောင်းသားတွေက ဆူဖို့ပူဖို့လုပ်နေရတဲ့အထဲ မြို့လယ်ခေါင်မှာ ဒီလိုရိုက်ပွဲသတ်ပွဲတွေဖြစ်နေတာမျိုးကို သူလုံးဝလက်မခံဘူးတဲ့..မင်းဒါလေးတောင် နိုင်အောင်မထိန်းနိုင်ဘူးလား..မိုးကျော်” စစ်သုံးဂျစ်ကားပေါ်တွင် ထိုင်နေသော ဗိုလ်မှူးဘိုနီ ၏ လေသံက တင်းမာလှသည်။ “စိန်ဂေါ်လီ လမ်းသရဲလေးတွေပါ..ကျွန်တော်ရှင်းပါ့မယ်” “အခု ပါတီဘက်က ကိုတင်ဝင်းညို တို့ကလည်း ဒီပြဿနာကို အတော်လေး ပြောဆိုနေကြတယ်…လမ်းသရဲတွေကို အပြတ်ရှင်းပစ်ဖို့ သူတို့ဆွေးနွေးနေကြတယ်…လမ်းသရဲတွေကို ပြည်သူက သတ်ရင် အရေးမယူဘူးတို့ဘာတို့တောင် ပြောနေကြပြီ.. ငါတို့ကိုင်တွယ်တာ ညံ့လို့ သူတို့ဝင်ပါရတယ်ဆိုတဲ့သဘောမျိုးပေါ့ကွာ..အဘိုးကြီးနားကို ဒီသတင်းရောက်သွားရင်..ဗိုလ်မှူးကြီးလည်းအပြောအဆိုခံရမှာ…အဲ့ဒီကျ..မင်းလည်းသွားပြီသာမှတ်..ဟေ့ကောင်” “ချာတိတ်တွေပါ..ကျွန်တော် ကိုင်တွယ်ပါ့မယ်” “အေး…မင်းစောက်သုံးမကျရင် စောက်သုံးကျတဲ့ကောင်ကို ငါတို့ သုံးရလိမ့်မယ်..ပြီးတော့.လမ်းသရဲတွေရော..မင်းဖာဂေါင်းတွေကိုလည်း လမ်းပေါ်မှာ လားလား လားလား မမြင်ချင်တော့ဘူး..ဟုတ်ပြီလား” ဂျစ်ကားက စက်နှိုးကာ ဝေါခနဲ မောင်းထွက်သွား၏။ မိုးကျော် နဘေးနားသို့ အီဆာနှင့် အီဆတ်တို့ ရောက်လာကြသည်။ “မင်းတို့ ကြားတယ်မဟုတ်လား…စောက်ဗိုလ်စုတ်က ငါ့ကို […]